New Artical

ပျော်ရွှင်ကျန်းမာ ဆယ်ကျော်သက်တို့ကမ္ဘာ

ပျော်ရွှင်ကျန်းမာ ဆယ်ကျော်သက်တို့ကမ္ဘာ

 


မိဘတွေက ကိုယ့်သားသမီးတွေရဲ့ မူးယစ်ဆေးဝါးအန္တရာယ်အပေါ် ကိုင်တွယ်နည်း

တချို့သော မိဘတွေဟာ ကိုယ့်သားသမီးကိုချစ်တဲ့ဇောနဲ့ မူးယစ် ဆေးဝါးသုံးစွဲမှာကို စိုးရိမ်လွန်ပြီး တင်းကြပ်တဲ့ အတွေးအခေါ်မှားတွေနဲ့ မပြည့်စုံမလုံလောက်တဲ့ ဗဟုသုတတွေနဲ့ ကိုယ့်သားသမီးတွေကို ကိုင် တွယ်ဖြေရှင်းတတ်ပါတယ်။ တင်းကြပ်တိုင်းကောင်းတာမဟုတ်ပါ။ ဒါကြောင့်တကယ်ပဲ ကိုယ့်သားသမီးတွေကို မူးယစ်ဆေးဝါးရဲ့အန္တရာယ်က ကင်းဝေးစေချင်ရင် တင်းတင်းကြပ်ကြပ်ကိုင်တွယ်မည့်အစား ကိုယ့်သား သမီးတွေကို ဘယ်လိုဖေးမကူညီရမလဲဆိုတာ-
မူးယစ်ဆေးဝါးအန္တရာယ်နဲ့ ပတ်သက်ပြီး ဗဟုသုတ ပိုတိုးပွားလာစေဖို့ ကိုယ့်ကလေးတွေယူပြလာတဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ကျောင်းကျန်း မာရေး ပညာပေးစာစောင်၊ စာအုပ်တွေကို အချိန်ပေးပြီး သေချာဖတ်ရှုပါ။ သက်ဆိုင်ရာ ကျန်းမာရေးပညာပေးဌာနက ထုတ်ဝေထားတဲ့ မူးယစ် ဆေးဝါး အန္တရာယ်နဲ့ ပတ်သက်တဲ့စာအုပ်၊စာတမ်း၊စာစောင်တွေကိုလည်း သေချာဖတ်ရှုပါ။ ဒါမှမူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အသိပညာဗဟုသုတ အများ အပြားရရှိမှာ ဖြစ်ပါတယ်။
ကိုယ့်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဗဟုသုတ ရှိလာပြီ ဆိုရင် ကိုယ့်သားသမီးတွေကို လည်း ဗဟုသုတ အသိအမြင် များလာစေဖို့ မိမိလေ့လာခဲ့တာ တွေကို တစ်ဆင့် ပြန်လည် ရှင်းပြ၊ ပြောပြ၊ ကိုယ်ဖတ်ခဲ့တဲ့စာအုပ်၊ စာစောင်တွေကို ပေးဖတ်ပါ။
ကိုယ့်သားသမီးကို မူးယစ် ဆေးအန္တရာယ် တကယ်မရှိစေ ချင်ဘူးဆိုရင် မိမိကိုယ်တိုင်ကလည်း မူးယစ်ဆေးတွေနဲ့ ကင်း ကင်းနေပြဖို့လိုပါတယ်။ ဥပမာအားဖြင့် မိမိက သားသမီးတွေ ရှေ့မှာ အရက်၊ ဆေးလိပ်၊ ဆေးခြောက်၊ ဆေးပြားတွေ သောက်ပြနေပြီး ကလေးတွေ ကို မူးယစ်ဆေး မသုံးဖို့ဆုံးမတာဟာ နည်းလမ်းမကျပါ။ ကိုယ့် သားသမီးတွေကို တင်းကြပ်တဲ့ စည်းကမ်းနဲ့ မအုပ်ချုပ်ပါနဲ့။
အကယ်၍ သားသမီး တွေအတွက် မူးယစ်ဆေးဝါး ပြဿနာနဲ့ပတ်သက်ပြီး အကူအညီ လိုအပ်လာလျှင် ဘယ်နေရာ၊ ဘယ်ဌာနကို အကူအညီတောင်းခံ ရမယ်ဆိုတာ သိထားရမှာ ဖြစ်ပါ တယ်။

 

