New Artical

မြန်မာတို့၏ရာဇဝင်တွေက ကိုးသင်္ချိုင်းဓါး

မြန်မာတို့၏ ရာဇဝင်တွေက “ကိုးသင်္ချိုင်းဓါး” ကနောင်မင်းသားကြီးသည် တုတ်ပြီး၊ဓားပြီး သေနတ်ပြီးတယ်လို့ ဖတ်ရှုသိရှိရသည် ကနောင်မင်းသားကြီးကို မြင်ကွန်း၊ မြင်းခုံတိုင်က ကိုးသင်္ချိုင်းဓား အစီအရင်နဲ့ လုပ်ကြံသတ်ဖြတ်လို့ သေရတယ်တဲ့ ဒါ့ကြောင့် ကိုးင်္သချိုင်းဓားအကြောင်းကို အနည်းငယ်မျှဝေချင်ပါသည်။ 

ကိုးင်္သချိုင်းဓားသည် အမည်နှင့်လိုက်အောင်ပင် သင်္ချိုင်းကိုးခု၏ ခေါင်းတလားမှသံများကို စုပေါင်း၍ သံရည်ကျိုပြီး သွန်းလုပ်ရသည်။ သံရည်ကျိုပြီးသောအခါ စနေသား ပန်းပဲဆရာမှက ဓားပုံလောင်းရသည်။ (အများအားဖြင့်စနေနေ့တွင်ဓားကိုပုံလောင်းကျသည်။) ဓားကိုပုံချောအဖြစ် ရအောင်ယူပြီး ဓားဆေးသော အခါသင်္ချိုင်း၌ ဆေးရသည်။

ဓားမဆေးမှီ (၇)ရက်တိုင်တိုင် သက်ဆိုင်ရာပုဂ္ဂိုလ်တို့ကို ပင့်ဖိတ်ပြီး သက်ဆိုင်ရာဂါထာမန္တာန်တို့ကို (၇) ရက် တိတိ ရွတ်ဖတ်ရသည်။ ဓားဆေးသောအခါ ရေဖြင့်မဆေးရပဲ အစိမ်းသေသွေးဖြင့်သာ ဆေးရသည်။ အကယ်၍ အစိမ်းသေမှရသော သွေးမများပါက ၎င်းသွေးအနည်းအငယ်သာယူပြီး အခြားကျွဲ ၊ နွားသွေးများ ရောနှောကာ ဆေးရသည်။ 

ဓားဆေးပြီးသောအခါ စနေသမီးအုံးသော ခေါင်းအုံးအောက်၌  (၇)ရက်ပြည့်အောင် ထားရသည်။ ထိုသို့ ပြီးသည်နှင့် ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းတော်ကြီးများကမ္မဝါဖတ်နေချိန်၌ ဘုန်းတော်ကြီးများ မသိအောင် ကျောင်းနှင့်မနီးမဝေး ကမ္မဝါဖတ်သံကြားရသော နေရာ၌ထားရသည်။ ပြီးလျှင်မြို့တော်ရှင်ဟု လူအသိများသော ကိုးမြို့ရှင်နတ်ကွန်းတွင် ဓားကို(၉)ရက်တိတိ ထားရသည်။ ဓားပြီးသောအခါ ဓားအိမ်ကိုတလားပျဉ် (ခေါင်းပျဉ်)နှင့် ပြုလုပ်ရသည်။ ဓားအရိုးကို လူသေထိုးသောတစူးဝါးဖြင့် ပြုလုပ်ရသည်။ ဓားကိုသပ်ပင်းသည့်အခါ အစိမ်းသေ ဆံပင်ကိုးချောင်းဖြင့် ဒမင်းကို သပ်ပင်းရစ်ပတ်ပြီးမှ သပ်ပင်းရသည်။

                            ဓားတစ်ချောင်းလုံး ပြီးစီးသောအခါ သက်ဆိုင်ရာဂါထာဖြင့် (၉)ရက်မန်းမှုတ်ပူဇော်ရသည်။ ပြီးပါကဓားကို အသုံးပြူနိုင်မည်ဖြစ်သည်။ ဓားကိုသွေးဖြင့်ဆေးထားသောကြောင့် ဓားအရောင်မှာ သွေးအရောင်ကဲ့သို့ ညိုမှိုင်းမှိုင်းဖြစ်နေသည်။ အကြောင်းမရှိပဲ ဓားကိုဓားအိမ်မှထုတ်၍မရပေ။ ထုတ်ပြီးလူသွေးမစွန်းပဲ ဓားအိမ်အတွင်းသို့ ပြန်ထည့်၍မရပေ။ အခြားသူကိုမခုတ်ခြင်လျှင် မိမိလက်မောင်းကို ဖောက်ပြီးသွေးစွန်းမှ ပြန်ထည့်၍ရသည်။

 ဓားအစွမ်းမှာ ကာယသိဒ္ဓိပြီးသူကို ခုတ်လျှင်ပြတ်။ စုန်း၊ကဝေတို့၏ စက်ကြိုးများကို ဓားနှင့်ဖြတ်နိုင်သည်။ ဉာဏ်ရှိလျှင် ရှိသလိုသုံးနိုင်၏။ ကိုးသင်္ချိုင်းဓားမှာ ပရလောကသားများနှင့် ပတ်သက်နေသောဓားဖြစ်၏။ ထို့ကြောင့် သုံးစွဲသူများအတွက်လဲ အန္တရာယ်များသည်။ အိမ်ပေါ်မှာမထားပဲ အိမ်အောက်တွင် လျှို့ဝှက်စွာထားရသည်။ မကြာခဏသွေးလောင်းရသည်။ မေ့လျော့နေလျှင် မကောင်းဆိုးဝါးများ ရောက်လာပြီး ခြောက်လှန့်သတိပေးခြင်း သုံးစွဲသူများအတွက် အန္တရာယ်ကျရောက်ခြင်းများ ဖြစ်နိုင်လေသည်။

ဤသည်မှာကျွန်ုပ်ဖတ်ခဲ့ရဖူးသောကိုးသင်္ချိုင်းဓားအကြောင်းပင်ဖြစ်လေသည်။

 မြန်မာရာဇဝင်မှာ ကိုးသင်းချိုင်းဓားကိုနိင်တဲ့ ဓား၂လက်ရှိပါသေးတယ် တလက်ကယိမ်းနွဲ့ပါဓားဖြစ်ပြီး တလက်က နတ်မင်းကြီးလေးပါးဓားပါ နတ်မင်းကြီးလေးပါးဓားအကြောင်းက ကျနော်လည်း ရှာနေတုန်းပါ မတွေ့သေးပါ တွေ့လျှင်ပြန်လည်မျှဝေပါမည် ။

Credit:

No comments