New Artical

မြန်မာ့ သမိုင်းတလျောက် မင်းလောင်းပေါ်ခါနီးလျှင် ပေါ်ပေါက်ခဲ့သော ထင်ရှားသော တဘောင်ကြီး (၅)ခု


 တဘောင် ပေါ်သည့်အတိုင်းလည်း ထွက်ပေါ်ခဲ့ကြသည့် မင်းများမှာ

၁။ပုဂံခေတ်

( စီးချင်းထိုးလျက် မျိုးမင်းထွက် ပြည်တော်သာလိမ့်မယ်။)

ထို"တဘောင်" ပေါ်ပြီးနောက် "အနော်ရထာ" မင်းလောင်း သည် ဦးရီးတော် စုက္ကတေးမင်းနှင့် စီးချင်းထိုးခဲ့သည်။ စုက္ကတေးမင်းအား အနိူင်တိုက်ခိုက်ပြီးနောက်  အနော်ရထာသည် ပုဂံပြည့်ရှင် ဖြစ်လာခဲ့သည်။  ထိုမင်းလက်ထက်တွင် သာသနာရောင်ဝါထွန်းလင်းပြီး  ဆန်ရေစပါးပေါများ ကာ ချမ်းသာကြွယ်ဝခဲ့သည်။


၂။အင်းဝခေတ်

( အင်းအိုင်ထဲက လူတစ်​​ယောက် မီးတောက်ကလေးကိုင်လို့ပေါက်)

ထို" တဘောင်" ​​ပေါ်ပြီးနောက် "သတိုးမင်းဖျား "သည် ရှင်ဘုရင်ဖြစ်လာကာ နန်းတော်ကို အင်းဝမြို့၌ တည်ခဲ့သည်။ ထိုမင်းသည် လည်း နယ်ပယ်အများအပြားကို သိမ်းပိုက်ကာ  ဘုန်းမီးနေလတောက်ပခဲ့သည်။


၃။တောင်ငူခေတ်

(အိုဘယ့်အမောင် ဆံ​ရွေဆောင်် နောက်လိုက် ဘုန်းခေါင်ပြောင်လိမ့်မယ်။)

 ထို "တဘောင်" ​ေ​ပါ်ပြီး ကြာသော် တောင်ငူမြို့တွင်  မင်းကြီးညို မှ သားတော်တပါးမွေးဖွား လာလေသည်။ ထိုသားတော်၏ ဦးခေါင်းတွင် ရွေရောင်ဆံပင် တစ်မွေး ပါလာလေသည်။ ​နောင်သော် ထိုမင်းသားသည် "တပင်ရွေထီး "ဟု၍ တောင်ငူဘုရင်ဖြစ်လာလေသည်။ သို့သော်လည်း သက်တော်မရှည်ပဲ သူ၏ ယောက်ဖတော် ဘုရင့်နောင်က ထီးနန်းကို ဆက်ခံလေသည်။ ဘုရင့်နောင်လက်ထက် ရောက်သော် မြန်မာပြည်ကြီး ဘုန်းမီးနေလတောက်ပလေသည်။


၄။ကုန်းဘောင်ခေတ်

 (ဖိုသုံးဖို တစ်ဖိုတောက်မည်)

ထို "တဘောင် " ပေါ်ပြီး နောက် မုဆိုးဖို ရွာသူကြီး ဦး​အောင်ဇေယျ သည် ပျက်ပြားနေသော မြန်မာပြည်ကြီး အား လက်ရုံးရည် နှလုံးရည်ဖြင့် ပြန်လည်စုစည်းပြီးနောက် အလောင်းမင်းတရား ဘွဲ့ဖြင့် ဘိသိတ်ခံ နန်းတက်လေသည်။


၅။ယခုခေတ်(ပေါ်မလာသေး၍ စောင့်ကြည့်ရမည်)

 (၂၆၀၀ သာသနာ "ဗုဒ္ဓရာဇာ"ပေါ်လာမှာ စည်တော်ကြီးလည်း ဟီးလိမ့်မယ်။)

 ထို "တဘောင်"သည် ဗုဒ္ဓ သာသနာအား ကမ္ဘာတစ်ခွင်  ဖြန့်ကျက်ထွန်းလင်းစေပြီး မြန်မာပြည်အားလည်း သာသနာတော်ကို နေတစ်ဆူ လတစ်ဆူလို ထင်ရှားစေမည့်  သာသနာပြုမင်းပေါ် မည်ဖြစ်သည်။ ထိုမင်းလက်ထက်တွင် တိုင်းပြည်သည် တိုးတက်ချမ်းသာကြွယ်ဝ လွန်းအားကြီးမည်။စည်ပင် သာယာလှပသော တိုင်းပြည်ဖြစ်မည်။

Credit

No comments