New Artical

ဆီးရောဂါများအတွက် သခွါးသီးရည်


သခွားသီးအရည် သံပရာရည် တစ်ဇွန်းနှင့် ရေအေးရောစပ်ကာ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့လိမ်းပေးပါက ဆီးနှင့် အသားပူခြင်း ရောဂါများ ပျောက်ကင်းနိုင်
အသားအရေပူသူများ၊ ဆီးရောဂါနှင့် အမျိုးသမီးများ ဓမ္မတာ သွေးပုပ်ကျန်သည့် အမျိုးသမီး ရောဂါများကို ခံစားနေရပါက မိမိအိမ်တွင်း၌ပင် ကုသပျောက် ကင်းစေနိုင်သည့် သဘာဝ သစ်သီးများနှင့် ဆေးကုသနည်း တစ်ရပ်ကို ရေးသား ဖော်ပြလိုက်ရပါသည်။

သခွားသီးတစ်လုံးကို အစေ့ထုတ်၍ အရည်ရသလောက် ညှစ်ယူထားပြီး သံပရာရည် တစ်ဇွန်းနှင့် ရေအေးအေးတွင် ရောစပ်ကာ သမအောင်မွှေပြီးလျှင် မျက်နှာနှင့်ခြေ၊ လက်၊ ခန္ဓာကိုယ်မကျန် လိမ်းကျံပေးခြင်းအားဖြင့် အသားအရေ ချောမွတ်စိုပြည်လာပြီး ပူနေသည့်အသားကို အေးမြလာစေမည် ဖြစ်သည်။ နေ့စဉ်ညအိမ်ရာဝင်တိုင်း အမြဲပြုလုပ် ပေးပါက မျက်စိကြည်လင်ခြင်းအပြင် ဆီးရောဂါနှင့် ဓမ္မတာ သွေးပုပ်ကျန် အမျိုးသမီးများ အတွက် ရောဂါများကို ပျောက်ကင်းစေနိုင်သည်ဟု ဆေးသုတေသန မှတ်တမ်းများအရ သိရသည်။

”အခုနောက်ပိုင်း ရောဂါတစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ်၊ ဝေဒနာတစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ် ဆေးခန်းကိုသွားပြီး မပြချင်ကြဘူး။ အိမ်ထဲမှာပဲ ဆေးမြီးတိုတွေနဲ့ ကျိတ်ကုကြတယ်။ ဒါကကောင်းတော့ မကောင်းဘူး၊ အနာနဲ့ဆေးမတည့်ရင် ရောဂါတွေ ပိုဆိုးလာမယ်။ ဒါပေမဲ့ သဘာဝသစ်သီးတွေနဲ့ ကုသရင်တော့ ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါဘူး”ဟု တိုင်းရင်း ဆေးသမားတော်ကြီး ဒေါ်သီသီထွန်းက ပြောသည်။

အရေပြားဆိုင်ရာ ချောမွတ်လာစေရန်နှင့် ဝင်းဝါသော အသားအရောင်၊ အေးမြသော ကိုယ်ရေ ကိုယ်သားတို့ကို ရရှိစေရန်အတွက် မက်မွန်သီးတစ်လုံး၊ နှစ်လုံးကို ရေနွေးဖြောပြီး အစေ့ထုတ်ကြိတ်၍ အရည်ညှစ်ယူထားကာ သံပရာရည်၊ ခရမ်းချဉ်သီးရည်နှင့် လက်ဖက်စိုရည် တစ်ဇွန်းစီ ရောမွှေရမည်ဖြစ်သည်။ ယင်းနောက် မိမိခန္ဓာကိုယ်ကို သုတ်လိမ်းပေးမည် ဆိုပါက အဆီပြန်ခြင်း ကင်းဝေးသွားပြီး အေးမြသည့် အသားအရေကို ပိုင်ဆိုင်ရရှိလာမည် ဖြစ်သည်။

ထို့အပြင် ပါးရေတွန့်ခြင်းနှင့် အရေပြားဆိုင်ရာ ပြယုဂ်တစ်ခု ဖြစ်သော နဖူးရေ တွန့်ခြင်းတို့မှာလည်း လိမ်ညာ၍မရသည့် အရေပြားလျော့ရဲသည့် လက္ခာဏာ တစ်ရပ်ဖြစ်ပြီး ထိုအရေးအကြောင်းများနှင့် အသားရေ တွန့်ခြင်းတို့ကို ပြေပျောက်စေမည့် နည်းလမ်းမှာ ဂေါ်ဖီထုပ် အလယ်ရွက်ဖြစ်သော အရည်ရွှမ်းမည့် အရွက်သုံးရွက်ခန့်ကို သန့်စင်အောင် ဆေးကြော၍ ပျားရည်လက်ဖက်ရည် တစ်ဇွန်းနှင့် ရေထည့်ကာ သမအောင်မွှေ၍ အရည်ရအောင် ညှစ်ယူလိုက်ပြီး ရရှိသောအရည်ကို မျက်နှာ၊ လက်မောင်း၊ လည်ပင်းနှင့် ခြေလက်တို့ကို လိမ်းကျံပေးခြင်းဖြင့် အရေပြားတွန့်ခြင်းကို သက်သာစေနိုင်မည် ဖြစ်သည်။


No comments