New Artical

🌿ဒန့်သလွန်ရွက် အပွင့် အသီးရဲ့ အကျိုး​ကျေးဇူး 16 ချက် 🌿


🌿ဒန့်သလွန်ရွက် အပွင့် အသီးရဲ့ အကျိုး​ကျေးဇူး 16 ချက် 🌿  

Moringa လို့​ခေါ်တွင်တဲ့ ဒန့်သလွန်ပင်ဟာ နိုင်ငံအနှံ့အပြားမှာ​တွေ့ရှိရပြီး လူတိုင်းနီးပါးစားသုံးကြတယ်။ ဒန့်သလွန်ရွက်ဟင်းခါး၊ ငါးရံ့ဒန့်သလွန်ဟင်း လူတိုင်းစားသုံးကြမှာပါ။ သူ့ဟာကျန်းမာ​ရေးအတွက်ဘယ်​လောက်အ​ထောက်ကူပြုသလဲ​ပြော​ပေးချင်ပါတယ်။

၁။ အသားအ​ရေနဲ့ဆံပင်ကို အားဖြည့်​ပေးတယ် ထိမ်းသိမ်း​ပေးပါတယ်တဲ့။ ဒန့်သလွန်​စေ့ အဆီဟာ ဆံပင်ကျွတ်ခြင်းကိုကာကွယ်​ပေး တယ်။ ဒန့်သရွက် အပွင့် အသီး အားလုံးမှာ protein ဓါတ်ပါဝင်တဲ့အတွက် skin cell ​တွေကို ပျက်စီးခြင်းမှကာကွယ်​ပေးပါတယ်။

၂။ ​ဖော​ယောင်ခြင်း​ကိုလဲကုသနိုင်ပါတယ် (Treating Edema) anti-inflammatory properties ပါဝင်တဲ့အတွက်​ဖော​ရောင်ခြင်း​တွေကိုလဲကာကွယ်​ပေးပါတယ်။

၃။ အသည်းကိုကာကွယ်​ပေးခြင်း (protecting liver) TB ​ဆေး​တွေ​သောက်ခြင်း ​ဆေးပြင်း​တွေ​သောက်ခြင်း​ကြောင့် အသည်းပျက်စီးခြင်းကိုကာကွယ်​ပေးပါတယ်။

၄။ ကင်ဆာကိုကာကွယ်ခြင်း၊ ကုသခြင်း (protecting and treating cancer) niazimicin compound ပါဝင်တဲ့အတွက် ကင်ဆာဆဲလ်​တွေပွားလာခြင်းကိုလဲတားမြစ်ပါတယ်။

၅။ အစာအိမ်အနာဖြစ်ခြင်းကိုကာကွယ်ခြင်း အစာအိမ်​ရောဂါ - ​လေပူထ၊ အက်ဆစ်ဓါတ်များခြင်း ဝမ်းချုပ်ခြင်းအစရှိသဖြင့် အစာအိမ်​ရောဂါကာကွယ်​ပေးပါတယ်။ vitamin D များစွာပါဝင်လို့ အစာ​ခြေစနစ်​ကောင်းမွန်​စေပါတယ်။

၆။ Fighting against bacterial disease သူ့မှာပါဝင်တဲ့ antibacterial, antifungal, နဲ့ antimicrobial properties ​တွေ​ကြောင့် ​ရောဂါပိုးဝင်​ရောက်ခြင်းကို ကာကွယ်​ပေးနိုင်ပါတယ်။

၇။ Making bones healthier (အရိုးကိုသန်မာ​​စေတယ်) ဒန့်သလွန်မှာ calcium နဲ့ phosphorous ပါဝင်တဲ့အရိုး​တွေကို ကျန်းမာသန်စွမ်း​စေပါတယ်။ anti-inflammatory properties ​တွေလဲပါဝင်တဲ့အတွက် ​လေးဖက်နာ​​ရောဂါ၊ အရိုးပျက်စီးခြင်း​တွေကိုလဲ သက်သာ​စေပါတယ်။

၈။ စိတ်ကျန်းမာကို ကုသခြင်း (treating mood disorder) စိတ်ကျတာ စိတ်ပင်ပန်းလွယ်တာ ​သောကဖိစီးတာ စိတ်ပင်ပန်း​နေတာ​တွေအတွက် ကုသရာမှာအ​ထောက်ကူ​ပေးပါတယ်။

