New Artical

တရားရုံးမှာ လက်ကကိုင်ပြီး ကျမ်းကျိန်ရတဲ့ ကျမ်းစာထုပ်ထဲမှာ ဘာတွေ ရေးထားလဲ?

 ကျမ်းကျိန်မှ ကျမ်းစူးတာလား (တရားလွှတ်တော် ရှေ့နေတဦး၏ ကိုယ်တွေ့ အတွေ့အကြုံ)  – White Soneတရားရုံးမှာ လက်ကကိုင်ပြီး ကျမ်းကျိန်ရတဲ့ ကျမ်းစာထုပ်ထဲမှာ ဘာတွေ ရေးထားလဲ?

 မလိမ်ကြနဲ့ .. တရားရုံးက အနီရောင်ပိတ်​ လေးထဲမှာပါတဲ့  ကျမ်းသစ္စာ ကျိန်စာဆိုတာ ကျမ်းစူးတဲ့ အကြောင်းလေးပါ... ကျမ်းကျိန် ကျမ်းစူး ဘယ်ယတြာမှ မကယ်နိူင်ဘူး။ တခုခုဖြစ်တိုင်း တရားစွဲမယ်  တရားရုံးရောက်မှ ရှင်းမယ်နဲ့ လွယ်တယ်မှတ်နေကြတယ်..

တခြားကိစ္စတွေ အသာထား အရင်ဆုံး တရားလို ရောတရားပြိုင်ရော သက်သေရော ကျမ်းထုတ် ကိုကိုင်ပြီး
ကျမ်းကျိန်ရတာ ..  ကျမ်းထုတ်ထဲမှာ ဘာကျိန်စာတွေ ပါမှန်းမသိပဲ လွယ်လွယ် နဲ့ကျိန်လိုက်ပြီး အမှန်အတိုင်း ပြောရင်တော့ဟုတ်ရဲ့ ... အမှုနိုင်ချင်တာနဲ့ပဲ မဟုတ်မမှန်တာတွေ ထွက်ဆိုချက်ပေးမိတဲ့ သူတွေ ဂျပိုးကို လိပ်ဖြစ်အောင် ပြောသူတွေ မတရားသက်သေတွေ သက်သေ အလိမ်တွေ အတွက် ကျိန်စာက အဆင်သင့် စောင့်နေတာ ။

 တွေ့ခဲ့ဖူးတာလေး တစ်ခုပြောပြမယ် ... လွန်ခဲ့တဲ့ ၂၀ နှစ်လောက် ကိုယ်တို့ငယ်ငယ်က  အိမ်ကိုဝင်ထွက် သွားလာနေတဲ့ ဖွားဖွားမိတ်ဆွေ ဦးလေးကြီး တစ်ယောက်ရှိတယ်.. ဦးဘ ပဲ ဆိုကြပါစို့  ဦဘက လျှပ်စစ်ပညာမှာ သိပ်တော်တယ်  အိမ်ဆောက်ပြီဆို သူ့ကို အရင်ခေါ်ရတာပဲ  သူ့နယ်ပယ်မှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့သူ  ဖခင်က ရပ်ဝေးမှာရောက်နေတာကြောင့်  မိန်းမသားချည်းပဲရှိတဲ့ ကိုယ်တို့အိမ်ကို ညရေးညတာ လူဝင်ရင် ချက်ချင်းသိအောင် သူခိုးဖမ်းစက်ကို သူ့ဖာသာသူထွင်ပြီး လာတပ်ပေးထားတယ်  ... ဦးဘဟာ အဲ့လိုမျိုး မိတ်ဆွေတွေ အပေါ်မှာလဲ အလိုက်သိတယ်  ခင်တတ်​တယ် စိတ်ပူပေး တတ်​တဲ့  လူစားမျိုး သဘောသိပ်ကောင်းတယ် . ပျော်ပျော်နေတက်တယ် .. သူက မြို့ထဲမှာတိုက်ခန်းတစ်ခုကို ငှားပြီး လျှပ်စစ်နဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေလဲ ရောင်းသေးတယ် . အဲ့တာ သူ့ဆိုင်ဆိုလဲဟုတ် . သူ့ရုံးခန်းဆိုလဲ ဟုတ်တယ် တစ်ရက်မှာ အခန်းပိုင်ရှင် နဲ့ အိမ်နီးချင်းတို့  အမှုဖြစ်ကြတယ် (ဘာအမှုလဲတော့ သေချာ မမှတ်မိတော့ပါ) အခန်းပိုင်ရှင်က သူ့ဖက်က သက်သေလိုက်ပေးဖို့ ဦးဘကို လာညှိတယ်   သက်သေဆိုပေမယ့် မတရားသက်သေ ခေါ်မလား  အမှားထွက်ပေးရမှာ  အပေးအယူ အနေနဲ့ သူအမှုနိုင်ရင် ဆိုင်ခန်းလေးကို အခမဲ့ ဘယ်နှနှစ် ငှားမယ်ပေါ့  အမှုရှုံးရင်တော့ အဲ့ဆိုင်ခန်းလေးကို ရောင်းပစ်ရတော့ မယ်ဆိုပြီတော့ပေါ့ ...

