New Artical

အကောင်းဆုံးအိပ်ယာဝင် Relaxant

အကောင်းဆုံးအိပ်ယာဝင် Relaxant

            အိန္ဒိယလူမျိုးတွေ မှာ အနောက်တိုင်း အရှေ့တိုင်း နိုင်ငံပေါင်းစုံနဲ့ မတူတဲ့ ဆေးဘက်ဆိုင်ရာ အယူဝါဒတွေ ကြွယ်ဝတယ် ။ 
 
သူတို့ဆီက ဆေးနည်းများစွာမှာ ထိပ်ဆုံးမှာ နံပါတ်တစ်နေရာ မှာ ရှိနေတဲ့ ဆေးတပါးကတော့ နို့ နဲ့ နနွင်းပါပဲ ။
နနွင်းဟာ ခန္ဒာကိုယ်နာကျင် ပင်ပန်းခြင်း ၊ဖျားနာကိုက်ခဲခြင်း ၊ အလုပ်ပင်ပန်းခြင်းတို့ အတွက် အထူးကောင်းမွန်တဲ့ ဓာတ်စာ ဖြစ်ပါတယ် ။ အဆစ်မြစ်ယောင်နေတာတွေရှိရင် ဆေးသောက်စရာ မလိုပဲ ပျောက်သွားမှာပါ ။ 
 
အစာအိမ်အချဉ်ပေါက်နေတာတွေ အစာမကြေဖြစ်နေတာတွေ အတွက်လဲ အလွန်ကောင်းတဲ့ ဆေးတပါးပါ။ ဗိုက်ပြည့် ဗိုက်ကယ် နေတာတွေ အတွက်တော့ နတ်ဆေး တပါးပါပဲ ။ တခါတလေ ဗိုက်ပြည့် ဗိုက်ကယ်တာ နေရ ထိုင်ရ ခက်တဲ့ အပြင် လေးလံ ထိုင်မှိုင်းပြီး မပျော်တဲ့ ရောဂါ ကို ခံစားရပါတယ် ။ လူကြည့်လိုက်ရင် ဖြတ်လတ်မှု မရှိပဲ ဗိုက်ကြီးပူပြီး အပင်ပန်း မခံနိုင်ဘူး ။ 
 

ဒါဆိုရင် နို့ နဲ့ နနွင်းသောက်ပါ ။

အစာအိမ်တွင်းမှာ ရှိတဲ့ အပူနာ တွေကိုလဲ သက်သာပျောက်ကင်း စေပါတယ်။ မေ့လျော့ခြင်းများ ကိုလဲ သက်သာ လာစေပါတယ် ။ သဘာဝ အယောင်ကျဆေး ၊ သဘာဝ အင်တီဘိုင်အိုးတစ် ၊ သဘာဝ အနာကျက်ဆေး ၊ သွေးသန့်ဆေး ၊ အသားအရေ အတွက် အားဖြည့်ဆေး လဲဖြစ်ပါတယ် ။ ချောင်းဆိုးခြင်းနဲ့ ဆုံဆို့ ကြက်ညှာချောင်းဆိုး တွေကိုလဲ သက်သာ ပျောက်ကင်းစေပါတယ်။ သွေးတွင်း အဆီဓာတ် ကိုလက်စထရော ကိုလဲ ကျစေပါတယ် ။ 
 
ခုခေတ်မှာ အသက် ၃၀ ပတ်ဝန်းကျင်တွေက အစ ကိုလက်စထရော များတဲ့ ဒုက္ခကို ကြုံတွေ့ နေရပါတယ်။ ဆရာဝန်က ပြောလာပြီ ဆိုရင်တော့ ဆေးတွေ သောက်နေမယ့် အစား နို့ နနွင်းလေး ဖျော်သောက် လိုက်ရင် အဆင်ပြေမယ် ထင်တယ်နော် ။
 
အက်ကဇီမား စတဲ့ အရေပြား ယောင်ယမ်း ယားနာတာတွေ အတွက်လဲ အလွန်ကောင်းတဲ့ဆေးပါ။ ရင်သားကင်ဆာ ၊ ပရိုစတိတ်လို့ ခေါ်တဲ့ ဆီးကျိတ်ကင်ဆာ ၊ အရေပြားကင်ဆာ ၊ အူမကြီးကင်ဆာ ၊ အကျိတ်ကင်ဆာ နဲ့ သွေးကင်ဆာတွေ ဖြစ်ခြင်းမှလဲ ကာကွယ် ပေးပါတယ် ။ အဆီ ခြေဖျက်နှုန်း ကို ကူညီ ပေးသလို ခန္ဒာကိုယ် အလေးချိန် ထိန်းခြင်းကိုလဲ အကူညီ ပေးပါတယ် ။ အသည်းမှာ များလာတဲ့ အဆိတ်အတောက်တွေ ဖယ်ရှားရာမှာလဲ အသုံးဝင်တဲ့ အပြင် သွေးချို ဆီးချိုကိုလဲ ထိန်းချုပ် ပေးပါတယ် ။
 
