New Artical

ရွှေတိဂုံစေတီတော်ရှိ အံ့ဖွယ် (၉)ပါး ( သို့မ ဟုတ် ) ထူးခြား (၉) ဌာန


ရွှေတိဂုံစေတီတော်ကုန်းတော်ပေါ်တွင် ရွှေတိဂုံဘုရားကြီးမှလွဲလျှင် သူ့ထောင့်နှင့်သူ မွန်ဘုရင်များ၊ မြန်မာမင်းများ၊  မှူးမတ်စစ် သေ နာပတိများ၊ ထွက်ရပ်လမ်း အား ထုတ်သော ဘိုးဘိုးအောင်၊ ဓမ္မစေတီနှင့် တကွ ဘားမဲ့ဆ ရာတော်၊ ရှင်မထီး၊ ရှင်အဇ္ဖဂေါဏ စသော ပုဂ္ဂိုလ်အကျော်အမော်များ တည်ထား ကိုးကွယ်ခဲ့သည့် ဘု ရား များစွာ ရှိနေပေသည်။

ရွှေတိဂုံဘုရားကုန်းတော်ပေါ် ရှိ ထူးခြားသော အံ့ဖွယ် ၉-ဌနသို့ လှည့်ပြီး ပူဇော်အားထုတ်လေ့ရှိကြသည်။ ထိုထူးခြားသောအံ့ဖွယ် ၉ -ဌာနကို မန်လည်ဆရာတော် ဘု ရားကြီးနှင့်တကွ ထင်ရှားကျော် ကြားသော ဆရာတော်များလည်း လှည့်လည်ရှိခိုးပူဇော်လေ့ရှိတက်ကြလေသည်။

 

ရွှေတိဂုံစေတီတော်ရှိ အံ့ဖွယ် (၉)ပါး အံ့ဖွယ် ၉-ဌာနမှာ

  • ပတ္တမြားမျက်ရှင် ဘုရား

  • ဝိဇ္ဇာဇော်ဂျီ ဘုရား

  • ရှင်စောပုဘုရား

  • ဆံတော်တွင်း ရုပ်ပွားတော်

  • ရှင်အဇ္ဇဂေါဏဘုရား

  • ဘိုးဘိုးအောင်ဂူဘုရား

  • ရှင်မထီးဘုရား

  • လက်ပက်လက်ဘုရား

  • ပြဒါးရှင် ဘုရား တို့ဖြစ်သည်။

 

အံ့ဖွယ် (၁) - တ၀ဂူ ဆုတောင်းပြည့်ဘုရား (သို့) ပတ္တမြားမျက်ရှင် ဘုရား

ရွှေတိဂုံစေတီတော် အထက်ပစ္စယံတွင် အံ့ဖွယ် (၁) ဖြစ်သော ပတ္တမြားမျက်ရှင် ဘုရား ရှိပါသည်။ ပတ္တမြားမျက်ရှင် ဘုရားကို ရှေးခေတ်က မင်းညီမင်းသားများ စစ်ထွက်ခါနီးတိုင်း စစ်နိုင်ဖို့အရေး ဆုတောင်းလေ့ရှိပြီး ဆုတောင်း ပြည့်သည်ဟု ဆိုသည်။ အထက်ပစ္စယံကို အမျိုးသားများသာ တက်ရောက်ခွင့်ရှိပြီး တက်ရောက်ခွင့်ရရန် မှတ်ပုံတင်၊ ရဝတ ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ များကို ယူလာပြီး ဂေါပကကို လျှောက်ရပါသည်။ အထက်ပစ္စယံကို ဗုဒ္ဓဟူးထောင့် မှနေ၍ တက်ရောက်နိုင်ပါသည်။ အထက်ပစ္စယံသည် အလွန်ပဲ အေးချမ်းဆိတ်ငြိမ်လှပြီး လေကောင်းလေသန့်တစ်ဝကြီး ရှူနိုင်၍ ရင်ပြင်တော်ပေါ်ကို အပေါ်စီးမှ မြင်တွေ့နိုင်ပါသည်။

ရွှေတိဂုံစေတီတော်အထက်ပစ္စယံ အရှေ့ဘက်တည့်တည့်တွင် တည် ရှိသည်။ထိုတဝဂူဘုရားသို့အ မျိုး သားများသာလျှင်တက်ရောက်ဖူး မြော်ခွင့်ရပြီး၊ အ မျိုးသမီးများ မဖူးမြော်နိုင်သော ဘု ရားဟုလည်း ဆိုလျှင် မှားမည်မဟုတ်ပေ။ တဝဂူ ပတ္တမြားမျက်ရှင်ဘုရားဟုလည်းခေါ်တွင်လေသည်။ ဆုတောင်းပြည့် တဝဂူဘုရားသည် အလွန်တန်ခိုးကြီးသည့် အ တွက်ဆု တောင်းပြည့်သည်ဟု အ လွန်ယုံကြည်ကြသည်။

 

 

