New Artical

ဟောင်းနွမ်း စုတ်ပြဲနေတဲ့ ဘုရားပုံတော်တွေ ဘုရားစာအုပ်တွေ ကို စွန့်ပစ် ရန် သင့်မသင့်


မြင့်မြတ်တဲ့နေရာမှာထားပြီးပူဇော်ခဲ့တဲ့ ဘုရားပုံတော်တွေ ဘုရားစာအုပ်တွေ ဟောင်းနွမ်းစုတ်ပြဲသွားလို့ စွန့်ပစ်ရတော့မယ်ဆိုရင် ဘယ်နေရာမှာစွန့်ပစ်ရင်သင့်တော်မလဲဆိုတာကို စိတ်ထဲ ဇဝေဇဝါနဲ့ ဆုံးဖြတ်မရ ဖြစ်ခဲ့ပါတယ်။ မစွန့်ပစ်ရက်လို့ စုထားပြန်ရင်လည်း တဖြည်းဖြည်း

များလာပြီး ထားစရာနေရာက အခက်အခဲရှိလာပြန်တယ် ဒီတော့ မဖြစ်မနေစွန့်ပစ်ရတော့မယ်ဆိုပြန်ရင်လည်း မသင့်တော်တဲ့နေရာမှာ စွန့်ပစ်မိမှာ စိုးကြပြန်ပါတယ် ဒါနဲ့တစ်နေ့က ဒီကိစ္စနဲ့ပတ်သက်ပြီး မေးထားတာကို မနောပဒါယီ အရှင်ဝိစိတ္တဆရာတော် ဖြေထားတဲ့စာတစ်ပုဒ်

ဖတ်လိုက်ရတဲ့အခါ ကိုယ့်လိုပဲ ဇဝေဇဝါနဲ့ ဆုံးဖြတ်မရ ဖြစ်နေကြတဲ့သူတွေကိုလည်း သိစေလိုတဲ့အတွက် စေတနာရှေ့ထား ဖော်ပြပေးလိုက်ပါတယ် မနောပဒါယီဆရာတော် အရှင်ဝိစိတ္တပြန်ဖြေထားတာကတော့ ဒီလိုအခက်အခဲတွေက အိမ်တွေမှာရော ဘုန်းကြီးကျောင်းတွေမှာပါ

ဖြစ်တတ်ပါတယ်။ ဘုရားပုံတွေဖြစ်လို့ ဖြစ်သလို လွှင့်ပစ်ဖျက်ဆီးပစ်ပြန်ရင်လည်း ကိုယ့်စိတ်ကိုက မသန့်ဖြစ်နေတတ်ပါတယ် စေတနာရည်ရွယ်ချက် မရှိပေမယ့် အပြစ်လုပ်မိတယ်လို့ ထင်တတ်ပါတယ်။ ဘုရားစာအုပ်အဟောင်း များကို တစ်ခြားသူတွေအနေနဲ့လည်း အသုံးမပြု

ဖြစ်တော့ပါဘူး ရှင်းလင်းဖြေရှင်းလိုက်တဲ့ ကိုယ့်မှာလည်း မီးပူဇော်လိုက်တယ်လို့ စိတ်ထဲမှာဖြစ်နေတဲ့အတွက် စိတ်သန့်ရှင်းသွားပါတယ် ဘုရားရှင်ရဲ့ ရုပ်ကလပ်တော်ကို တေဇောဓာတ်လောင်မြိုက်တဲ့သဘော အာရုံယူပြီး မီးပူဇော်လိုက်တာ အကောင်းဆုံးပါပဲ။

ဒါကြောင့် လွှင့်ပစ်ရခက် ထားရခက်နေတဲ့ ဘုရားပုံတော်တွေ တရားစာအုပ်အဟောင်းတွေကို တွေ့ရာမှာဖြစ်သလို စွန့်ပစ်တာမျိုးမလုပ်ပဲ သန့်ရှင်းသပ်ရပ်တဲ့နေရာတစ်ခုမှာ မီးပုံရှို့ပြီး မီးပူဇော်တဲ့နည်းနဲ့ ဖြေရှင်းတာဟာ အကောင်းဆုံးဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

No comments