New Artical

တစ်နေကုန် နေပူထဲ အကြာကြီး လမ်းလျှောက်ရချိန်မှာ ရေဓာတ်မဆုံးရှုံးစေဖို့

Photo Crd: DrMyanmar

ရာသီဥတုပူပြင်းနေချိန်မှာ နေပူထဲ အချိန်အကြာကြီး လမ်းလျှောက်ခြင်း၊ လူစုလူဝေးကြား သွားလာခြင်းကြောင့် ရေဓာတ်ခမ်းခြောက်ခြင်း အလွယ်တကူဖြစ်ပေါ်နိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ခေါင်းမူး ခေါင်းကိုက်ခြင်း၊ အပူလျှပ်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

>> ဒီလိုမဖြစ်စေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 
● အိမ်ကမထွက်ခင်မှာ
အိမ်ကမထွက်ခင် ၂ နာရီအလိုလောက်မှာ ရေသန့်တစ်ဘူးစာ (500ml) ကို သောက်ထားပါ။ ရေဓာတ် ပိုမိုနည်းပါးစေမယ့် အရည်များဖြစ်တဲ့ ကော်ဖီ၊ လက်ဖက်ရည်နှင့် အားဖြည့်အချိုရည်တွေကိုတော့ တတ်နိုင်သမျှ လျှော့သောက်ပါ။ ဆားဓာတ်ဟာ ကိုယ်ခန္ဓာအတွင်းရှိဓာတ်တွေကို မျှတစေတဲ့အတွက် မနက်စာတွင် ဆားပါအောင်စားခြင်း၊ ဓာတ်ဆားရည်ဆောင်ခြင်းတို့ ပြုလုပ်ပါ။

● လမ်းလျှောက်နေစဉ်မှာ

မိနစ် ၂၀ ခန့် လမ်းလျှောက်ပြီးတိုင်း ရေဓာတ်ပြန်ဖြည့်ဖို့ လိုပါတယ်။ အရသာမပါသော ရိုးရိုးရေသန့် သောက်ရင်ကို လုံလောက်နေပါပြီ။ ၂ နာရီထက်ပိုပြီး လမ်းလျှောက်ရမယ့်အခါမျိူးမှာတော့ ဆားဓာတ်ပါတဲ့ ဓာတ်ဆားရည်၊ ဆားဓာတ်ပါဝင်တဲ့ sports drink စတာတွေကို သောက်ပေးဖို့ လိုပါပြီ။

သင့်အနေနှင့် ရေဆာလာပြီဆိုတာနှင့် ရေ သို့မဟုတ် အရည်တစ်ခုခုကို အမြန်ဆုံးသောက်ပေးသင့်ပါတယ်။ အခုလို ရာသီဥတု ပူနေချိန်မှာ ရေဓာတ်ပိုမိုဆုံးရှုံံးနိုင်တာမို့ အထူးဂရုပြုသင့်ပါတယ်။

● လမ်းလျှောက်ပြီးချိန်မှာ

ရေကို တဝကြီး ပြန်သောက်ပေးပါ။ Electrolyte ပါတဲ့ ဓာတ်ဆားရည်များနှင့် sports drink တွေကိုလည်း သောက်ပေးလို့ရပါတယ်။

>> ရေဓာတ်ခမ်းခြောက်ခြင်းကို ပြတဲ့လက္ခဏာတွေကတော့ -
● ရေဆာခြင်း
● ဆီးဝါခြင်း၊ ဆီးနံ့ပြင်းခြင်း
● မူးဝေခြင်း
● ပင်ပန်းနေခြင်း
● နှုတ်ခမ်းနှင့်အာခေါင်ခြောက်ခြင်း
● ဆီးသွားတာနည်းခြင်း (တစ်နေ့ကို ၄ ကြိမ်ထက်နည်း) တို့ ဖြစ်ပါတယ်။

>> အောက်ပါအခြေအနေများတွင် ရေဓာတ်ခမ်းခြောက်ခြင်း ပိုမိုဖြစ်ပေါ်နိုင်ပါတယ်။
● ဆီးချိုရောဂါရှိသူများ
● အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း
● နေပူထဲတွင် အကြာကြီးရပ်နေခြင်း
● အရက် အများကြီး သောက်သုံးထားသူများ
● လေ့ကျင့်ခန်းလုပ်ပြီးနောက် ချွေးတအားထွက်သူများ
● ရာသီဥတုပူပြင်းချိန်တို့ပဲ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) DrMyanmar

No comments