New Artical

မြန်မာ့အပြောင်းအလဲ ကို “စစ်အာဏာသိမ်းခြင်း” အဖြစ် အမေရိကန် သတ်မှတ်လိုက်ပြီ

 


မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာရယူမှုကို စစ်အာဏာသိမ်းမှု အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင် ကြေညာလိုက်ပါပြီ။

အချက်အလက် အခြေအနေတွေကို အသေအချာ ဆန်းစစ် သုံးသပ်ပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး အာဏာရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နောက် ရွေးကောက်ခံ အစိုးရ အကြီးအကဲ ဦးဝင်းမြင့်တို့ကို ဖြုတ်ချမှုလို့ သတ်မှတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ တဦးက အမေရိကန် စံတော်ချိန် အင်္ဂါနေ့ မကြာခင်ကဘဲ ပြောဆိုခဲ့ပါတယ်။ 

မြန်မာ စစ်တပ်က ထိပ်တန်း နိုင်ငံရေး သမားတွေကို ဖမ်းဆီးပြီး အာဏာထိန်းချုပ်ပြီး နောက်တနေ့မှာဘဲ ဒီကြေညာချက် ထွက်လာတာပါ။

စစ်အာဏာသိမ်းမှု သတ်မှတ်ချက်ကြောင့် အစိုးရ အတွက် နိုင်ငံတကာ အထောက်အပံ့တွေကို ကန့်သတ်တာမျိုး၊ နောက် တာဝန်ရှိသူတွေကို အမေရိကန်က အရေးယူတာမျိုးတွေ ဖြစ်လာမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိသူက ပြောပါတယ်။ 

Ref : VOA


No comments