New Artical

မိမိ ကိုယ်တိုင် သတိမပြုမိသော စိတ်ကျရောဂါများ

 


မိမိသတိမပြုမိသောစိတ်ကျရောဂါများက ဘာတွေလဲဆိုတော့

1.တစ်ယောက်ထဲနေရတာပိုနှစ်သက်လာခြင်း

2.တစ်စုံတစ်ရာပေါ်မှာချက်ချင်းတုံ့ပြန်မှုမြန်ဆန်ခြင်း

3.ညအိပ်ချိန်လျော့နည်းလာခြင်း

4.တစ်ခုခုပေါ်တွင်မလိုအပ်ဘဲနက်နက်နဲနဲခံစားတက်လာခြင်း

5.ဘာမှမဖြစ်သလိုဟန်ဆောင်နေတက်လာခြင်း

6.အရာရာတိုင်းကိုအနိုင်လိုစိတ်များလာခြင်း

7.အဆိုးဆုံအခြေအနေထိကြိုတွေးပြီးထိပ်လန့်နေခြင်း

စိတ်ကျရောဂါဖြစ်ရင် ကြုံရမယ့် လက္ခဏာ ၃ ခု


  • တခါတလေမှာ အိပ်ရာထဲဝင်ခါနီး အချိန်တွေကို ရောက်လာရင် တနေကုန် သင်လုပ်ခဲ့တဲ့ အရာတွေက ဘာမှ မထူးမိပါဘူးလို့ တွေးနေတတ်ပါသလား။

  •  ၂၁ ရာစုဟာ စိတ်ကျရောဂါဖြစ်ပွားမှု အမြင့်မားဆုံးပဲလို့ သိရပါတယ်။ ကမ္ဘာတဝှမ်းမှာ တနှစ်အတွင်း ကိုယ့်ဘာသာအဆုံးစီရင်သူ အယောက် ရှစ်သိန်းထက် မနည်းရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။


  • ကိုယ့်ဘာသာအဆုံးစီရင်သူပြုလုပ်ခြင်းရဲ့ အဓိက တရားခံကတော့ စိတ်ကျရောဂါပါပဲ။ ဒါကြောင့် စိတ်ကျရောဂါဖြစ်ရင် ကြုံရမယ့် လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) စိတ်ဝင်စားမှုလျော့နည်းခြင်း

ကမ္ဘာမှာနေ့စဉ်နဲ့ အမျှ ဖြစ်ပွားနေတဲ့ အသစ်အသစ်သောအရာတွေကို သင် စိတ်ဝင်စားခြင်းမရှိတော့ဘူး ဆိုရင် သင်စိတ်ကျရောဂါဖြစ်စပြုနေပါပြီ။

ဥပမာ တယောက်ယောက်က သင့်ကို မားစ်ဂြိုလ်ပေါ်မှာ လူသားတွေ နေနိုင်တော့မယ် ဆိုတဲ့ စိတ်ဝင်စားစရာ သတင်းကို လာပြီးပြောပြနေရင်တောင်

သင့်ဘက်က ဘာမှ မခံစားရရင်၊ နေ့စဉ်ပြုလုပ်နေကျ အရာတွေထဲက ဘယ်ဟာကမှ သင့်ကို စိတ်ဝင်စားအောင် မလုပ်ပေးနိုင်တော့တာ စတာတွေကို ခံစားရပါလိမ့်မယ်။

(၂) သင့်ကိုယ်သင် ဂရုမစိုက်ခြင်း

လူဆိုတဲ့ အမျိုးက ကိုယ့်ကိုယ်ကို ဂရုအစိုက်ဆုံးပါပဲ။ အဲဒါကိုမှ သင့်က သင့်ကိုယ်သင် ဂရုစိုက်ချင်တဲ့ စိတ်တွေ မဖြစ်တာမျိုးကို ခံစားနေရပါလိမ့်မယ်။

သင့်ရဲ့ အိမ်၊ အခန်း၊ သင့်ရဲ့ ခန္ဓာကိုယ် ကိုတောင်မှ ဂရုမစိုက်ချင်လောက်အောင် ဖြစ်နေပါလိမ့်မယ်။ ဖြစ်သမျှ အရာအားလုံးကို လက်ခံပြီး အရှုံးပေးချင်စိတ်တွေပဲ ကြီးစိုးနေပါလိမ့်မယ်။

(၃) သင့်အလုပ်ကို မုန်းခြင်း

သင်နေ့တိုင်းလုပ်နေရတဲ့ အလုပ်က သင့်ကို မပျော်ရွှင်စေတာတွေကို ခံစားရနိုင်ပြီး ရုံးကိုရောက်တာနဲ့ နာရီတကြည့်ကြည့်နဲ့ ဖြစ်နေတတ်ပါတယ်။

အနားယူရလို့ မဝဖြစ်ပြီး ဘာမှ မလုပ်ပဲ ပင်ပန်းနေတတ်ပါတယ်။ သင့်ဘဝတခုလုံး ဘာအဓိပ္ပာယ်မှ မရှိသလို ခံစားနေရပြီ ဆိုရင်တော့ စိတ်ကျန်းမာရေးဆရာဝန်ကို သွားရောက်ပြသဖို့ လိုပါပြီ။

စိတ်ကျန်းမာရေးဟာ ခန္ဓာကိုယ်ကျန်းမာရေးလိုပဲ အရေးကြီးတဲ့ အတွက် စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ တွေ့ဆုံပြီး သင်ခံစားနေရတွေကို ဖွင့်ပြောတိုင်ပင်ပြီး ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

Ref;mmn

No comments