ဦးဘက လောဘတက်သွားတာရော . ဆိုင်ခန်းလေးကို ဆုံးရှုံးမှာကြောက်တာရော. မိတ်ဆွေကို ခင်မင်တာရော ကြောင့် မတရားသက်သေ လိုက်ပေးဖို့ လက်ခံလိုက်ပါတယ် ... အမှုလဲနိုင်ပါတယ် . အခန်းလေးကိုလဲ ဦးဘက အခမဲ့ ငှားခွင့် ဆိုင်ဖွင့်ခွင့် ရလိုက်တယ် ..

ဒါပေမယ့် သိပ်မကြာဘူး . ဦးဘတစ်ယောက်  လုံးပါးပါးလာတယ်  စီးပွားရေး ကျလာတယ် . သူ့ကို ငှားမယ့်သူ မရှိတော့ဘူး . .. သူ့ပစ္စည်းတွေကို လာဝယ်တဲ့သူ မရှိတော့ဘူး  ပြီးတော့ ကျန်းမာ ရေးလဲ ချို့ယွင်းလာတယ် (လေဖြတ်လိုက်သေးတယ် ထင်တယ်) တပည့်တွေ အများကြီးနဲ့ စီးပွားရေး အောင်မြင်နေတဲ့ ဦးဘ ၊ လူချစ်လူခင်များတဲ့ ဦးဘတစ်ယောက်  လေး ငါး နှစ်အတွင်းမှာ ချုံးချုံး ကျသွားတယ်။

အိမ်က အဖွားဆီ လာလည်တော့ တော်တော် စုတ်ပြတ်နေပါပြီ  သူမှားကြောင်းတွေလဲ ဖွင့်ပြော ပြသွားတယ် သူ ကျမ်းစူးနေပါပြီ တဲ့လေ .. နောင်တတွေရလို့ ဘုရားအလုပ် တရားအလုပ်တွေပဲ လုပ်တော့တယ်တဲ့ သူ့အကြောင်းတွေ ပြောပြရင်း ဝမ်းနဲ ပန်းနဲ နဲ့ ငိုတယ် .. အဲ့နောက်ပိုင်း ဦးဘကို မတွေ့ရတော့ပါဘူး အိမ်ပြောင်းသွားတယ်လို့ ကြားရသလို ဆင်းဆင်းရဲရဲ နဲ့ပဲ ဆုံးပါးသွားတယ်တဲ့ .. ကျမ်းစူးတာ အဲ့လိုမျိုး သိပ်ကိုကြောက်ဖို့ကောင်းပါတယ် ။

ဒါပေမယ့် လူအများစုက ကျမ်းထုတ်ထဲ ဘာကျိန်စာပါမှန်း မသိဘဲ ကျမ်းကျိန်ပီး အလွယ်တကူပဲ မှားမှားမှန်မှန် ထွက်ဆိုချက်တွေပေးနေကြတာပါပဲ ... 

