New Artical

ဆေးလိပ်သောက်သူများရဲ့ အကျင့်ဆိုးများ

 


ဆေးလိပ်သောက်သူများရဲ့ အကျင့်ဆိုးများ


ဆေးလိပ်သောက်သူတို့က သူတို့နဲ့ သူတို့ပတ်ဝန်းကျင်ကလူတွေအတွက်သာ ကျန်းမာရေး အန္တရာယ် ရှိတာ မဟုတ်ပါဘူး။ ဘေးပတ်ဝန်းကျင်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အမူအကျင့်ဆိုးတွေလည်း ရှိတတ် ပါ တယ်။  အဲဒါတွေကတော့........
 
ဆေးလိပ်ပြာခွက်ကို မသန့်ရှင်းခြင်း
ပြာတွေနဲ့ ပြည့်နေတဲ့ ဆေးလိပ်ပြာခွက် အဟောင်းဟာ အလွန်အနံ့ပြင်းထန်လှပါတယ်။ အလုံပိတ်အခန်း ထဲမှာ ထည့်ထားမယ်ဆိုလျှင် တစ်ခန်းလုံး နံဖော်သွားစေပါတယ်။ ဆေးလိပ်ပြာခွက်ကို ဆေးကြောသန့်စင် ဖို့ဆိုတာ ဆေးလိပ်သောက်သူရဲ့ တာဝန်သာ ဖြစ်ပါတယ်။ ဆေးလိပ်ပြာခွက်ကို တစ်ပတ်လျှင် တစ်ကြိမ် သန့်ရှင့်ရေး လုပ်ရင်တောင် မလုံလောက်ပါဘူး။ ပုံမှန် ဆေးကြောပေးသင့်ပါတယ်။
 
ကလေးငယ်ရှိတဲ့နေရာတွေမှာ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်ငွေ့ဟာ ကလေးငယ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ကလေးချီထားတုန်း လက်တစ်ဖက်ကနေ မီး ညှိထားတဲ့ ဆေးလိပ်ကို ကိုထားခြင်းဟာ လုံးဝ လက်မခံနိုင်စရာပါ။ သုတေသနပြုချက်များအရ အိမ်ပြင်ထွက်ပြီး ဆေးလိပ်သောက်သည့်တိုင်အောင် အိမ်တွင်းမှ ကလေးငယ်ကို ထိခိုက်မှုတွေ ဖြစ်နိုင်ပါသေးတယ်တဲ့ ။

ထမင်းစားဝိုင်းတွင် ဆေးလိပ်သောက်ခြင်း
တချို့လူတွေက ထမင်းဝိုင်းမှာ ဆေးလိပ်သောက်တတ်ကြပါတယ်။ အချို့ကတော့ ခွင့်တောင်းပြီးမှ ပြုလုပ်တတ်ကြပါတယ်။ ဒီလိုခွင့်တောင်းလာတဲ့အခါ သင်က ပြတ်ပြတ် သားသား ငြင်းဆန်လိုက်ပါ။

ဆေးလိပ်ပြာခွက်ကို တောင်းခြင်း
ဆေးလိပ်သောက်တဲ့ သူတွေဟာ အခြားသူအိမ်ကို သွားတဲ့အခါ ဆေးလိပ်ပြာခွက် တောင်းလေ့ရှိပါတယ်။ စားပွဲပေါ်မှာ ဆေးလိပ်ပြာခွက် တင်မထားဘူးဆိုရင် အဲ့ဒီအိမ်မှာ ဆေးလိပ် သောက်သူ မရှိလို့ပါပဲ။ ဒါဆို သင်လည်း အလိုက်တသိနဲ့ သင့်ရဲ့ လက်ထဲက ဆေးလိပ်မီးကို ချက်ချင်း ြငိမ်းသတ်ဖို့သ  သင့်ပါတယ်။
 
ဆေးလိပ်သောက်သူများ မိမိ တိုရဲ့ အကျင့်ဆိုးများ မဖြစ်ရ လေအောင် ဆင်ခြင်နိုင်ကြပါစေ။


 

No comments