New Artical

အိမ်နောက်ဖေးဈေးဆိုင်တည် ခရမ်းချဉ်ပင်လေးတွေစိုက်ကြမယ်

 

အိမ်နောက်ဖေးဈေးဆိုင်တည် ခရမ်းချဉ်ပင်လေးတွေစိုက်ကြမယ်

ဈေးကွက်ထဲက ဟင်းသီးဟင်းရွက်တွေကို တာရှည်ခံအောင်၊ အမှည့်မြန်အောင်၊ အလုံးလှအောင် ဓာတုဆေးတွေဖြန်းတယ် ဆိုတဲ့ သတင်းတွေကြားနေရပါတယ်။ ကျန်းမာရေးအတွက် အာဟာရပြည့်အောင် စားတဲ့အစားအစာတွေက ကျန်းမာရေး ကို ပိုပြီးထိခိုက်စေတယ်ဆိုရင် မဖြစ်သင့်ဘူးမဟုတ်လား။ ဒီ တော့ အိမ်နောက်ဖေးဈေးဆိုင်တည်ဆိုသလို အသုံးစရိတ်လည်း ကာမိအောင်၊ ပြီးတော့ လတ်လတ်ဆတ်ဆတ် အော်ဂဲနစ်ခရမ်း ချဉ်သီးလေးတွေ စားရအောင်လို့ အိမ်မှာပဲ ခရမ်းချဉ်ပင်လေး အလွယ်တကူစိုက်ပျိုးလိုက်ရအောင်လား။
၁။ အရင်ဆုံး ခရမ်းချဉ်သီးရဲ့ အစေ့တွေကို မြေဩဇာနဲ့ မြေ ဆွေးကောင်းကောင်းထည့်ထားတဲ့ အိုးထဲကိုစိုက်ပြီး ရေအနည်းင ယ်လောင်းပေးပါ။

၂။ ခရမ်းချဉ်ပင်လေးထွက်လာပြီဆိုရင် နေရောင်များများရတဲ့ နရာကို အိုးရွေ့ထားပါ။ ခရမ်းချဉ်ပင်တွေက နေရောင်ခြည်ကြို က်တာကြောင့် တစ်နေ့တာလုံးနေပူနေစေမယ့် နေရာမှာစိုက် ပါ။

၃။ ခရမ်းချဉ်ပင်စိုက်တဲ့အိုးထဲမှာ ရေဝပ်မနေအောင် ဂရုစိုက်ပါ။ ရေများများမလောင်းပါနဲ့။

၄။ ခရမ်းချဉ်ပင်ရဲ့ ပင်စည်က ပျော့တာကြောင့် ခရမ်းချဉ်ပင် နားမှာ သူ့ကို ထောက်ကူပေးနိုင်တဲ့ သစ်သားတိုင် (သို့) စင် လေးတွေ လိုအပ်ပါတယ်။

၅။ ခရမ်းချဉ်ပင်လေးတွေက ကောင်းကောင်းမကြီးထွားခင်မှာ တင် အပွင့်ပွင့်ပြီး အသီးသီးတတ်ကြပါတယ်။ အပင်သေးတဲ့အ ချိန်မှာ အသီးသီးတာက အပင်အတွက်မကောင်းပါဘူး။ ဒါ ကြောင့် ခရမ်းချဉ်ပင်စိုက်ပြီး ပထမဆုံးပန်းပွင့်လာပြီဆိုရင် ခူးလို က်ပါ။ အပင်လေးသန်ပြီး ထွားလာပြီဆိုမှ အသီးသီးပါစေ။

၆။ အသီးလေးတွေသီးလာပြီး အရမ်းမမှည့်ခင်မှာ ခူးဆွတ်ပါ။
ဒါဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝအော်ဂဲနစ်ခရမ်းချဉ် သီးလေးတွေကို ကိုယ်တိုင်စိုက်ပျိုးပြီး စားနိုင်ပြီပေါ့။ 
Crd:

No comments