ကျမ်းစာထုပ်ထဲမှာ ဘာတွေပါလဲ ကျမ်းသစ္စာ ကျိန်ဆိုမြဲ ကျမ်းစာတွင် 

နေမာတဿ ဘဂေဝတာ အရေဟတာ
 သမ္မာသမ္ဗုဒ္ဓဿစိန္တိတံ သတ္တသင်္ချေ ယျ၊
 နဝသင်္ချေယျ ဝါစကံ၊ ကာယ ဝါစာ စတုချာတံ
 ဟု ကျမ်းစာကိုစတင်ဖွင့်ထားပြီး  အောက်အပိုဒ်တွင် ကျမ်းစာကို စောင့်ရှောက်သော နတ်အပေါင်းတို့ကို တိုင်တည် ထားပါသည်။ ဗုဒ္ဓတ္တံ သမုပါဂမိ ဟူသောပါဌ်ဂါထာနှင့် လျော်ညီစွာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ရှစ်သင်္ချေနှင့်ကမ္ဘာ တစ် သိန်း၊ တစ်ဆယ့်ခြောက် သင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ဒါနပါရမီ၊  သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ခန္တီပါရမီ၊ ဝီရိယပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီဆိုသည့် ပါရမီဆယ်ပါး အပြားသုံးဆယ်ကိုလည်းကောင်း၊ စွန့်ခြင်းကြီးငါးပါးနှင့် စရိယသုံးပါးတို့ကို လည်းကောင်း ဖြည့်ကျင့်တော် မူပြီးမှ ဒုက္ခသစ္စာ၊  သမုဒယသစ္စာ၊ နိယောဓသစ္စာ၊ မဂ္ဂသစ္စာ တည်းဟူသော သစ္စာလေးပါး တရားတို့ကို သိတော်မူ၍ ဂင်္ဂါသဲလုံးနှင့်အမျှပွင့်ကုန်တော်မူသော် ပညာဓိကဘုရား၊ ဝိရိယာဓိကဘုရား၊ သဒ်ဓါဓိက ဘုရားအပေါင်းတို့ကိုလည်းကောင်း၊  လောကကို စောင့်ရှောက်သည်ဟု အဆိုရှိ သောစန္ဒီပါရမီတွာ၊ မဟာပိန်နဲ၊ ကုတဲ၊ ဂေါရမန္တနတ်ကြီး၊  သာသနာတော်ကို စောင့်သောနတ်ကြီး၊ ပိဋကတ်သုံးပုံ၊ ဗေဒင်လေးပုံ ကိုစောင့်သော နတ်ကြီး၊ စတုလောကပါလ နတ်ကြီး၊ မဟာမေဂလာနတ်ကြီး၊ ရုက္ခစိုးအာကာသစိုး နတ်ကြီး၊ ပြည်စောင့်နတ်၊ မြို့စောင့်နတ်၊ အရပ်လေး မျက်နှာကိုစောင့်သော နတ်၊ အရပ်ရှစ်  မျက်နှာကို စောင့် သော နတ်အပေါင်းတို့သည်   ကျမ်းသစ္စာကို မှန်ကန်စွာ ကျိန်ဆိုသူတို့အား အမြဲစောင့်ရှောက် တော်မူစေသတည်း ဟူ၍  လေးနက်စွာ တိုင်တည်ထားသည်။

ကျမ်းသစ္စာကျိန်ဆိုရာတွင် မဟုတ်မမှန်ထွက် ဆိုပါက ရရှိခံစားရမည့်အကျိုးတရားများ ကိုလည်း ယခုလိုရေးထိုး ထားပါသည်။ ဟုတ်မှန်သည်ကိုသာထွက်ဆိုပါမည်။ မဟုတ် မမှန် ဆိုပါချေလျှင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း  တွက်ကိန်း ပြည်ထ၊ လုံ့လသည်းစွာ၊ ဒါနပါရမီ၊  သီလပါရမီ၊ နိက္ခမ ပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊  ပညာပါရမီ၊ သစ္စာ ပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာန် ပါရမီ ပါရမီဆယ်ပါးအပြား သုံးဆယ်ကိုဖြည့်၍  ဘုရားရှင် ကိုယ်တော်မြတ်ကို စောင့်သောနတ်လည်း   သတ်၍မနေ သေစေသောဟူလေ။ 

သွားတော်လေးဆယ်၊ စွယ်တော်လေးချောင်း၊ ညှပ်ရိုးတော်နှစ်ချောင်း၊ ဓာတ်တော်ပေါင်း ရှစ်စ ရွတ်ကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသော ဟူလေ ။

