New Artical

ချင်း(ဂျင်း)ပြုတ်ရည်ကိုဘာကြောင့်သောက်သင့်လဲ

 


သတိပြုလိုက်နာရမည့်အချက်များ

-  ချင်း(ဂျင်း)နဲ့ပျားရည်ကိုအသက် 2 နှစ်အောက်ကလေးငယ်များကို တိုက်ကျွေးခြင်းမပြုရပါ။

-  အသက် 6 နှစ်နဲ့ 10 နှစ်အရွယ်ကလေးတွေကိုတော့ တစ်နေ့လျှင် ချင်း(ဂျင်း)ဖျော်ရည် 2 မီလီဂရမ်အထိ တိုက်ကျွေး နိုင်ပါတယ်။

-  အရွယ်ရောက်ပြီးသူတွေအနေနဲ့ တစ်နေ့လျှင် 4 ဂရမ်ထက်ပို၍ မသောက်သင့်ပါဘူး။

-  ကလေးယူတော့မယ့် မိခင်လောင်းတွေအနေနဲ့ တစ်နေ့လျှင် 1 ဂရမ်သာသောက်ပေးဖို့ လိုအပ်ပါတယ်။

 

ချင်း(ဂျင်း)ပြုတ်ရည်ကိုဘာကြောင့်သောက်သင့်လဲ

        အိမ်ရှင်မအများစုဟာ ချင်း(ဂျင်း)ကို ဟင်းချက်ရာမှာသာ ထည့်သုံးတတ်ကြပါတယ်။ ဒါပေမယ့် ဈေးနှုန်းကလည်း မမြင့်မား၊ အလွယ်တကူလည်း ၀ယ်ယူရရှိနိုင်တဲ့ ချင်း(ဂျင်း)တစ်လက်မှာ ဆေးစွမ်း ထက်မှု များစွာ ပါရှိနေပါတယ်။ ဒါကြောင့် ရောဂါများစွာကို သက်သာပျောက်ကင်း စေနိုင်တဲ့ ချင်း(ဂျင်း)ရဲ့ အသုံး၀င်ပုံတွေကို လေ့လာလိုက်ကြရအောင်။

 

1. အအေးမိ‌ဝေဒနာသက်သာစေနိုင်ခြင်း

       ချင်း(ဂျင်း)ပြုတ်ရည် ပူပူလေးကို သောက်ပေးပါက အဖျားပျောက်ကင်းစေနိုင်ပါတယ်။ ချင်း(ဂျင်း)ပြုတ်ရည်ထဲမှာ လက်ဖက်ခြောက်ခတ်ပြီး လက်ဖက်ရည်ကြမ်း အဖြစ်လည်း သောက်သုံးပေးနိုင်ပါ တယ်။

 

2. ချောင်းဆိုးပျောက်စေနိုင်ခြင်း

        ချင်း(ဂျင်း)ဖျော်ရည်ကိုပျားရည်နဲ့ရောကာ တစ်နေ့ 3 ကြိမ်လောက် သောက်ပေးပါက လည်ချောင်းနာသက်သာစေပါတယ်။ ချွဲ၊ သလိပ်တွေကို ချေဖျက်ပေးပြီး ခံတွင်းရှင်းစေပါတယ်။ အကယ်၍ ချောင်းခြောက် ဆိုးသူဖြစ်ပါက ချင်း(ဂျင်း)နု ဖျော်ရည်ကိုသောက်ပေးသင့်ပြီး ချွဲ၊ သလိပ်သံပါတဲ့ ချောင်းဆိုးနေသူ ဖြစ်ပါက ချင်း(ဂျင်း)အရင့်ကိုဖျော်ပြီးသောက်ပေးသင့်ပါတယ်။

 

3. သွေးခဲခြင်းမှကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိရှိခြင်း

          မိမိနေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ ချင်း(ဂျင်း)ထည့်ပြီးချက်ပြုတ်စားသောက်ခြင်း ဒါမှမဟုတ် အဖျော်ယမကာထဲကို ချင်း(ဂျင်း)နုရည်လက်ဖက်ရည်ဇွန်း 1 ဇွန်းထည့်ပြီး သောက်သုံးပေးခြင်းဖြင့် သွေးခဲခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

 

4. စိတ်ဆန္ဒကို နှိုးဆွပေးနိုင်ခြင်း

          ထမင်းစားပြီးတဲ့အခါ ချင်း(ဂျင်း)လက်ဖက်ရည်ပူပူလေးသောက်ပေးပါက လိင်စိတ်ကို နှိုးဆွပေးနိုင်ပါ တယ်။

 

5. အစာအိမ်အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ရောဂါများကိုပျောက်ကင်းစေနိုင်ခြင်း

          ရေတစ်ဖန်ခွက်ထဲမှာ ချင်း(ဂျင်း)နုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ သံပရာရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပူဒီနာလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ပျားရည်အနည်းငယ်ရောဖျော်၍ သောက်သုံးပါကရင်ပူခြင်း၊ အစာမကြေခြင်း၊ ပျို့အန်ခြင်း စတဲ့ေ၀ဒနာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

 

