စမ်းချောင်းထဲက ရေလား- ဇလုံထဲက ရေလား ( ပုံပြင် )
စမ်းချောင်းထဲက ရေလား- ဇလုံထဲက ရေလား
တစ်ခါတုန်းက ပညာရှိ အဖိုးအို နေထိုင်တဲ့ စမ်းချောင်းလေးဘေးက အိမ်ကလေးကို လူတစ်ယောက်ရောက်လာတယ် ။
အဖိုး ကျွန်တော်အဖိုးကို တစ်ခုမေးပါရစေ
မေးပါ လူလေး
ကျွန်တော်က ဟိုဖက်ခြမ်းမှာရှိတဲ့ ရွာကလေးမှာ နေတဲ့ ရွာသားတစ်ယောက်ပါ
။ကျွန်တော့်ကို တစ်ရွာလုံးက ဝိုင်းနှိမ်ကြပါတယ် အဖိုး ။ကျွန်တော့်ကို
ဆင်းရဲလို့လည်း နှိမ်ကြတယ်။ ရုပ်ဆိုးလို့လည်း နှိမ်ကြတယ် ။ အရပ်ပုလို့လည်း
နှိမ်ကြတယ် ။ ကျွန်တော့်ရဲ့မျိုးရိုးကိုလည်း နှိမ်ကြတယ် ။ ကျွန်တော်က
သဘောထား
ပြည့်၀သူ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်အရမ်းကို ဒေါသထွက်ရပါတယ် ။အဲဒီအတွက်ဘယ်လို တုန့်ပြန်ရမလဲ ဆိုတာ အဖိုးကို လာမေးတာပါ
လူလေး တကယ် သဘောထား ပြည့်၀ရဲ့လား
ပြောပြောဆိုဆို
အဖိုးအိုက ဘေးနားက ဇလုံကို ယူပြီး အဲဒီလူကို စမ်းချောင်းဖက် ခေါ်လာခဲ့တယ် ။
စမ်းချောင်းအစပ် ရောက်တဲ့အခါ အဖိုးအိုက ဇလုံထဲကို ရေဖြည့်ပြီး
ကျောက်တုံးတစ်တုံး ထည့်လိုက်တယ်။ အဲဒီအခါ ရေတွေဟာ ဇလုံရဲ့ အပြင်ဖက်ကို
လျှံကျလာတာ တွေ့လိုက်ရတယ် ။ ပြီးတော့ အဖိုးအိုက အရွယ်အစားကြီးတဲ့
ကျောက်တုံး တစ်တုံးကို ယူပြီး စမ်းချောင်းထဲ ပစ်ချလိုက်တယ် ။
စမ်းချောင်းထဲမှာ လှိုင်းအနည်းငယ် ဖြစ်ပြီး ခဏကြာတော့ ငြိမ်သက်သွားတယ် ။
အဖိုးက ရွာသားကို ပြောလိုက်တယ် ။
ငါ့မြေး ငါ့မြေးဟာ စမ်းချောင်းထဲက ရေလား၊
ဇလုံထဲကရေလား၊
ကိုယ့်ကိုယ်ကို
စမ်းချောင်းထဲက ရေလို့သဘောထားခဲ့ရင် ဘာလို့ တစ်ဖက်သားက ကျောက်ခဲသေးသေးလေး
ပစ်ထည့်လိုက်တာနဲ့ ဇလုံထဲက ရေလို လျှံကျချင်နေရတာလဲ တဲ့ ။
ကိုယ့်ရဲ့ ပင်ကိုယ်စိတ်ရင်းဟာ စမ်းချောင်းထဲက ရေလို ကြည်လင်အေးမြ နေတယ်ဆိုရင် တစ်ပါးသူရဲ့
မနာလို
၀နျတို တိုက်ခိုက်မှု ကျောက်တုံးသေးသေးလေးတွေကြောင့် အနှောက်အယှက်
မဖြစ်ပါစေနဲ့။ ပင်ကိုယ်စိတ်ရင်းက ကြည်လင်နေတယ်ဆိုရင် သူတစ်ပါးကြောင့်
လှိုင်းထတယ်ဆိုရင်လည်း ခဏတာပါပဲ။ဘယ်တော့မှ ဇလုံထဲက ရေလို လျှံမကျမိပါစေနဲ့ ။
စိတ်သဘောထား ပြည့်၀တဲ့လူဆိုတာ သူတပါးရဲ့ အပြုအမူ စော်ကားမှုကြောင့်
ကိုယ့်စိတ်ကိုယ် လှိုင်းမထန်စေပါဘူး ။
Credit.
No comments