New Artical

သည်းခြေကျောက် သဘာဝနည်းနဲ့ကုသနည်း


 သည်းခြေကျောက် သဘာဝနည်းနဲ့ကုသနည်း

သည်းခြေအိတ် ဆိုတာက အသည်းရဲ့နောက်မှာ ရှိနေတဲ့ သစ်တော်သီးပုံစံ အိတ်ကလေးပါ။ သူကနေ ထုတ်ပေးတဲ့ သည်းခြေရည်ကတော့ စားလိုက်တဲ့ အစာတွေကို ကူညီခြေပေးပါတယ်။ ခြေပေးရင်းနဲ့ သည်းခြေရည်နဲ့ မကျေသေးတဲ့ တချို့အရာတွေ ရောသွားပြီး သည်းခြေကျောက် တည်တာမျိုး ဖြစ်တတ်ပါတယ်။ ဗိုက်နာလာမယ်။ နောက်ကျောတွေ ပုခုံးတွေ နာလာမယ် ဆိုရင် ရောဂါလက္ခဏာ စပြလာတာပေါ့။ နာတာကနေ မအီမသာ ဖြစ်ပြီး အန်လာမယ်၊ အစာမကြေဖြစ်ပြီး နာလာမှာပေါ့။ ဆေးရုံသွား စစ်ဆေးကုသသင့်တဲ့ အခြေအနေမျိုးပေါ့။


သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာ တစ်ခု မှာ အစာများများစားပြီးနောက် ဝမ်းဗိုက်ပြည့် အင့် ဖောင်းကားလာကာ အစာမကြေသလို ခံစားရ မည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။


သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်း မှာ ပထမငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။) ပန်းသီးဖျော်ရည်သည် သည်းခြေကျောက်ကို ပျော့စေနိုင်သည်။ ထို ငါးရက်အတွင်း အစားအစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။


ခြောက်ရက်မြောက်နေ့တွင် ညစာမစားဘဲ ထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါးတစ်ဇွန်းကို ရေနွေးတစ်ဖန် ခွက်နှင့် သောက်ပါ။ ည ၈ နာရီတွင် ဆားခါးတစ်ဇွန်း ထပ်သောက်ပါ။ ဆားခါးသည် သည်းခြေ အိတ်ပြွန်များ ကို ပွင့်စေပါသည်။


ည ၁၀ နာရီတွင် သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီပန်ကန်လုံး တစ်ဝက်ကို လတ်ဆတ်သော သံပရာရည်ဖြင့် ရော၍ သောက်ပါ။ သေချာစွာ ရောမွှေပြီးမှ သောက်ပါ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ့စွာ ထွက်နိုင်စေသည်။ နောက်တစ်နေ့ ဝမ်းသွားသောအခါတွင် ဝမ်းထဲ၌ အစိမ်းရောင် ကျောက်တုံးကလေး များကို တွေ့ရမည်။ ပန်းသီးသည် ဆေးဖက်ဝင် သဘာဝဓာတ်စာဖြစ်ပြီး ဘေးထွက် ဆိုးကျိုးများကိုလည်း မဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

**********************************************************

သံပုရာဖျော်ရည်တဲ့။ အရသာတော့ နည်းနည်းပြင်းမယ်။ ဗိုက်ထဲ ဘာမှ မရှိတဲ့အချိန် တစ်နေ့ကို လတ်လတ်ဆတ်ဆတ် သံပုရာသီး ၄ လုံး ညှစ်ထားတာ သောက်ရမှာပါ။ ဒီနည်းကို တပတ်တိတိ ဆက်လုပ်သွားရမှာပါ။ ဒါဟာ သည်းခြေကျောက်တွေကို ကူညီဖယ်ရှားပေးနိုင်မယ့်နည်းပါပဲ။ ရေသာ ခပ်များများ သောက်ပေးနေရင် သည်းခြေကျောက်တွေ တဖြည်းဖြည်း လွယ်လွယ်ကူကူပဲ ကျေသွားမှာပါတဲ့။
 

