New Artical

ရှင်ပြုခြင်းအကြောင်း သိမှတ်စရာ


 "အလှူကြီးပေးပြီး သားရှင်ပြုကြမည့် သာမဏေ မိဘများ သိစေရန်"

အပြစ်ကင်းသောရှင်ပြု(သို့မဟုတ်)သာမဏေစစ်စစ်

ဗုဒ္ဓဘာသာဝင်တို့သည် သားယောကျာ်းလေး ဖွားမြင်လာသည့်နှင့် မိမိတို့ရင်းသွေးလေး ရှင်သာမဏေ ပြုခွင့်ရတော့မည်ဟု အတိုင်းမသိဝမ်းသာပီတိဖြင့် စောင့်မျှော်နေတက်ကြသည်။ ရှင်သာမဏေ အစစ်ဖြစ်ဖို့ရန် အလွန်အရေးကြီးသည့် အချက်ကို ထည့်စဉ်စားရန် အလွန်နည်းကြသည်။ 

ဆံရိတ် ၊ သင်္ကန်ဝတ် ၊ သရဏဂုံ နှင့်အခြားများဖြစ်ကြသော စလွယ် ၊ မကိုဋ် ဆင်မြန်းပြီး ရှင်လောင်လှည့်မှူ့နှင့် ဆိုင်း ၊ အငြိမ့် ပျော်ပွဲ ရွှင်ပွဲနှင့်ရှင်ပြုခြင်နှင့်မဆိုင်ပါ။ ကုသိုလ်မတိုးပွားသည့်အပြင် မူရင်းအလုပ်ကိုပါ အလွန်ထိခိုက်စေပါသည်။

ဘုရားရှင်သားတော် ရာဟုလာပင်လျှင် ဆံရိတ် ၊ သင်္ကန်းဝတ် ၊ သရဏဂုံပေးခြင်းဖြင့် သာမဏေစစ်စစ် ဖြစ်သွားခဲ့ ပါသည်။

၁၅ နှစ်အောက် ယုက်လျော့နေသော သူငယ်အားရှင်မပြုပေးရ။ ပြုပေးသော ရဟန်းသည် ဒုက္ကဋ်အာပတ် သင့်သည်ဟု ဝိနည်း မဟာဝါ ၊ ဒဟိဝါတက ၊ ရောဂဝတ္ထု၌ ဘုရားရှင် " ပထမ" ပညက်တော်မူသည်။ တဖန် ကျီးခြောက်လှန့်နိုင်သည့် အရွယ်ကိုလဲ အကျိုးအကြောင်းစုံလင်သဖြင့် မလွဲသာ၍ " ဒုတိယ " ခွင့်ပြုတော် မူလေသည်။ 

ရှင်သာမဏေအစစ်ဖြစ်ဖို့ရန်အချက်များ

၁ ။ သွန်းသင် ဆုံးမတက်သော ဥပဇ္ဈာယ် ဆရာကောင်းလိုပါသည်။( တစပဉၞစက ၊ ပဌါန်း ) ကေသာ ၊ လောမာ ၊ နခါ ၊ ဒန်တာ ၊ တစော ၊  ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ တို့ကို ဆရာကောင်းက အသံထွက် ပီပီသသ ဆိုနိုင်ရန် ကြိုတင် လေ့ကျင့် သင်ကြားထားရပါမည်။( လွယ်တယ်မထင်ပါနဲ့)

၂ ။ ပရိက္ခရာ ၈ ပါး
( ၁ ) ဒုကုဋ်  ( နှစ်ထပ်သင်္ကန်း သာမဏေဆိုမပါ )
( ၂ ) ဧကသီ ( အပေါ်ရုံသင်္ကန်း )
( ၃ ) သင်ပိုင် ( အောက်ဝတ်သင်္ကန်း )
( ၄ ) ခပန်း ( ခါးချည်ကြိုး )
( ၅ ) သပိတ် ( ဆွမ်းခံ/စား )
( ၆ ) ပဲကွတ် ( ‌ေခါင်းရိတ်ဓါး )
( ၇ ) အပ် ( အပ်/ချည်/အစုံ )
( ၈ ) ရေစစ်  တို့ဖြစ်ပါသည် ။  
သရဏဂုံကို ပီပီသသ ( ဌါန်ကဂိုဏ် ) ကျကျ မရွတ်ဆိုနိုင်ခြင်း နှင့် ဤသို့သော ပရိက္ခရာ ၈ ပါးတို့ကို အစစ်အမှန်များကို ထည့်ပေးကြပါရန် တိုက်တွန်း လိုက်ရပါသည် ။ ( သတိပြုကြပါရန် )

ရှင်ကျင့်ဝတ်

၃ ။ အများပြည်သူ လှူဒါန်းထာသော ဆွမ်း ၊ ကျောင်း ၊ သင်္ကန်း ၊ ဆေး ( ပစ္စည်း ၄ ပါး ) စသော ပစ္စည်းမျာကို ( ပဋိသင်္ခါ ယောနိသော ) ဆငါခြင်သုံးစွဲရန် အလွန် အရေးကြီးသည်။  မဆင်မခြင်သုံးစွဲမိပါက ( က္ကုဏပရိဘောဂ) အကြွေးယူ သုံးစွဲခြင်းဖြစ်သည်။ အကြွေးယူသုံးမိလျှင် အကြွေးရှင်ကို ပြန်ပေးဆပ် သကဲ့သို နောင်သံသရာ အရေးမှာ ဝန်ထုပ် ဝန်ပိုးဖြစ်သွာတက်ပါသည်။ ဧကန်မုချပင်ဖြစ်ပါသည်။ ( ဆင်ခြင်နိုင်မှသာလျှင်)

ဒါကြောင့် မိမိတို့၏ ရင်သွေးသာမဏေများကို ဆရာ ( ဘုန်းကြီး ) ဒကာ ( မိဘ ) များကဆန္ဒမစောဘဲ အသက်အရွယ် ချင့်ချိန်ပြီး ဝိုင်းဝန်းဆောင်ရွက်ပေးမှသာ နည်းမှန်  ၊ လမ်းမှန်သော သာမဏေ စစ်စစ်ကို ရမှာဖြစ်သော ကြောင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။


ဓမ္မစေတီဆရာတော် တရားတော်မှ

No comments