အံ့ဖွယ် (၂) - ဝိဇ္ဇာဇော်ဂျီ ဘုရား

စနေဒေါင့်အလွန် ရှေ့တည့်တည့်တွင် ရေသန့်စက်ကြီးတည်ရှိပြီး ရေသန့်စက်ကြီး၏ ဘယ်ဖက်တွင် ဝိဇ္ဇာဇော်ဂျီ ဘုရားတည်ရှိသည်။ ဝိဇ္ဇာဇော်ဂျီ ဘုရားသည် ဘုရားလှိုဏ်ဂူတော် အပေါ်တွင် ရေးချယ်ထားသော ကနုတ်ပန်းများနေရာ၌ ဇော်ဂျီပုံများကို တွေ့ရပေလိမ့်မည်။
 
 

အံ့ဖွယ် (၃) - ရှင်စောပု ဘုရား

မွန်ဘုရင်မကြီး ရှင်စောပု တည်ထားကိုးကွယ်ခဲ့သော ဘုရားဖြစ်ပါသည်။ရွှေတိဂုံ ရင်ပြင်တော် ရာဟုထောင့် သံတန်ဆောင်းကြီး ဘေးတွင်တည်ရှိသည်။ အချိုက ရှင်စောပုစေတီဟုခေါ်သည်။ စကားစိမ်း ၊ စကားဝါ စသော စကားပင် လေးပင်ရှိသည်။


အံ့ဖွယ် (၄) - ဆံတော်တွင်း ရုပ်ပွားတော်

ရွှေတိဂုံရင်ပြင်တော်မြောက်ဘက် တွင်ရှိသော ဆံတော်တွင်း တန် ဆောင်းအတွင်းတွင် တည် ရှိသည်။ ဆံတောင်တွင်းတန် ဆောင်းမှာ ဒဂုံခင်ခင်လေး၏ကောင်းမှုဖြစ်သော မဟာဗောဓိစေတီ၏ အနောက်ဘက် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ရွှေတိဂုံစေတီကို တည်စဉ်က ဆံတော်များဆေး ကြောသည့် တွင်းဖြစ်သည်ဟု မှတ်သားကြလေသည်။ တန်ဆောင်းတွင်းရုပ်ပွားတော်အ နောက်တွင်ယခင်နှစ်ပေါင်း ၅၀ ကျော်က ဆံတော်တွင်းသို့ဆင်းရာ ဥမင်လိုဏ်ခေါင်းရှိသည်ဟု ပြောစမှတ်ရှိသည်။ ဆံတော်တွင်းမှ ရေသည် ဧရာ၀တီမြစ်ရေနှင့် တစ်ကြောတည်းဖြစ်သဖြင့် ဒီရေအတက်အကျရှိတိုင်း ဆံ တော်တွင်းတွင်လည်း အ တက်အကျရှိသည်ဟုဆိုကြသည်။ ဆံတော်တွင်း အုတ်ပြသာဒ်ကို ငုံပြီး ၁၈၇၉ ခုနှစ်က တန်ဆောင်း ဆောက်လုပ်ခဲ့လေသည်။

သောကြာဒေါင့် ဒဂုံဒေါ်ခင်ခင်လေး အဆောက်အဦးနှင့် မျက်နှာခြင်းဆိုင်တွင် တည်ရှိသည်။ တန်ဆောင်းထဲတွင် နဂါး၊ မနုဿီဟပုံများနှင့် ငုံပြီး တည်ထားသော နေရာမှာ လှိုဏ်ဂူ ရှိသည်။ ထိုလှိုဏ်ဂူထဲမှာ ဧရာဝတီမြစ် ရေကြောနှင့် ဆက်စပ်နေသော ရေစီးကြောင်း ရှိသောကြောင့် ဧရာ၀တီမြစ် ရေတက်ရေကျ အတိုင်း အထဲက ရေစီးကြောင်းကလည်း အတက်အကျရှိသည်ဟု သိရပါသည်။ ဆံတော်တွေ ဋ္ဌာပနာခါနီးမှာ ဒီရေစီးကြောင်းက ရေများနှင့် ဆေးခဲ့သည်ဟု မှတ်တမ်းမှာ ဖော်ပြထားပါသည်။
 
 

အံ့ဖွယ် (၅) - ရှင်အဇ္ဇဂေါဏ ဘုရား

ရှင်အဇ္ဖဂေါဏ ဆိုသည်မှာ ပုဂံရာဇဝင်မှ ဖိုထိုးတာ မအောင်၍ ပေးထားသော ကတိအတိုင်း မျက်လုံး နှစ်ဖက် ဖောက်ထုတ်ပြီး ဓာတ်လုံးကို မစင်တွင်းထဲ လွှင့်ပစ်လိုက်လေသည်။ ဓာတ်လုံးသည် မစင်နှင့် ဓာတ်ပြုပြီး ဓာတ်လုံးအောင်သွား၍ ဆုံးရှုံးသွားသော မျက်လုံး နှစ်လုံးကို ဈေးမှာ အစားသွားဝယ်ခိုင်းလိုက်သည်။ ဈေးကွဲချိန်ဖြစ်၍ ရသည့် မျက်လုံးက ဆိတ် မျက်လုံးတစ်ဖက်၊ နွားမျက်လုံး တစ်ဖက်သာ ရခဲ့သည်။ ရသည့် မျက်လုံး နှစ်လုံးကို အစားပြန်တပ်သောအခါ အဇ္ဖ=ဆိတ် ၊ ဂေါဏ =နွား ဟု အမည်တွင်သွားခဲ့သည်ဟု ဆိုပေသည်။
 
