New Artical

ကလေးတွေကို ထူးချွန်အောင် သည်လို ပြုစု ပျိုးထောင်ပါ

 

ကလေးတွေကို ထူးချွန်အောင်  သည်လို ပြုစု ပျိုးထောင်ပါ ။

၁။ နေ့တိုင်း  အနည်းဆုံး နာရီ၀က်ခန့် သင့်ကလေးနဲ့ အတူ သူတို့စိတ်၀င်စားတဲ့  အကြောင်းအရာ တစ်ခုခုကို ဆွေးနွေး တိုင်ပင်ပါ။

၂။ ကလေးကို ငယ်စဉ်ကစပြီး  သန့်ရှင်းရေး ကို နှစ်သက်ပါစေ။  တစ်ကိုယ်ရည် သန့်ရှင်းရေး ဂရုပြု နိုင်ပါစေ။

၃။ စိတ်ရှည်ရှည်ထားပြီး ကလေး၏ စိတ်တွင်းစကားကို နားထောင်ပေးပါ။ ထောက်ခံအားပေးသည့် ပုံစံမျိုးဖြင့် နားထောင်ပေးပါ။

၄။ ကလေးကို သတိပေးတယ်ဆိုပြီး အနာဟောင်းကို တုတ်ဖြင့် ခဏခဏ မဆွပါနှင့်၊ သတိပေးစကား ခဏခဏ ပြောမိလျင်၊ ကိုယ်ပြောချင်တာပြော၊ သူလုပ်ချင်တာလုပ် ဖြစ်သွားမည်။

၅။ ကလေး၏ အပြစ်ကိုတွေ့လျင် လေးလေးနက်နက် ပြောပြပေးပါ။ ဆွေးနွေးပေးပါ။ အပြစ် မှ တစ်ဆင့် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ အကျိုးများကို ကလေးနားလည်အောင် ပြောပြပေးပါ။

၆။ မိမိ အကောင်အထည် မဖေါ်နိုင်ခဲ့သော မိမိ၏ ရည်ရွယ်ချက်များကို ကလေးထံမလွှဲပြောင်းပါနှင့်၊ ကိုယ်က ဆရာ၀န်မဖြစ်ခဲ့လို့၊ စစ်ဗိုလ်မဖြစ်ခဲ့လို့၊ စသည်ဖြင့်  ကလေးကို အကောင်အထည် ဖေါ်ခိုင်းတာမျိုး လုံး၀ရှောင်ကျဉ်ပါ။

ရ။ ကလေးကို အဖိုးအဖွားနားမှာ နှစ်ချီထားတာမျိုး မပြုလုပ်ပါနှင့်၊ မြေး မှာအနှစ်၊ အနှစ်လွန်လျှင် မကောင်းပါ။

၈။ ကလေးကို စိတ်ရှည်ရှည်ဖြင့် ပုံပြင်စာအုပ် ဖတ်ပြပါ။ ပြန်ပြောပြခိုင်းပါ။ သူ့ အယူအဆလေးတွေကို မေးကြည့်ပါ။ ထောက်ခံပေးပါ။

၉။ ကလေး၏ အပြုအမူ၊ အပြောအဆို၊ တိုးတက်မှု စသည်တို့ကို သုံးသပ်ပြီး နေ့စဉ် ကလေးအတွက် တိုးတက်နိုင်စရာ နည်းလမ်းတစ်ခုခု၊ အားပေးနိုင်စရာ နည်းလမ်းတစ်ခုခု စဉ်းစားပေးပါ။  အချိန်ကြာလာသည်နှင့်အမျှ အလွန်ထိရောက်သည်ကို တွေ့ရှိလာပါလိမ့်မည်။

၁၀။ ကလေးကို စိတ်ရင်းကောင်း ရှိအောင် ငယ်စဉ်ကတဲက မွေးမြူပါ။ အကောင်းဆုံးနည်းလမ်းမှာ ကလေးရှေ့မှာ မည်သူတစ်ဦးတစ်ယောက်၏ မကောင်းကြောင်းကို မပြောမိပါစေနှင့်၊

၁၁။ ကလေးကို ပြုံးတတ်အောင် သင်ထားပေးပါ။ အလွယ်ကူဆုံး နည်းလမ်းမှာ ကိုယ်အရင် ပြုံးပါ။

၁၂။ ကလေးကို လွယ်လွယ် နှင့် ကတိမပေးပါနှင့်၊ ပေးမိလျှင်လည်း အကောင်အထည် ရအောင်ဖေါ်ပေးပါ။

၁၃။ ကိုယ့်ကလေးက ဘယ်ကလေးထက် ညံ့တယ်၊ အားနည်းတယ် စသည်ဖြင့် မည်သည့်အခါမှ မပြောမိပါစေနှင့်.၊

၁၄။ ကလေးပြီးမြောက်ထားသော အလုပ်ထဲတွင် ချီးကျူးနိုင်စရာကို ရအောင်ရှာဖွေပြီး ချီးကျူးပေးပါ။

၁၅။ ကလေးကို မည်သည့်အခါမှ မချိန်းခြောက်ပါနှင့်၊

၁၆။ လူရှေ့သူရှေ့ မှာ မည်သည့်အခါမှ မိမိကလေးကို ေ၀ဖန်ခြင်း၊ ဆဲဆိုခြင်း မပြုလုပ်ပါနှင့်။ ကလေး အနေဖြင့် မိမ်ိကိုယ်မိမိ ယုံကြည်မူ ထိခိုက်တတ်ပါသည်။

လက်ဦးဆရာ မိဘများ သတိရှိနိုင်ကြပါစေ ခင်ဗျာ...။ ။

Credit

No comments