လက်ျာရံရှင်သာရိပုတ္တရာ၊ လက်ဝဲရံရှင်  မောဂ္ဂလာန်စသော အသီတ ိရှစ်ကျိပ်သောရဟန္တာမြတ် တို့၏ ဓာတ်တော် မွေတော်ကို  စောင့်သောနတ်လည်း သတ်၍မနေ သေစေ သော ဟူလေ။

ထိုမှတစ်ပါး ဘုရား သခင် ဟောတော် မူသော၊  ဝိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်း၊ ပိဋကတ်သုံးပုံ၊ ဓမ္မာခက္ခန္တာပေါင်း ရှစ်သောင်းလေးထောင် ကျမ်းကုန်အောင် စောင့်သော နတ်လည်း သတ်၍မနေ သေစေသော ဟူလေ။ 

ထိုမှ တစ်ပါး သာမဗေဒင်၊ ယဇုဗေဒင်၊ က္ကသျှုဗေဒင်၊ အာတပန ဗေဒင်လေးပုံကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသောဟူလေ။

ထိုမှတစ်ပါး သာသနာတော်ငါးထောင်ကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသော ဟူလေ။

ထိုမှတစ်ပါး ဇမ္မူဒီပါ၊ အပရဂေါယာ၊ ဥတ္တ ရကုရု၊ ပြုဗ္မဝိဒေဟာ၊ကျွန်းကြီးလေးကျွန်း၊ ကျွန်းငယ် နှစ်ထောင်၊ အရံဆောင်သော ကျွန်းအပေါင်းကို စောင့် သောနတ်လည်း သတ်၍မနေ သေစေသောဟူလေ။

ထို မှ တစ်ပါး မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ဂင်္ဂါယမုံနာ၊ အစီရဝတီမဟီ၊ အရဘူ၊ ဟူသည်မကြွင်း၊ အိုင်အင်းချောင်း မြောင်း၊ အပေါင်း စောင့်မှတ် ခပ်သိမ်းနတ်လည်း သတ် ၍မနေ သေစေသော ဟူလေ။

ဟိမဝန္တာတောသုံးတောင် ကို ကုန်အောင် စောင့်သော အာကာသစိုး၊ ဗိဿနိုးမလွတ် ဘုတ်ပြိတ်နတ်လည်း သတ်၍မနေသေစေသော ဟူလေ။

ထိုမှတစ်ပါး အဿမုက္ခိ၊ စန္ဒပါရမီသွာ၊ မဟာဂီရိစသော အရှိန်ပြင်းထန်၊ ဝေဿန်ဝန်နှင့် ကုမ္ဘာန်ယက္ခ၊ ကန္ဓဗ္မက စသည့် ဒေဝိန်၊ အသူရိန်အလား၊ ကျော်ထင်ရှားသည့် နတ်အများလည်း  သတ်၍မနေ သေစေသော ဟူလေ။

ထိုမှတစ်ပါး သွေးခဲသွေးနက် ပွက်ပွက်၍ ကိုယ်လက် ပြောင်းပြန်သွေးခဲအန်၍ သေစေသောဟူလေ။

ထိုမှ တစ်ပါး ဘေးရှစ်ပါး၊ ဒဏ်ဆယ်ပါးလည်း ထင်ရှားသတ်၍ လတ်လတ်ချက်ချင်းသေစေသော ဟူလေ။

ထိုမှတစ်ပါး သားမြေးဥစ္စာ၊ မကြာပျက်စီး ဆီမီးတန်ဆောင်၊ တုံးသော ရောင်သို့၊ ကုန်အောင် မကြွင်း ပျက်စီးခြင်းသို့ရောက်စေသောဟူလေ။

ထိုမှတစ်ပါး ရေဝယ်သွားလည်း ရေသား များတွေ ဆယ်ကုဋေတွင်၊ ရေနေအပေါင်း၊ မိချောင်း လပိုင်၊ ညွံထိတိုင်၍ မကာန်းလိပ်ငါး၊   စား၍မနေ သေစေ သော ဟူလေ။

ထိုမှတစ်ပါး ကြည်းဝယ်သွားလည်း၊ ကြည်း သားအပြား၊ များသည်အနေ၊ ကိုးကုဋေတွင် သစ်ကျား ဆင်ရဲ၊ စိုင်ထီးငမွဲ၊ ဝက်ရဲစား၍၊ ထွားထွားညက်ညက်၊ ကိုယ်လုံးပျက်၍ သေစေသော၊ ဟူလေ။