အသီးအရွက်ဖျော်ရည်။ Beet လို့ခေါ်တဲ့ သကြားမုန်လာ+ ခါကြက်ဥ ဆိုတဲ့ မုန်လာဥနီ+ သခွားသီးတွေကို ရောကြိတ်မွှေထားတဲ့အရည်ကို တစ်နေ့ ၂ ကြိမ်နှုန်းနဲ့ ၂ ပတ်ဆက်တိုက် သောက်ပေးရပါမယ်။ ပျမ်းမျှအချိုးကတော့ သကြားမုန်လာ ၁ လုံး၊ သခွားသီး ၁ လုံး၊ မုန်လာဥနီ အရွယ်လတ် ၄ လုံးလောက် လို့ ဆိုပါတယ်။
 

Epsom salts ခေါ်တဲ့ ဆားခါးပါ။ ဝမ်းမှန်အောင်လဲ သုံးကြပါတယ်။ အဲဒီဆားခါးဟာ သည်းခြေပြွန် တစ်လျှောက် သည်းခြေကျောက်တွေ လွယ်လွယ်ကူကူ ဖယ်ရှားပေးစေနိုင်ပါတယ်။ ဆားခါး လ္ဘက်ရည်ဇွန်း ၁ ဇွန်းကို ရိုးရိုးရေထဲ လောင်းထည့်ပြီး ညနေပိုင်း သောက်ပေးရမှာပါ။
 

ဆနွင်းမှုန့် လ္ဘက်ရည်ဇွန်း ၁ ဇွန်းလောက်ကို ပျားရည်နဲ့ရောပြီး သည်းခြေကျောက် ကြေသွားတဲ့အထိ စားပေးရမှာပါ။
 

လိမ္မော်သီး၊ ဂရိတ်ဖရု၊ သံပုရာသီး အစရှိတဲ့ Citrus သစ်သီးတွေမှာ ပါဝင်တဲ့ pectin ဓာတ်ဟာ သည်းခြေကျောက်နဲ့ဆိုင်တဲ့ ကိစ္စတွေကို နိုင်နင်းပါတယ်။
 

Herbal Tea လို့ခေါ်တဲ့ ဆေးဖက်ဝင်အရွက်တွေကို လ္ဘက်ရည်ကြမ်းလို သောက်တာမျိုးပါ။ ရေဆူဆူထဲမှာ ဆေးရွက် ၄-၅ ရွက်လောက် ခပ်ပြီး ရေနွေးကြမ်းသောက်သလို သောက်ရတာပါ။ သဘာဝအတိုင်းကနေ ထုတ်လုပ်တာမို့လို့ သည်းခြေကျောက် ကုသရေးမှာ ထိရောက်ပါတယ်။ St.John’s Wort ခေါ်တဲ့ ဆေးဖက်ဝင်အဝါရောင်ပန်းပွင့် အပင်မျိုး (မြန်မာအခေါ် မသိလို့ပါ။ သိသူများ ကွန်မန့်မှာ ရေးပေးပါနော) ကိုဆိုရင် လ္ဘက်ရည်ကြမ်းလို တစ်ခါသောက်ရင် တစ်ခွက်စာလောက် တနေ့တာအတွင်း သောက်ပေးနိုင်ပါတယ်။

ရောစပ်သံပုရာဖျော်ရည်။ သံလွင်ဆီ ၃၀ မီလီ၊ သံပုရာညှစ်ရည် ၃၀ မီလီနဲ့ ကြက်သွန်ဖြူအနှစ် ၅ ဂရမ်လောက်ကို ရောစပ်ပြီး မနက်တိုင်း ဗိုက်ထဲ ဘာအစာမှ မရှိခင် စားပေးရမှာပါ။ အနည်းဆုံး ရက်ပေါင်း ၄၀ မှန်မှန် လုပ်ပေးရမှာပါ။ လုပ်နိုင်ပါ့မလား။

အသည်းမှာ ကျောက်တည်နေတဲ့ ဝေဒနာရှင်များအတွက်လည်း Share ပေးလိုက်ကြပါဦးနော်။

စောနွဲ ့နေဆိုင်(ပူတာအို)

Ref : MWD

No comments