New Artical

ပိုးတွေ့လူနာ ၁၄ ဦးထပ်မံသေဆုံးပြီး လူနာသစ် ၂၆၃ ဦးစစ်ဆေးတွေ့ရှိ


 ပိုးတွေ့လူနာ ၁၄ ဦး ထပ်မံသေဆုံးပြီး လူနာသစ် ၂၆၃ ဦးစစ်ဆေးတွေ့ရှိကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန က ယမန်နေ့တွင်ထုတ်ပြန်သည်။

သေဆုံးလူနာ ၁၄ဦးတွင် ရောဂါအခံရှိသူ ၁၂ဦးပါဝင်ပြီး ကျန်လူနာနှစ်ဦးမှာ ရောဂါအခံ မရှိသူများဖြစ်ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြသည်။ ထို့ကြောင့် တစ်နိုင်ငံလုံးတွင် သေဆုံးပိုးတွေ့ လူနာ ၃,၁၆၀ ဦးရှိပြီဖြစ်သည်။null

ဖေဖော်ဝါရီ ၂ရက်မှ ၃ရက် နေ့ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၁,၁၉၆ ခုအား စစ် ဆေးပြီးစီးခဲ့ရာ COVID-19 ရော ဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၂၆၃ ဦးတွေ့ရှိကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြသည်။ ထို့ကြောင့် တစ်နိုင်ငံလုံးတွင် ပိုးတွေ့အတည် ပြုလူနာ ၁၄၀,၉၂၇ ဦးရှိပြီဖြစ် သည်။

ကိုဗစ်ရောဂါဖြစ်ပွားမှုနှင့် စပ်လျဉ်းပြီး ဓာတ်ခွဲနမူနာများ အပေါ်မူတည်၍ ပိုးတွေ့လူနာ တွေ့ရှိမှုနှုန်းများတွင် ဖေဖော်ဝါရီ ၁ ရက်က ၂ ဒသမ ၃ ရာခိုင်နှုန်းရှိ ခဲ့ပြီး ၂ ရက်နေ့တွင် ၂ ဒသမ ၅ ရှိကာ ၃ရက်တွင်မူ ၂ ဒသမ ၄ ရာခိုင်နှုန်း အသီးသီးဖြစ်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

ထို့အပြင် ယမန်နေ့ညနေ ပိုင်းအထိတစ်နိုင်ငံလုံးတွင် ပိုး တွေ့လူနာ ၈၇,၂၇၀ ဦးဖြင့် ရန်ကုန်တိုင်းမှ အများဆုံးဖြစ်ပြီး ပိုးတွေ့လူနာ ၁၇၅၉၇ဦးဖြင့် မန္တလေးတိုင်းမှ ဒုတိယပိုးတွေ့လူ နာ ၉,၂၃၁ဦးဖြင့် ပဲခူးတိုင်းမှ တတိယနှင့် ဧရာဝတီတိုင်းမှာပိုး တွေ့လူနာ ၆,၁၆၅ ဦးဖြင့်စတုတ္ထ ဖြစ်သည်။

တစ်နိုင်ငံလုံးပိုးတွေ့လူနာ အများဆုံးဖြစ်သော တိုင်းဒေသ ကြီးလေးခုတွင် ဖေဖော်ဝါရီ ၂ ရက်နေ့တစ်ရက်တည်း ပိုးတွေ့ လူနာတွေ့ရှိမှုမှာ ရန်ကုန်တိုင်း တွင် ၄၃ဦး၊ မန္တလေးတိုင်းတွင် ၇၇ဦး၊ ပဲခူးတိုင်းတွင် ၁၄ ဦးနှင့် ဧရာဝတီတိုင်းတွင် ၃၉ဦး အသီး သီးရှိကြောင်း ဝန်ကြီး‌ဌာနထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

Ref : myanmarnews

No comments