New Artical

"မိတ်ဆွေ"

 


"မိတ်ဆွေ"

မိတ်ဆွေလို့ဆိုလိုက်တာနဲ့ ရင်ထဲနွေးထွေးသွားရမယ်။ မိတ်ဆွေဆိုတာဘာကိုခေါ်တာလဲ၊ ကိုယ့်ဘဝနိမ့်ကျစဥ္မှာ အတူရှိပေးခဲ့သူများ၊ မြင့်မားစဥ္မှာလည်း အတူရှိနေသူ၊ စိတ်ရင်းစေတနာ မှန်ကန်သောသူ ဒီလိုလူမျိုးကိုတော့ ဘဝမှာ မိတ်ဆွေလို့ သတ်မှတ်လို့ရနိုင်ပါတယ်။
အဆင်ပြေနေတုန်း အနားမှာရှိပြီး အဆင်မပြေနိမ့်ပါးသည့်အခါ ကိုယ့်အနားက ရှောင်ဖယ်ပြေးတတ်သူ သူငယ်ချင်း အပေါင်းအသင်းများသည် မိတ်ဆွေတုများသာ ဖြစ်ပါလိမ့်မယ်။
ခုလိုခေတ်ကြီးမှာ မိတ်ဆွေဆိုတာ အရှားပါးဆုံး ဖြစ်လို့နေပါပြီ၊ အဆင်​ေပြသလို ပေါင်းသင်းနေကြရတာသာ ဖြစ်တယ်။ ကံကောင်းလို့ မိတ်ဆွေကောင်းနဲ့ ကြုံခဲ့ရင် တန်ဖိုးထားတတ်ကြရပါမယ်။
 

"မိတ်ဆွေဝတ္တရား (၅) ပါး"

  1. အချင်းချင်း ပေးကမ်းချီးမြှင့်ခြင်း။
  2. စိတ်ရော ကိုယ်ပါ တန်းတူရည်တူ ဆက်ဆံခြင်း။
  3. အချင်းချင်း အကျိုးစီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်ပေးခြင်း။
  4. ယဉ်ကျေးချိုသာ ချစ်ဖွယ်သော စကားကိုပြောဆိုခြင်း။
  5. အချင်းချင်း မချွတ်မယွင်း မှန်ကန်တည့်မတ်ခြင်း။
 

 "တုံ့လှည့်ဥပကာပြု မိတ်ဆွေဝတ္တရား (၅) ပါး"

  1. မေ့လျော့သောအခါ စောင့်ရှောက်တတ်ခြင်း။
  2. မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်ခြင်း။
  3. ကြောက်လန့်ဖွယ်ဖြစ်သောအခါ တစ်ယောက်အချင်းချင်း အားထားမှီခိုရာ ဖြစ်ခြင်း။
  4. ဘေးအန္တရာယ်နှင့် တွေ့ကြုံသောအခါ စွန့်ပစ်မသွားပဲ အေးအတူအပူမျှ အတူတကွ ရပ်တည်းပေးခြင်း။
  5. မိတ်ဆွေ၏ သား မြေး မြစ် အစဉ်အဆက် မိတ်ဆွေမပျက်စေခြင်းတို့ဖြစ်ပါတယ်။
 
Wai Linn

No comments