New Artical

ကျန်းမာတဲ့ နှလုံးသားနဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ် (ပျော်ရွှင်ကျန်းမာဆယ်ကျော်သက်တို့ကမ္ဘာ)

 


လူငယ်အရွယ်ပဲရှိသေးလို့ နှလုံးကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် စောသေးတယ်ဆိုတာ ဘယ်တော့မျှ မရှိပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အထွေထွေကျန်းမာရေး ကြံ့ခိုင်သန်စွမ်းမှု မြှင့်တင်ရေး အတွက် ယခုအရွယ်ကတည်းကစတင်ပြီး အရေးယူဆောင်ရွက်ပါ။ ခန္ဓာကိုယ်အလေးချိန်ကို ဒီအရွယ်ကတည်းကစတင် ထိန်းချုပ်သွားမယ်ဆိုရင် အသက်ကြီးလာတဲ့ဘဝရဲ့ နောက်ပိုင်းအချိန် တွေမှာ ကျန်းမာရေးပြဿနာ အနည်းငယ်မျှသာ ကြုံတွေ့ရပါလိမ့်မယ်။
ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ကယ်လိုရီစွမ်းအင်များကို တိုက်ရိုက်လောင်ကျွမ်းအသုံးပြု လိုက်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်း ကယ်လိုရီစွမ်းအင် မျှချေအနေအထားကို ထိန်းသိမ်းပေးနိုင်စွမ်းရှိရုံ သာမက ခန္ဓာကိုယ် ဇီဝတွင်းဖြစ်စဉ် (BMR) ကိုလည်း တိုက်ရိုက်ပြုပြင်ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စေရုံသာမက ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လှပနေစေရန် တစ်ပတ် လျှင် (၄)ရက်၊ တစ်ရက်နာရီဝက်ကြာ ကာယလေ့ကျင့်ခန်းပုံစံ ပြုလုပ်ပေးဖို့ လိုပါတယ်။ ဒီလိုလုပ်ခြင်း ဖြင့် ကြွက်သားတွေဟာ မာကျောကျစ်လျစ်သန်မာလာပြီး ပိုလျှံနေတဲ့ အဆီတွေ ပျော်ထွက် ပျောက်ပျက်ကုန်မှာ ဖြစ်ပါတယ်။ ကာယလှုပ်ရှားမှု အမြဲရှိနေတဲ့ ကြွက်သားတွေဟာ လှုပ်ရှားမှုမရှိတဲ့ ကြွက်သားတွေရဲ့ အဆီတွေထက် ဇီဝတွင်းဖြစ်စဉ် (BMW) ၂ဆ ပိုရှိပါတယ်။ ဒါကြောင့် ပုံမှန်ကာယ လေ့ကျင့်ခန်းလုပ်သူတွေမှာ နှလုံး၊ အဆုတ်၊ ကြွက်သားတွေ သန်မာလာပြီး ဇီဝတွင်းဖြစ်စဉ်နှုန်းမြန်မှု ကြောင့် ကာယလေ့ကျင့်ခန်း မလုပ်တဲ့နေ့တွေမှာတောင် နဂိုပုံမှန် ကယ်လိုရီလောင်ကျွမ်းနှုန်း ပိုမိုမြင့် မားနေတတ်ပါတယ်။ ဒီအချက်ကြောင့်ပဲ ကာယလေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်အလေးချိန် ထိန်းထားဖို့ နည်းလမ်းတွေထဲမှာ တန်ဖိုးအရှိဆုံး နည်းလမ်းဖြစ်ရခြင်း ဖြစ်ပါတယ်။ သုတေသနရလဒ်တွေ အရလည်း ရေရှည်မှာ ခန္ဓာကိုယ်အလေးချိန် ထိန်းထားနိုင်ဖို့ကိစ္စမှာ ကာယလေ့ကျင့်ခန်းလုပ်ခြင်းသာ လျှင် အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ဆိုကြပါတယ်။
ခန္ဓာကိုယ်မှ အလေးချိန် ဘယ်လောက် လျော့ကျသွားမလဲဆိုတာက နေ့စဉ်ကာယလေ့ကျင့် ခန်း ဘယ်လောက်လုပ်တယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဥပမာအားဖြင့် နေ့စဉ်ကယ်လိုရီ ၂ဝဝဝ လိုအပ်သူတစ်ယောက်ဟာ သူနေ့စဉ် ပုံမှန်စားသောက်နေတဲ့ အစားအစာကနေရတဲ့ ကယ်လိုရီ ၁၅ဝဝ ပဲ စားမယ်ဆိုပါက နေ့စဉ်ကယ်လိုရီ ၅ဝဝ ကို ပုံမှန်လိုအပ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ပတ်အတွက် လိုအပ်တဲ့ ကယ်လိုရီ ၁၅ဝဝ ကို ခန္ဓာကိုယ်အဆီမှ ထုတ်ယူသုံးစွဲမှုကြောင့် အဆီ 0.5kg (တစ်ပေါင်)လောက် လျော့ကျပြီးဖြစ်ပါတယ်။ ဒီထက် (၂)ဆပိုပြီး လျှော့ချချင်တဲ့သူတွေအတွက် ကတော့ သိပ်မပြင်းထန်တဲ့ ကာယလေ့ကျင့်ခန်းလုပ်လိုက်ရုံနဲ့ အဆီတွေ ဒီ့ထက် ပိုမိုလောင်ကျွမ်း လျော့ကျသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရေရှည်မှာ ပိန်ချင်ရင် နေ့စဉ်အစာ အသင့်အတင့်ပဲ စားပြီး ပုံမှန်ကာယလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မြီးကောင်ပေါက်မလေးတွေဖြစ်ချင်တဲ့ မော်ဒယ်လ်မလေးတွေရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခွင့်ရကြမှာ ဧကန်ပင် ဖြစ်ပါသည်။

K

No comments