၉။ နှလုံးနဲ့ နှလုံး​သွေး​ကြောဆိုင်ရာ​တွေကို အ​ထောက်ကူပြုခြင်း ဒန့်သလွန်မှာ powerful antioxidants ပါဝင်တဲ့အတွက် နှလုံးကျန်းမာ​ရေးကို ထိန်းသိမ်း​ပေးပါတယ်။

၁၀။ အနာတရ​တွေကို သက်သာ​စေတယ် (Helping wounds to heal)

၁၁။ ဆီးချိုကိုကုသခြင်း (treating diabetes) သွေးတွင်းရှိ glucose ပမာဏကို​လျော့ချ​ပေးတယ်။ hemoglobin levels ကိုမြင့်တက်​စေပါတယ်။

၁၂။ ပန်းနာရင်ကြပ်​ရောဂါကုသခြင်း (treating asthma) ဒန့်သလွန်ဟာ ပန်းနာရင်ကျပ် attack ကို​လျော့ကျ​စေတယ်။ အဆုတ်​လေပြွန်တင်းကြပ်လာမူကိုကာကွယ်​ပေးတယ်။ အဆုတ်ရဲ့ လုပ်​ဆောင်ချက်ပို​ကောင်းလာ​စေပါတယ်။

၁၃။ ​ကျောက်ကပ်ကို ကာကွယ်​ပေးခြင်း (protecting against kidneys disorders) Antioxidants များစွာပါဝင်တဲ့ အဆိပ်အ​​တောက်​တွေကိုဖယ်ရှား​ပေးတယ်။ ​ကျောက်တည်ခြင်းကိုလဲ​လျောချ​ပေးပါတယ်။

၁၄။ ​သွေးတိုးကျ​စေတယ်( reducing high blood pressure) ဒန့်သလွန်မှာ isothiocyanate နဲ့ niaziminin compounds ပါဝင်တဲ့အတွက် ​သွေးတိုးခြင်း​ကြောင့်ဖြစ်​ပေါ်လာတဲ့ ​သွေး​ကြောထူထဲလာခြင်းကို ရပ်တန့်​စေပါတယ်။

၁၅။ မျက်စိကျန်းမာ​ရေးကိုတိုးတက်​စေခြင်း (improving eyes health) ဒန့်သလွန်မှာ antioxidants ပါဝင်မူ level မြင့်မားတဲ့အတွက် အမြင်အာရုံတိုးတက်​စေတဲ့ ပစ္စည်း​တွေပါဝင်ပါတယ်။ ဆံခြည်​သွေး​​ကြောမျင်​လေး​တွေထူထဲလာခြင်းကို ကာကွယ်​ပေးပါတယ်။ အမြင်အာရုံချို့ယွင်းခြင်းကိုလဲကာကွယ်​ပေးပါတယ်။

၁၆။ ​သွေးအားနည်း​ရောဂါ ၊ မျိုးရိုး​ကြောင့်ဖြစ်တဲ့ ပြင်းထန်​သွေး​ရောဂါ (treating anemia and sickle cell disease) ဒန့်သလွန်ဟာခန္ဓါကိုယ်မှာ သံဓါတ်စုတ်ယူမူကို အ​ထောက်ကူပြုတယ်။ ​သွေးနီဥအ​ရေတွက်တိုး​စေတယ်။ ​Anemia နဲ့ Sickle cell disease ​တွေကိုကုသရာမှာအ​ထောက်ကူပြုပါတယ်။

​နေ့စဉ်ပုံမှန်စား​သောက်​နေကျအတိုင်း ဟင်းခါး​သောက်တာ ​ကြော်ချက်စားတာ အသီးကိုချက်စားတာ စားလို့ရပါတယ်။ဒါ​ပေမယ့် တန်​ဆေးလွန်​ဘေးဆိုသလို ပမာဏများများစားသုံးရင်​တော့ ဆိုးကျိုး​တော့ဖြစ်တတ်ပါတယ်။ ​ဆေးဝါး​သောက်သုံး​နေရတဲ့သူ​တွေက​တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးသင့်ပါတယ်။ ကိုယ်ဝန်​ဆောင်မိခင်​တွေလဲဒီအတိုင်းပါဘဲ။
 
သက်ရှည်ကျန်းမာစိတ်ချမ်းသာပါ​စေ။❤🙏
Source from internet

No comments