New Artical

ရိုးသားသူ ( ပုံပြင် )


 ရိုးသားသူ

တစ်ခါတုန်းက ညတစ်ညမှာ သူခိုးတစ်ယောက်ဟာ အိမ်တစ်အိမ်မှ ပစ္စည်း ဥစ္စာ ခိုးယူရန် ဝင်ရောက်လာ၏ ။ ထိုအခါ အိမ်စောင့် ခွေးကလည်း ကျူးကျော်လာသော သူခိုးကို မြင်သည်နှင့် တစ်ပြိုက်နက် ကျယ်လောင်စွာ ဟိန်းဟောင်နေတယ်။

သူခိုးကလည်း ခွေးဟောင်သံကို ကြားလျှင် အိမ်သူ အိမ်သား နိုး၍ သူ့ရဲ့ အကြံအစည်တွေ ပျက်စီးသွားမှာ စိုးရိမ်သောကြောင့် အလိုက်သင့် ယူဆောင်လာသော အမဲသားတုံးကို ခွေးအား လွင့်ပစ်ပေးလိုက်၏ ။ သို့သော်လည်း အိမ်စောင့် ခွေးက သူခိုး ယူဆောင်လာသော အမဲသားတုံးကို မစားဘဲ ဆက်လက်၍ ဟောင်နေပါတော့တယ် ။

ထို့နောက် အိမ်စောင့်ခွေးဟာ အလွန်တရာ ဒေါသထွက်လွန်း၍ သူခိုးအား " သင့်ကို ငါက လူဆိုး တစ်ယောက်ဟုသာ ထင်ခဲ့မိတယ် ။ သို့သော် အခုကျတော့ ငါ့ကို အမဲသားတုံးနဲ့ နှုတ်ပိတ်အောင် လာဘ်ထိုးနေပါလား ။ ဒီလိုလုပ်ရပ်ကြောင့် လူဆိုးသူခိုး အစစ်အမှန် ထင်ရှားလှတယ် ။ 

ဒါကြောင့် ရှေ့သို့ မတိုးလာပါနှင့် ။ အကယ်၍ လာခဲ့လျှင် ငါ့ရဲ့ အိမ်စောင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး ငါ့ရဲ့ သခင် နိုးအောင်အထိ ဟိန်းဟောင်နေမည် " ဟု ပြောကြားလိုက်၏ ။

Ref : The Thief and the Housedog

ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ သူခိုးလိုလူမျိုး မိမိ လိုချင်တောင့်တတဲ့ အရာတွေကို လာဘ်ထိုးပြီး လုပ်နေကြသူများ ရှိနေတတ်ကြပါတယ် ။ လာဘ်ထိုးမှုဟာ နေရာတိုင်း လိုလိုမှာ ရှိနေတတ်ကြပါတယ် ။

ငွေကြေး ဥစ္စာ ရှိတဲ့သူက သူတို့၏ ဖြစ်ချင်မှု လိုချင်မှုတွေကို လာဘ်ထိုးမှုများ ပြုလုပ်နေတတ်ကြပါတယ် ။ ငွေကြေး ဥစ္စာ မချမ်းသာတဲ့ သူတွေကျတော့ အားငယ်ငယ်နဲ့ မိမိ ဖြစ်ချင်တာ လိုချင်တောင့်တတာတွေကို မရခဲ့ရှာ ။

နောက်ပြီး တစ်ချို့နေရာတွေ / အလုပ်အကိုင်တွေ / ဌာနတွေမှာ လာဘ်ထိုးတဲ့ သူတွေကျတော့ ရှေ့ရောက်၍ လာဘ်မထိုးနိုင်တဲ့ သူတွေက နောက်မှာသာ အမြဲကျန်ရစ် နေတတ်ကြပါတယ် ။ ဌာနတိုင်း နေရာတိုင်းတွေမှာ လာဘ်ထိုးမှုဟာ မသိမသာ အနည်းငယ်စီ ရှိနေတတ်ကြပါတယ် ။

လာဘ်ထိုးမှုရဲ့ အဓိက အကြောင်းအရင်းက မိမိရဲ့ တစ်ကိုယ်ကောင်းဆန်မှု နဲ့ လောဘတရား ကြောင့်သာ ဖြစ်ပါတယ် ။ တစ်ကိုယ်ကောင်း မဆန်ပါနဲ့ ။ လူတိုင်းမှာ ဖြစ်ချင်တာ ပိုင်ဆိုင်ချင်တာ ရှိနေတတ်ပါတယ် ။ မျှဝေပြီး ခံစားခွင့် ပေးလိုက်ပါ ။ လူတိုင်းမှာ လောဘတော့ အနည်း အများ ရှိနေတတ်ပါတယ် ။ သို့သော် လောဘတရား မလွန်ကဲပါနဲ့ ။ ရိုးသားမှုဖြင့် ရှာဖွေ စားသောက်ပါ ။ လာဘ်ထိုးမှုကို ပဟ်ဖျောက်ပါ ။

လာဘ်ထိုးသူထက်  အရည်အချင်း ပြည့်ဝတဲ့သူကို ဦးစားပေးဖို့ လိုအပ်ပါတယ် ။

လာဘ်ထိုးသူထက်  ရိုးသားသူကို ဦးစားပေးဖို့ လိုအပ်ပါတယ် ။



ကျွန်တော်တို့ နိုင်ငံမှာ လာဘ်ထိုး စားသူများ ရှိနေပါလျှင် ဘာမှ သုံးစားလို့ မရတဲ့သူလည်း အထက်အရာရှိ ဖြစ်သွားနိုင်ပါတယ် ။ ဘာမှ မလုပ်တတ် မကိုင်တတ်တဲ့ သူတွေ အုပ်ချုပ် လုပ်ကိုင်နေရင် သာယာလှပ၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို ဖြစ်လာမည် မဟုတ်ပါ ။

လာဘ်ထိုးမှု လာဘ်ထိုးစားမှု လျော့နည်းမှသာ လူသားတိုင်းမှာ မိမိဖြစ်ချင်တဲ့ အိပ်မက်ကိုမက်၍ မိမိရဲ့ အိပ်မက်ကို ပိုင်ဆိုင်လာရမှာသာ ဖြစ်ပါတယ် ။

Credit.

No comments