ကင်ဆာဝေဒနာသည်များ အတွက် ကုထုံးဖြစ်တဲ့ Chemotherapy ခမ်မို ဓာတ်ကင်ခြင်းကြောင့် ဖြစ်တတ်တဲ့ ဘေးထွက် ဆိုးကျိုးများ တွေ့ရခြင်းကိုလဲ လျော့နည်းစေ ပါတယ်နော် ။
 
ဒီလောက်ကောင်းတဲ့ နနွင်းဟာ သင့်လက်တကမ်းမှာ ရှိနေတာပါ ။ မသိသူ ကျော်သွား သိသူ ဖော်စားတဲ့။ နနွင်းကို အဝင်ကောင်းအောင် လုပ်နည်း အမျိုးမျိုးတော့ ရှိမှာပါ ။ ကတိသစ္စာ တည်သောအခါ နွယ်မြင်သစ်ပင် ဆေးဘက်ဝင်သည်လို့ အဆိုရှိတဲ့ အတွက်ကြောင့် နနွင်းမှုန့် အစစ်ကိုတော့ ဝယ်ဖို့တော့ လိုပါလိမ့်မယ်နော်။ မဟုတ်ရင် ဆန်မှုန့်ကို အဝတ်ဆိုးဆေး ဆိုးထား တာတွေနဲ့ တွေ့ရင်....  ပျောက်တော့ ပျောက်တယ် အသက် ဖြစ်နေပါဦးမယ် ။
 
ဒီဆေးနည်းက အိန္ဒိယရိုးရာ ဆေးနည်းဖြစ်ပေမယ့် မြန်မာ့ ရှေးနည်းလဲဖြစ်ပါတယ်။ တိမ်မြုတ် ပျောက်ကွယ် နေတဲ့ Golden recipe လေးပါ ။ ရှေးက မီးဖွားပြီးတဲ့ မိခင်တွေ အတွက် အပူအပုတ်တွေ စင်သွားအောင် နနွင်းကို လုံးပြီး ဒီတိုင်း သောက်ခဲ့ရတာပါ ။ 
 
နနွင်းရဲ့ အာနိသင်တွေ က အယောင် အယမ်းကျတယ် ၊ အပုတ်စင်တယ် သွေးလည်ပတ်မှု ကောင်းတယ် ဆိုတော့ ကိုယ်ဝန်ဆောင် မိခင်တွေ ပြန်လည် သုံးစွဲသင့်တဲ့ဆေးပါ ။ အနာလဲ ကျက်တယ် ၊ ဖောယောင်တာ တွေလဲကျတယ် ၊ လေ နဲ့ ပတ်သတ်တဲ့ ရောဂါတွေလဲ နိုင်ပါတယ်..

ဖျော်နည်းလေးကတော့

နွားနို့ နွေးနွေးလေးပဲဖြစ်ဖြစ် သာမာန် အပူချိန်ပဲဖြစ်ဖြစ်..တခွက်ပဲ အရင်ထည့် ပါမယ် ။ ပျားရည်စစ်စစ် တဇွန်း (သို့) ကြိုက်သလောက်ထည့် အချိုကြိုက်ရင် ပိုထည့် နနွင်းမှုန့် စစ်စစ် ကော်ဖီ ဇွန်းဖျားလေး နဲ့ တဝက် အနံ့မွှေးအောင် သစ်ဂျဘိုးမှုန့်လေး ဇွန်းဖျားလေးနဲ့ နဲနဲလေး ဂျင်းမှုန့် စီးတီးမတ်မှာ ရနေပြီ အဲတာကလဲ ဇွန်ဖျားလေးနဲ့ ကိုယ်ကြိုက်သလောက်သာထည့်ပါ ပြီးရင် ခေါက်မွှေပြီးသောက်လို့ရပါပြီ 
 
အဓိကကတော့ ဂျင်းရယ် နနွင်းရယ် နွားနို့ရယ် ကျန်တာကတော့ အနံ့ရယ် အရသာရယ်က အဝင်ကောင်းအောင် လျှောက်ထည့်ကြတာပါ ။ စမ်းသောက်ကြည့်လို့ အဆင်မပြေရင်တော့ နနွင်းကို ပျားရည်နဲ့ တေပြီး အခြောက်လှန်းပြီး အလုံးလေးတွေလုံးပြီး သောက်မယ် ။ 
 
တချို့နည်းတွေမှာလဲ အမှုန့် မရ သူတွေ အတွက် နနွင်းတတ် ဂျင်းတတ် နဲ့ ငရုပ်ကောင်းတွေကို နွားနို့ ထဲ ထည့်ပြီး မီးအေးအေးလေးနဲ့ ပွက်လာတဲ့ အထိကျိုပါ ။ ပွက်ပြီး ခဏလောက်နေ မီးဖိုပေါ်က ချပြီး စားပွဲပေါ်မှာပဲ အအေး ခံထားပါ ။ နောက် အေးသွားပြီ ဆိုရင် နို့ထဲက အဖတ်တွေ ကို ဆယ်ထုပ်ပြီး ပျားရည် နဲ့ ရောသောက် နိုင်ပါတယ် ။
 
Credit

1 comment:

  1. ကျန်းမာရေးအတွက်အဆင်ပြေပါတယ်...ကျေးဇူးပါ

    ReplyDelete