 

အံ့ဖွယ် (၆) - ဘိုးဘိုးအောင် ဂူဘုရား

ရှင်အဇ္ဇဂေါဏ တန်ဆောင်း၏ ညာဖက်တွင် ဘိုးဘိုးအောင် ဂူဘုရား တည်ရှိသည်။ ရွှေတိဂုံစေတီတော် အရှေ့မုခ် အ နီးရှိ ဘိုးဘိုးအောင်တန်ဆောင်းဘုရားပင်ဖြစ်သည်။ ထိုတန်ဆောင်းအတွင်းရှိ ရုပ် ပွားတော်ကို ဘိုးဘိုးအောင်တည်ရစ်သည်ဟု ပြောစမှတ်ရှိသည်။ ဘိုးဘိုးအောင်တန်ဆောင်း အနောက်ဘက်တွင် ကျောချင်းကပ်လျှက်ရှိသည်ကား ဓမ္မစေတီ၏ ကောင်းမှုတောင်စေတီဖြစ်သည်။ ဓမ္မစေတီဘုရားရှေ့တွင် ခြင်္သေ့နှင့် ကျားရုပ်ရှိသည်။
 

အံ့ဖွယ် (၇) - ရှင်မထီးဘုရား

နောင်တော်ကြီးစေတီတော်ရဲ့ မြောက်ဘက်အာရုံခံတန်ဆောင်းတွင်းတွင် တည်ရှိသည်။ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရားမြောင်ဘက် အာရုံခံတန်ဆောင်း (ရှင်မထီးတန်ဆောင်း) တွင်းရှိဘုရားဖြစ်သည်။ နှစ်ပေါင်း ၁၀၀၀-ခန့်က ရှင်မထီးဆရာတော် တည်သွားသည့်ဟုပြောသည်။
 
 

အံ့ဖွယ် (၈) - ကကုသန္ဒဘုရား လက်ပက်လက်ဘုရား

အရှေ့ဘက် အာရုံခံတန်ဆောင်းတွင်းတွင် တည်ရှိပြီး ကကုသန်မြတ်စွာဘုရားရှင် ရုပ်ပွားတော်ဖြစ်သည်။ ရွှေတိဂုံစေတီတော်အရှေ့မုခ် အာရုံခံတန်ဆောင်း အတွင်းတွင်ရှိ၏။ ကကုသန်ရုပ်ပွားတော် ဖြစ်သည် လိုဏ်အတွင်းရှိကကုသန္ဒဘု ရားရှင် ရုပ်ပွားတော်၏ လက် ယာဘက် လက်တော်မှာ အခြားဘု ရားများ ထုစဉ်ကဲ့သို့ လက်မှောက် ခုံမဟုတ်ဘဲ လက်တော်ပက်လက်ထားပြီး ထုထားသဖြင့် လက်ပက် လက်ဘုရားဟုခေါ်ဝေါ်လေ့ရှိလေသည်။
 

အံ့ဖွယ် (၉) - ပြဒါးရှင် ဘုရား

အင်္ဂါထောင့်ရှိ စေတီငယ်တစ်ဆူရဲ့ မုခ်အတွင်း စံပယ်နေသည်။ရွှေတိဂုံရင်ပြင်တော် အရှေ့မုခ်နှင့် အင်္ဂါထောင့်အကြားရှိစေတီတစ်ဆူ၏ တောင်ဘက်မုခ်အတွင်းရှိ ကြေးဆင်းတုတော်ဖြစ်သည်။ အ လွန်အချိုးအစားကျနပြေပြစ်လှသည်။ နဖူးတော်တွင် မို့မောက်နေပြီး ပြဒါးရှင်လုံးဌာပနာထားသည်ဟု ပြောစမှတ်ရှိ၏။ ပြဒါးရှင်လုံးရှိသည် မရှိသည်ကား အသေအချာ မသိရသော်လည်း အဆိုပါကြေးဆင်းတုတော်မှာ ရွှေတိဂုံကုန်းတော်ပေါ်ရှိ ဆင်းတုတော်များအနက် အလွန်ကြည်ညိုဖွယ် ကောင်းလှသော ဆင်းတုတော်ဖြစ်ကြောင်းကို ဖူး ဖူးသူတိုင်း ၀န်ခံရပေသည်
 
Credit

No comments