6. ပင်ပန်းနွမ်းလျမှုကိုသက်သာစေနိုင်ခြင်း

          ပါးပါးလှီးထားတဲ့ချင်း(ဂျင်း)ကို သစ်ကြားပိုးခေါက်နဲ့ရောပြုတ်ပါ။ ပြုတ်ပြီးသားအရည်ကို ရွှေရောင် သန်းလာသည်အထိ နာရီ၀က်လောက် အဖုံးနဲ့ဖုံးအုပ်ထားပါ။ ယင်းပြုတ်ရည်ကိုသောက်ပေးခြင်းဖြင့် ပင်ပန်းနွမ်းလျမှုကိုပြေပျောက်စေပြီး ကြွက်သားများ နာကျင်ကိုက်ခဲမှုဒဏ်မှ ကင်းဝေးစေပါတယ်။

 

7.  လေပွခြင်းနဲ့ ရာသီလာချိန်မှာဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုများကို သက်သာပျောက်ကင်းစေနိုင်ခြင်း

          ထောင်းပြီးသားချင်း(ဂျင်း)နုကိုပြုတ်ပြီး ပျားရည်အနည်းငယ်ထည့်ကာ တနေ့ 2-3 ကြိမ် သောက်ပေးပါက ရာသီလာချိန်မှာဖြစ်တတ်တဲ့ ကြွက်သားတွေ ကိုက်ခဲနာကျင်ခြင်းကို ပျောက်ကင်းစေ ပါတယ်။ ရာသီမလာခင် 3 ရက် အလိုကစပြီး ရာသီပြီးတဲ့အထိ သောက်ပေးသင့်ပါတယ်။ တခါတရံ ရာသီလာရမယ့် ရက်ကိုရောက်ပေမယ့် မလာသေးဘဲ နောက်ကျနေရင်လည်း ဒီချင်း(ဂျင်း) ဖျော်ရည်ကို သောက်ပေးခြင်းဖြင့် ရာသီလာစေနိုင်ပါတယ်။

 

8. ရောင်ရမ်းမှုတွေကိုသက်သာစေနိုင်ခြင်း

          ချင်း(ဂျင်း)ဟာရောင်ရမ်းမှုတွေကိုသက်သာစေနိုင်တဲ့ ဆေးဖက်၀င်အပင်ဖြစ်တဲ့ အတွက် ရောင်ရမ်းခြင်းကြောင့်ဖြစ်စေတဲ့ ဂေါက်ရောဂါ (Gout)၊ အရိုးအဆစ်ရောင်ရောဂါ (Osteoarthritis)နဲ့ Autoimmune ရောဂါတစ်မျိုးဖြစ်တဲ့ Rheumatoid Arthritis တွေကိုသက်သာစေနိုင်တဲ့အပြင် ဖူးရောင်နေတဲ့ဒဏ်ရာတွေကို လျော့ပါးစေနိုင်တဲ့ အစွမ်းအာနိသင်ရှိပါတယ်။

 

9. မူးဝေခြင်းနှင့် ပျို့အန်ခြင်းကိုသက်သာစေနိုင်ခြင်း

          ချင်း(ဂျင်း)နုဖျော်ရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ပျားရည်ကိုရောပြီးသောက်ပေးပါက ကိုယ်၀န်ဆောင်စတွင် နံနက်ခင်းတိုင်းခံစားရလေ့ရှိတဲ့ ပျို့အန်ခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ပျို့အန်ခြင်းနဲ့မအီမသာဖြစ်ခြင်း၊ မေ့ဆေးပေး၍ ခွဲစိတ်ကုသမှုအပြီးဖြစ်လေ့ရှိတဲ့ မူးေ၀ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

 

10.    ကိုက်ခဲမှုတွေကိုပျောက်ကင်းစေနိုင်ခြင်း

          ချင်း(ဂျင်း)ဖျော်ရည်ဟာ ကိုက်ခဲမှုေ၀ဒနာတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ ဆေးစွမ်းကောင်း တစ်လက်ဖြစ်ပါတယ်။

 

11.    ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်ခြင်း

          ရေနွေးတစ်၀က်ခန့်မှာ ချင်း(ဂျင်း)ဖျော်ရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းရောပြီး အစာမစားခင် သောက်ပေးပါက ကိုယ်ခံစွမ်းအားကောင်းစေပါတယ်။

 

12. ကင်ဆာရောဂါနဲ့ အသည်းရောဂါများကို ကာကွယ်ပေးနိုင်စွမ်းရှိခြင်း

        ချင်း(ဂျင်း)ဖျော်ရည်ကို သောက်သုံးပေးခြင်းကြောင့် ကင်ဆာနဲ့ အသည်းရောဂါတွေကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။

 

13.  ကိုလက်စထရောကိုလျော့ကျစေနိုင်ခြင်း

          ချင်း(ဂျင်း)ဟာ ခန္ဓာကိုယ်အတွင်းရှိမကောင်းတဲ့ ကိုလက်စထရောတွေကိုလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချနေတဲ့သူတွေလည်း စားသုံးပေးသင့်ပါတယ်။

 

Cho Thet

DrMyanmar

No comments