New Artical

ဟင်းငုတ် (ခေါ်) သခွပ် ပင်၏ ဆေးဘက်ဝင်ပုံ

 

ဟင်းငုတ် (ခေါ်) သခွပ် ပင်၏ ဆေးဘက်ဝင်ပုံ

ဟင်းငုတ်ပင်(ခ)သခွပ်ပွင့်


တစ်နိုင်ငံလုံးပေါက်သည်။ နှစ်ရှည်ပင်ကြီး။ပင်စည်တွင် အခေါက် အပွေးမရွိ။ အရွက်အနည်းငယ်ဝိုင်း။အပွင့်အဖြူရောင်။ပဒိုင်းပွင့်နှင့်တူသည်။

တန်ခူးမှဝါဆိုလအထိပွင့်သည်။အသီးမှာသေးသေးရှည်ရှည်။နှစ်ပေခန့်ရှိ။

ဆေးဘက်ဝင်ဝင်ပုံ

အခေါက်
၁။ မြွေပွေး။မြွေဟောက်ကိုက်ခံရပါကအခေါက်ကိုအမြန်ဝါးစားလိုက်လျှင် အဆိပ်မရှိတော့ပါ။ငန်းတော်ကျား။ငန်း မြွေအပါအဝင်ပါ။

(မြွေပွေးနှင်မြွေဟောက်သာအကိုက်ခံသူရှိ၍ဦးစားပေးဖေါ်ပြရခြင်းပါ)

၂။ အဆိပ်ရှိ သတ္တဝါလေးများကိုက်လျှင်လည်းအခေါက်ဝါးးစားပါ။

၃။ မျက်စေ့နာပါကအခေါက်သွေးပြီးမျက်လုံးကွင်းလိမ်းပါ။မကျည်းခေါက်လိုအပွေးမရှိ။

၄။ ကိုယ်လက်ကိုက်ခဲပါက အခေါက်ပြုတ်ရေ ချိုးပါ။

အပွင့်

၁။ ရှေးကတည်းက ကလေးတွေကိုရောဂါကင်း။ကိုယ်တွင်းအဆိပ်ကင်းသည်ဆိုကာသုပ်ကျွေးသည်

၂။ အပွင့်ကိုရေနွေးဖျောရုံဖြင့်ကျက်သည်။အခြောက်ဆိုရင်ပြုတ်ရသည်။အခြောက် အရောင်မဲနေသည်မှလွဲ၍အရသာမပြောင်းပါ။

၃။ ဘီပိုး။စီပိုး ပျောက်သည်ဆိုကာတော်တော်များများအပွင့်သုပ်စားနေကြသည်။

၄။ ဈေးတွင်ဟင်းရွက်တန်း၌ရောင်းချနေကြပါသည်။တို့စားစရာအဖြစ်လည်းသုံးသည်။

အရွက်

၁။ အရွက်နုကိုဟင်းခါးချက်သောက်ကြသည်။

၂။ ကလေးများရေကျောက်ပေါက်လျှင် အရွက်ပြုတ်တိုက်သည်။

၃။ တကိုယ်လုံးညောင်းညာကိုက်ခဲလျှင်၄င်း။ကလေးများကျန်းမာရေးအတွက်၄င်း။အရွက်ပြုတ်ရေ ဖြင့်ရေချိုးကြသည်။

၄။ ဆိတ်ကို မြွေစိမ်းမြီးခြောက်ကိုက်လျှင် ခေါင်းတခုလုံးရောင်။မျက်လုံးပိတ်။ငါးရက်ခန့်ကြာမှကောင်းသော်လည်း

အရွက်ကျွေးပါကတရက်နှင့်ပျောက်သည်။

အချုပ်အားဖြင့်

မြွေပွေး၊မြွေဟောက်ကိုက်ခံရသူများအခေါက်စားသွားသဖြင့်ဆေးရုံရောက်သည့်အခါအဆိပ်မရှိတော့။

တဦးကလက်သန်းမြွေပွေးကိုက်ရာမြွေပါ

အစွယ်နှင့်ချိတ်ပါလာသည်။သူကတော့ဆေးရုံမသွားတော့ဘဲအခေါက်စား။အရွက်နှင့်စည်းထားခဲ့သည်။ သစ်ကြီးပိ။မြွေကြီးကိုက် ဆိုလျှင်

အန္တရာယ်ကြီးလွန်းသည်။ခြေသလုံးအထက်ကြီးသည့်မြွေအရွယ်ဆိုလိုပါသည်။မြွေကြီးတော့အဆိပ်

အလွန်များတော့ အမြန်ဆုံးအခေါက်ကျွေး

ရန်လိုပါမည်။ရှေးဦးသူနုာပြုနည်းမလုပ်ရ ဟုဆိုလိုခြင်းမဟုတ်ပါ။ အိမ်၊လယ်ယာ အနီးရှိဟင်းငုတ်ပင်များအားခုတ်ခြင်းမပြုဘဲ။နေရာရှိလျှင်စိုက် ထားသင့်သည့်အပင်ဖြစ်ပါသည်။

မိမိတွင်ရုက္ခဗေဒစာအုပ်များမရှိပါ။လက်ရှိအသုံးပြုနေပုံများ။သက်ကြီးစကား ကြားများ။အတွေ့အကြုံ များအားဖေါ်ပြထားခြင်းဖြစ်ပါကြောင်း။

သုတဇုန်

No comments