ထိုမှတစ်ပါး မြွေပွေးမြွေဟောက်၊ ငန်းပျောက် ငန်းကျား၊ ငန်းငါးပါး လည်း ပေါက်ထမနေသေစေသော၊ ဟူလေ။

ထိုမှတစ်ပါးသေတုံငြားလည်း၊ ငရဲကြီးရှစ်ထပ်၊  ငရဲငယ် တစ်ရာနှစ်ဆယ့်ရှစ်ထပ်၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ အပါယ်လေးပါးလားစေသော၊ဟူလေ။

ထိုမှတစ်ပါးလူဖြစ် ငြားလည်း၊ လူချင်းမတူ၊  နုဖြူနုဆွတ်၊ မုန်ညင်းရွက်အဆင်း ခရုသင်း  မလွတ်၊ ဘက်သကဘက်သများ၊ ထိုအနာလည်း စွဲ စေသောဟူလေ။

ထိုမှတစ်ပါး မင်းကမလွတ်၊ အမတ် ဗိုလ်ပါ၊ စွဲစရာသား၊ အိမ်ထားလက်နက်၊ သုံးမည်စက်နှင့် ခြေလက်ထောင်းထောင်း၊ လက်ဦးခေါင်း လည်း၊ ထောင်း ထောင်းပြတ်၍ သေစေသော၊  ဟူလေ။

ထိုမှတစ်ပါး မဟာသမုဒ္ဒရာ၊ ပင်လယ်ကြောဝယ်၊  သင်္ဘောလှေကြီး၊ ပျက်စီးမျောပါ၊ တွဲသောလားသို့၊  ထွားထွားညက်ညက် ပျက်စေသော၊ ဟူလေ။

 ထိုမှတစ်ပါး ဂွမ်းတလှည်းတို၊ အကျွမ်းဘုတ်သော် တဆုပ်လောက်မျှ၊ စမ်းမရသို့ဖြစ် သောဟူလေ။

ထိုမှတစ်ပါး သား၊ မြေး၊ ကျေးကျွန်၊ ထွန် သည့် ကျွဲ၊ နွား၊ ခမ်းနားမကြွင်း၊ ပြုန်းတီးခြင်းနှင့် ဆင်း  ရဲကြီးသည်၊ မြေကြီးဝက်ခွဲ၊ ခွက်လက်စွဲ၍၊  ငရဲအရှင်၊ စားကျင်လှည့်ကာ၊ ဘုန်းစားရာဘဝ၊ တွင်းဆုံးကျ၍၊ အလှမဲ့ပါ၊ လူပြိတ္တာလည်း ဖြစ်စေသောဟူလေ။

ထိုမှ တစ်ပါး မင်းနန်းသူကျိန်ခြင်း၊ ထုံးနှယ် ဆင်းသည်၊ ထင်း မီးစကဲ့သို့ တစတစ တိုစေသော၊ ဟူလေ စသည်ဖြင့် မုသားထွက်ဆိုမှုကြောင့် ရရှိခံစားရမည့် လောကီ၊ လော ကုတ္တာ အကျိုးကို ကျမ်းစာတွင် နက်ရှိုင်းစွာ ဖော်ပြထားပါ သည်။

ဟုတ်မှန်သည့်အတိုင်း ထွက်ဆိုပါက လူ့ပြည် သာမက နတ်ပြည် သို့ရောက်သည့် တိုင် အောက်ပါ အကျိုးတရားများ ရရှိစေကြောင်း ဖော်ပြထား ပါသည်။ ဟုတ်မှန်သည့်အတိုင်း ဆိုချေလျှင် မှန်သောသစ္စာ၊  အာနုဘော် အကျိုးဆက်ကြောင့် ယခင် ရေရွတ် ဆိုခဲ့ပြီး သာ နတ်ကောင်း၊ နတ်မြတ်အပေါင်းတို့သည် ကောင်း သောကြည့်ခြင်းဖြင့်ကြည့်မြင် လျက် စောင့်ရှောက်တော် မူကြသည်ဖြစ်၍၊  ကာယသုခ၊ စိတ္တသုခ၊ ချမ်းသာခြင်း ဖြစ်စေသတည်း။