ကိုယ့်သူငယ်ချင်းတစ်ယောက်မူးယစ်ဆေး သုံးလွန်ခဲ့သော်

မူးယစ်ဆေးလို့ဆိုရာ၌ ဘိန်းဖြူ၊ ဘိန်းညိုတို့သာမကအရက်၊ ကစော်၊ ဆေးပြားကအစ ပါဝင်ပါတယ်။ မူး ယစ်ဆေးတွေရဲ့ နောက်ဆက်တွဲ အန္တရာယ်တွေဆိုတာ ဘယ်သူမျှ ကြိုတင်မခန့်မှန်းနိုင်ကြပါ။ တူညီ တဲ့ မူးယစ်ဆေးတစ်မျိုးတည်းကပင် လူအမျိုးမျိုးအပေါ်မှာ အန္တရာယ် အမျိုးမျိုးပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးသုံးစွဲမှု လွန်သွားခဲ့ရင် သတိလစ်သွားပြီး အသက် အန္တရာယ်ရှိတဲ့ အဆင့်အထိ အန္တရာယ်ကြီးတတ်ပါတယ်။ ဒါမှမဟုတ် မူးယစ်ဆေးတစ်မျိုးမျိုး သုံး ထားတဲ့ သူငယ်ချင်းတစ်ယောက် ယောက်ဟာ ကိုယ်အပူချိန်တွေ တက်လာမယ်၊ အိပ်ငိုက်လာမယ်၊ ထင်ယောင်ထင်မှား အာရုံတွေမြင် ကြား ခံစားလာရမယ်စတာတွေ ဖြစ်လာမယ်ဆိုရင် မူးယစ်ဆေး သုံးစွဲလွန်မှုအခြေအနေဖြစ်လာပြီ လို့ ဆိုရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ သူငယ်ချင်းတစ်ယောက်မူးယစ်ဆေး လွန်မှုဖြစ်နေပြီဆိုရင် အဲဒီအခြေ အနေဟာ သင့်ကို စိုးရိမ် ထိတ်လန့် စေရုံလောက်သာပဲ ဖြစ်စေပေမဲ့ သူ့အတွက်ကတော့ တကယ့်ကို အသက်အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် အသက် အန္တရာယ်နဲ့ ရင်ဆိုင်နေရမဲ့ သင့်သူငယ်ချင်းရဲ့ အသက်ကို အချိန်မီ ကယ်တင်နိုင်ဖို့အတွက် အချိန်မီအရေးပေါ် အသက်ကယ် ကုသပေးရမှာဖြစ်ပါတယ်။ ဒါ ကြောင့် ကိုယ့်သူငယ်ချင်းတစ်ဦး မူးယစ်ဆေး သုံးလွန်တဲ့အခါ ဘာ တွေလုပ်ရမယ်ဆိုတာကို ဆယ် ကျော်သက်လမ်းညွှန် တစ်ခုအဖြစ် ပြောပြရမယ်ဆိုရင်-
(၁) ကိုယ့်ဘေးနားက သူငယ်ချင်း ခံစားနေရတဲ့ဝေဒနာဟာ မူးယစ် ဆေး သုံးလွန်လို့ ဖြစ်ရတယ်လို့ သံသယဖြစ်ရင် တခြားသူတွေကို အကူအညီ လှမ်းတောင်းဖို့ လက် မနှေးပါနဲ့။ မိမိကို အမှုပတ်မှာစိုးပြီး၊ စိုးရိမ်ကြောက်ရွံ့မှု လွန်ကဲမှုတွေ မဖြစ်ဖို့ လိုပါတယ်။
(၂) ပျော်ပွဲစားရုံ၊ ကလပ်ခန်းမတွေ ထဲမှာဖြစ်ခဲ့ရင် သက်ဆိုင်ရာ တာ ဝန်ရှိ အစောင့်တွေကိုလှမ်းခေါ်ပါ။ ဒါမှမဟုတ်အနီးအနားပတ်ဝန်းကျင် ကလူတွေထဲမှရှေးဦးသူနာပြုစုနည်း တတ်ကျွမ်းသူတွေကို အော်ဟစ် ခေါ်ယူပြီး အကူအညီ တောင်းပါ။
(၃) အကယ်၍ ကလပ်ခန်းမတွေ မဟုတ်ဘဲ တစ်နေရာရာမှာဖြစ်ပါ က နီးစပ်ရာဆေးရုံ၊ ဆေးခန်းက အရေးပေါ်သူနာပြုယာဉ်ကိုဖုန်းနှင့် ဆက်သွယ်ခေါ်ယူပါ။ မိမိသူငယ် ချင်းကို ပြုစုနေရပါက အခြားသူ တစ်ဦးကို အကူအညီတောင်း၍ သူနာပြုယာဉ်ကို ဖုန်းဆက်ခေါ်ယူပါ။

T & K

No comments