New Artical

အပတ်စဉ်/နေ့စဉ် ပန်းတိုင်ချတဲ့အခါ


 အပတ်စဉ်/နေ့စဉ် ပန်းတိုင်ချတဲ့အခါ

အပတ်စဉ်ဖြစ်ဖြစ်၊ နေ့စဉ်ဖြစ်ဖြစ် လုပ်ရမယ့်အလုပ်တွေကို ပန်းတိုင်ချခြင်းဟာ ပျင်းရိလေးလံခြင်းကို တိုက်ဖျက်ဖို့အတွက် အလွန့်အလွန်အသုံးဝင်တဲ့ နည်းစနစ်တခုဖြစ်တယ်။ လုပ်ရမှာကတော့ ရှင်းရှင်းလေးပါ။

  • သီတင်းပတ်တပတ်ပြီးသွားတိုင်း နောက်သီတင်းပတ်မှာ သင်ပြီးအောင်လုပ်ချင်တဲ့ အလုပ်တွေကို စာရင်းလုပ်ပါ။
  • တရက်ပြီးသွားတိုင်း သင့်တပတ်တာအလုပ်စာရင်းထဲက အလုပ်အချို့ကို နောက်တရက်တာ လုပ်ရမယ့် အလုပ်စာရင်းထဲကို ထည့်ပါ။
  • တရက်တာလုပ်ရမယ့် အလုပ်ကို ပြီးအောင်လုပ်ပြီးရင် နောက်ထပ် ဘာအလုပ်မှ မလုပ်ပါနဲ့တော့။

ဒီလို အပတ်စဉ်/နေ့စဉ်ပန်းတိုင်ချပြီး အလုပ်လုပ်တယ်ဆိုတာ သင့်ရဲ့ ဘယ်တော့မှ မဆုံးနိုင်တဲ့ လုပ်စရာတွေကို နည်းနည်းချင်း ဖြစ်အောင် ခွဲထုတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနည်းစနစ်ဟာ သိပ်ထိရောက်တယ်လို့ ပြောတာ ဖြစ်ပါတယ်။ လုပ်စရာရှိတာ အကုန်လုံးကို ပြီးအောင် မနိုင်မနင်းလိုက်ကြိုးစားနေမယ့်အစား တရက်တာ လုပ်စရာရှိတာကိုပဲ သတ်မှတ်ပြီး သတ်မှတ်တဲ့အလုပ်ကို ပြီးအောင်လုပ်ရတဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ အဲဒီအတွက် အလုပ်စလုပ်ဖို့အတွက် ကိုယ့်ကိုကိုယ် နှိုးဆော်ရတာ ပိုလွယ်သွားပါတယ်။

ဒီလို အပတ်စဉ်/နေ့စဉ် ပန်းတိုင်ချပြီးအလုပ်လုပ်တဲ့အခါ အရေးကြီးပေမယ့် အရေးပေါ်မဟုတ်တဲ့ အချို့အလုပ်တွေကိုလည်း စာရင်းထဲမှာ တခါတည်းထည့်ပြီး ပြီးအောင်လုပ်ဖို့ အခွင့်အလမ်းတစ်ရပ် ရလာပါတယ်။ အပတ်စဉ်ပန်းတိုင်တွေကို ချမှတ်တဲ့အခါ နေ့စဉ်အလုပ်တွေကို စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်ဖြစ်သွားပါတယ်။ တချိန်တည်းမှာ ပိုပြီးဘောင်ကျယ်တဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ရင်လည်း သင် သတိလက်မလွတ်အောင် အထောက်အကူပေးပါတယ်။

BusyBook

No comments