ထိုမှတစ်ပါး မှန်သောသစ္စာအာနု ဘော် အကျိုးဆက်ကြောင့် အရှင်မင်းစသော မြို့ကွပ်  ပြည်စိုး၊ အမှုအမတ်၊ သူရဲသူခက် အပေါင်းတို့နှင့် ဆိုခဲ့ သမျှ ကြည်းနေ ရေနေသတ္တဝါ အပေါင်း တို့သည် ရင်ဝယ် ဖြစ်သောသားကဲ့သို့ သနား ချစ်ခင်ခြင်း ရှိကြကုန်လျက် ကိုယ်မှစ၍ သား၊ မြေး၊ မြစ်အဆွေ ခုနစ်ဆက်တို့သည် ဓာတ်လေးပါးတို့ သောင်းသော တည်ကြည်ခြင်းဖြင့် တည်ကြည် ညီညွတ်၍၊ ကြမ္မာအပေါင်း၊ ဘေးဥပဒ် အပေါင်း၊ အပြစ်ဒဏ်ဟူသမျှ၊ ရောဂါအနာမျိုး၊ ကိုးဆယ့် ခြောက်ပါးတို့သည် မထိမရောက်၊ မကပ် မစွန်းမငြိ၊ ချမ်းသာ အတိပြည့်စုံ၊ ကုံလုံကြွယ်ဝလျက်၊ အသဒိသ သဖွယ်ဖြစ် အလှူကြီးကို၊ ကြိမ်ဖန်များစွာ၊ ဒါန၊  သီလ တို့ကို မပြတ်ဖြည့်စွမ်းနိုင်၍၊ သာသနာတော်မြတ်ကို ချီး ပင့်နိုင်သူဖြစ်စေသတည်း။

သေတုံသော်လည်းအပါယ် လေးပါး၊  ကပ်သုံးပါး၊ အရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုး ငါးပါးသို့၊ မလားမကပ်၊ မရောက်သည်ဖြစ်၍၊ လူ့ပြည်နတ်ရွာ၊ ချမ်းသာကြီး သုံးပါးကိုရသည် ဖြစ်စေသတည်း၊ ကိုယ်မှ စ၍သား၊ မြေး ဥစ္စာ၊ ရတနာမျိုး၊ တက်တိုးချမ်းသာ၊ မင်္ဂလာအပေါင်း၊ ကောင်းမြတ်သောဂုဏ်ကျက်သရေ၊ တစ်နေ့တစ်ဆင့်၊ ဆန်းလမြင့်သို့ ဖြစ်စေသော်ဟု ပါရှိပါ သည်။

ကျမ်းသစ္စာကျိန်ဆိုမြဲကျမ်းစာ၏အောက်ဆုံးအပိုဒ် တွင် ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်အတွက် (ကျမ်းစာကို မိမိလက်နှစ်ဖက်ဖြင့် စုံကိုင်၍) ယခုတရားရုံးရှေ့ ကျရောက် သည့်အမှုတွင် အလုံးစုံအမှန်အကန် အစစ်ခံပါမည်ဟု  ကြေညာပါသည်။  မမှန်မကန်သည်ကို အစစ်ခံသည်ရှိသော်၊ သို့တည်းမဟုတ် မည်သည် ကိုမဆို ထိန်ချန်ထားသည်ရှိသော် ဤကျမ်းစာတွင် ဖော်ပြထား သော ကျိန်စာများ အားသငျ့ပါစသေား၊ အလုံးစုံ အမှန်အကန်ကို အစစ်ခံသည်ရှိသော်  ဤ ကျမ်းစာတွင် ဖော်ပြထားသော ကောင်းကျိုး ချမ်းသာကို ခံစားရပါစေသား ..

ကျိန်စာတိုတ်တယ် ကျမ်းစူးတယ် ဆိုတာ ကို ဗဟုသုတ အလို့ ငှာ ဖော်ပြ လိုက်​ခြင်း ဖြစ် ပေသည်။

ကျမ်းသစ္စာကို ဗဟုသုတအလို့ငှာ ဖော်ပြပေးသော မြန်မာနိုင်ငံပြန်တမ်း စာမျက်နှာကို ကျေးဇူးတင်စွာ credit ပေးပါသည်



No comments