New Artical

ဆံသားလေးတွေ လှပသန်စွမ်းပြီး အမြန်ရှည်စေဖို့ အကောင်းဆုံး အစားအစာ ၇မျိုး


ဆံသားလေးတွေ လှပသန်စွမ်းပြီး အမြန်ရှည်စေဖို့ အကောင်းဆုံး အစားအစာ ၇မျိုး

၁။ ကြက်ဥ 
ကြက်ဥမှာ ဦးရေပြားနဲ့ ဆံကေသာကို သန်စွမ်းစေတဲ့ ဘိုင်အိုတ င် (biotin) ဓာတ်တွေပါဝင်ပါတယ်။ ဘိုင်အိုတင်ဓာတ်ချို့တဲ့ပါ က ဆံပင်ကျွတ်စေတာကြောင့် ဘိုင်အိုတင်ဟာ ဆံကေသာအ တွက် သိပ်ကိုအရေးပါပါတယ်။ ဒါကြောင့် ဆံပင်သန်စွမ်းပြီး အ ရှည်မြန်ချင်တယ်ဆိုရင် ကြက်ဥများများစားပေးသင့်ပါတယ်။

၂။ ကန်စွန်းဥ 
ကန်စွန်းဥမှာပါဝင်တဲ့ ဘီတာကရိုတင်း (beta-carotene) ဓာ တ်က ဦးရေပြားနဲ့ ဆံကေသာဆဲလ်တွေကို အားဖြည့်ပေးပြီး က်တွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆံသားခြောက် သူ့တာတွေ၊ အရောင်မွဲတာတွေကိုလည်း ကာကွယ်ပေးပါတ ယ်။

၃။ ပဲနီလေး 
ပဲနီလေးမှာ သံဓာတ်နဲ့ ပရိုတင်းဓာတ်တွေပါဝင်တာကြောင့် ဆံ ပင်ဆဲလ်တွေကို သန်စွမ်းစေပါတယ်။ ဆံသားအရှည်မြန်စေတဲ့ ကီရာတင် (keratin) ဓာတ်ကိုလည်း ဖြည့်တင်းပေးတာကြောင့် ပဲနီလေးကို စားသုံးသင့်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇ င်းမှ ရေးသားတင်ဆက်သည်။


၄။ ဟင်းနုနွယ် 
ဟင်းနုနွယ်မှာ ဖောလိတ် (folate) နဲ့ သံဓာတ်များစွာပါဝင်ပါတ ယ်။ ဆဲလ်တွေမှာ အောက်စီဂျင်ကောင်းကောင်းမရဘူးဆိုရင် မာပန်းအားနည်းနေတတ်ပြီး ဆံပင်ကျွတ်တာတွေ ဖြစ်စေနိုင်ပါ တယ်။ ဖောလိတ်ဓာတ်နဲ့ သံဓာတ်က သွေးနီဥတွေကို အောက် စီဂျင်များများ သယ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။

၅။ မာလကာသီး 
မာလကာသီးမှာ ဆံပင်ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ဖို့ နေ့စ ဉ်လိုအပ်တဲ့ ဗီတာမင် C ပမာဏထက် ၄ ဆ ပိုမိုကြွယ်ဝစွာပါဝ င်ပါတယ်။ တစ်နေ့ကို မာလကာသီးတစ်လုံးစားပေးခြင်းဖြင့် ဆံ သားတွေကို သန်စွမ်းစေပြီး ဆံပင်အရှည်မြန်စေပါတယ်။

၆။ Oats 
Oats မှာ ဆံသားကျိုးကြေခြင်းကို ကာကွယ်ပေးနိုင်တဲ့ ပိုတက် ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့် စတဲ့သတ္တုဓာတ်တွေများစွာပါဝင် တာကြောင့် ဆံသားသန်စွမ်းကျန်းမာဖို့ မနက်တိုင်း နွားနို့နဲ့ oat နဲ့ ရောပြီး စားပါ။

၇။ အုန်းသီး 
အုန်းသီးဟာ ဆံသားကောင်းမွန်ဖို့အတွက် အကောင်းဆုံး အစားအစာဖြစ်ပါတယ်။ အုန်းဆီမှာ ဆံသားကို သန်စွမ်းတော က်ပြောင်စေတဲ့ ဗီတာမင် E နဲ့ K ပါဝင်ပြီး ဆံသားကို အားဖြ ည့်ပေးတဲ့ အဆီဓာတ်တွေလည်း ပါဝင်ပါတယ်။

ပျိုမေအားလုံး လှပကျန်းမာတဲ့ ဆံကေသာလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

Crd:

 

No comments