New Artical

မုန်လာဥ စားခြင်းရဲ့အကျိုးကျေးဇူး

 


အစာလည်းဆေး…ဆေးလည်းအစာ

မုန်လာဥဖြူ တစ်လုံးနဲ့ ကျောက်ကပ်အလွယ်ဆေးကြမယ်

ကျောက်ကပ်ရောင်သည်ဖြစ်စေ ကျောက်ကပ်ကျောက်တည်သည်ဖြစ်စေ ကျောက်ကပ်ကြောင့် ခါးနာ ခါးကိုက်ခြင်း နုံးချိ အော့အန်ခြင်းများ အတွက်။ မုန်လာဥဖြူ တစ်လုံးကို သန့်စင်စွာဆေးကြောပြီး ရေအနည်းထည့်၍ ကြိတ်ချေပါ၊ အဖတ်များစစ်ထုတ်ပြီး အရည်ကိုသောက်လိုက်ပါ။

၎င်းကြိတ်ရည် ဝမ်းထဲဝင်သွားသည်နှင့် ခါးနာခါးကိုက်ယူပစ်သလိုပျောက်ကင်းသက်သာသွားမည်။

မုန်လာဥဖြူကြိတ်ရည်ဟာကျောက်ကပ်ကိုချက်ချင်းဆေးကြောပေးပါတယ်။ အူကျဝေဒနာရှင်များလည်းအသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် တစ်ပါတ်တစ်ခါ ကြိုတင်ကာကွယ်သောအားဖြင့် လူတိုင်းမုန်လာဥဖြူကို ဟင်းလျာအဖြစ် ချက်ပြုတ် စားသုံးခြင့်ဖြင့် ကျောက်ကပ်ကို ဆေးကြောထိန်းသိမ်းသင့်ပါတယ်။

မုန်လာဥ အစိမ်းကိုသံပုရာသီးနှင့်နှပ်ပြီးအစိမ်းသုပ်သုပ်စားပါကပို၍ဆေးဘက်ဝင်ပါတယ်။

မုန်လာဥဖြူ စားသုံးခြင်းဖြင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက

ကင်ဆာရောဂါမဖြစ်စေရန်ကာကွယ်ပေးတယ်။ သွေးသွင်းသကြားဓာတ်ကိုထိန်းညှိပေးတယ်။ ကျောက်ကပ် ကျန်းမာစေတယ်။ သွေးပေါင်ချိန်ကို မှန်စေတယ်။ ဝမ်း မှန်စေတယ်။

ကိုယ်အလေးချိန်ကျစေတယ်။အသားအရည် စိုပြေလှပစေတယ်။ အရွယ်တင်နုပျိုစေတယ်။ အသုံးမပြုမီ

ပိုးသတ်ဆေး ကင်းစင်အောင် သေချာဆေးကြောသန့်စင်ပေးရန်အထူးသတိပြုပါ

credit

No comments