New Artical

ညအိပ်ချိန် ၁၁ နာရီထက် နောက်မကျပါစေနှင့်

 ညတိုင်း အိပ်ချိန် ၁၁ နာရီထက် နောက်မကျပါစေနှင့် 



ညအိပ်ယာထဲအထိ အွန်လိုင်းသုံးရင် ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ ဖတ်ဖြစ်အောင် ဖတ်သွားကြပါ။ ညနက်တဲ့အထိ ဖေ့စ်ဘုတ်သုံး လျှင် ဘာတွေ ဖြစ်လာမလဲ ဖတ်ကြည့်ပါ။

ကျန်းမာရေးပါရဂူကြီးများရဲ့ လေ့လာတွေ့ ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက်အနားယူချိန်ဟာ ည ၁၁ နာရီမှ မနက် ၃ နာရီအတွင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီအဆိုကို ဆေးပညာရှင်များအားလုံးနီးပါးက လည်း လက်ခံထားကြပါတယ်။ ၁၁-၃ အတွင်း အနားမယူပဲ အလုပ်တစ်ခုခု လုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။ ချက်ချင်း မဟုတ်ပေမယ့် ရေရှည်မှာ ဆိုးဝါးလာစေနိုင်ပါတယ်။

အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိက အရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ၁၁-၃ အချိန်မှာ လူတို့စားသုံးထားတဲ့ အစားအစာများထဲမှ အဆိပ်အတောက်နဲ့ မလိုအပ်တဲ့အရာများကို စစ်ထုတ်ပေးနေရလို့ပါပဲ အသည်းရဲ့ အလုပ်လုပ်ချိန်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ် အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ် အိပ်စက်အနားယူရပါတယ်။

အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုများကို ထိခိုက်လျှော့နည်းစေပြီး အသည်းကို တဖြေးဖြေး ပျက်စီးသွားစေပါတယ် အသည်းမကောင်းတော့ရင် ခန္ဓာကိုယ်ဇီဝ ကမ္မဖြစ်စဉ်များ ပုံမှန်မလည်ပတ်နိုင်တော့ပဲ စက်ပစ္စည်းတစ်ခုခုမှာ မူလီတစ်ခု ချွတ်ယွင်းရင် ကျန်တဲ့အစိတ်အပိုင်းများလည်း အဆင်မပြေ နိုင်တော့သလို လူ့ခန္ဓာကိုယ်မှာလည်း အသည်းက အလုပ်မလုပ်နိုင်တော့ရင် အသည်းရောင်အသားဝါ B ပိုး၊ C ပိုး၊ စတဲ့ အသည်းရောဂါများအပြင် အခြားရောဂါများလည်းတစ်ခုပြီးတစ်ခု ဖြစ်စေပါတယ်။

ဒါ့ကြောင့် ကျန်းမာရေးစောက်ရှောက်မှု မြင့်မားတဲ့ အချို့နိုင်ငံတွေမှာ ညဖက်အလုပ်လုပ်ရတဲ့ ဝန်ထမ်းများကို ရေရှည်မလုပ်စေပဲ အလှည့်ကျ လဲလှယ် ပေးတတ်ကြပါတယ်။

အခုခေတ်မှာ ဖေ့စ်ဘုတ်ဟာ အိပ်ချိန်ကို အဓိက ဖဲ့ယူနေတဲ့အရာဖြစ်နေတာကြောင့် အသက်ကိုဉာဏ်စောင့်ဆိုတဲ့ စကားအတိုင်း ကိုယ့်အသက်ကို အသိဉာဏ်ဖြင့် ဂရုပြုနိုင်ကြစေရန် ကျန်းမာရေးဗဟုသုတအဖြစ်အသိပေးလိုက်ပါတယ်။

ဖေ့စ်ဘုတ်တစ်ခုတည်းမဟုတ်ပဲ အခြား ဘာပဲလုပ်လုပ် အဲဒီအချိန်မှာ မအိပ်ရင် အသည်းရဲ့လုပ်ဆောင်ချက်များကို ထိခိုက်စေပါတယ် လူသားအားလုံး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

credit to original writer




No comments