Seafood Sauce မန်ကျည်းချဉ်
Seafood Sauce
(၃) မန်ကျည်းချဉ်
မန်ကျည်းသီး လက်တစ်ဆုပ်စာရယ်၊
ထန်းလျက် တစ်ခဲ၊
ငံပြာရည် လက်ဖက်စားတစ်ဇွန်း၊ ငရုတ်သီးစိမ်း ၁၀ တောင့်၊ နံနံပင်
လက်ဖက်စားဇွန်း ၂ဇွန်းစာပဲ လိုပါတယ်။ ပထမဆုံး မန်ကျည်းသီးကို
ရေဆေးအရည်ညှစ်ပြီး သောက်ရေတစ်ခွက်စာနဲ့ ကျိုထားပါမယ်။
မန်ကျည်းရည်ပျစ်ပြီဆိုတာနဲ့ ထန်းလျက်ခဲထည့်ကျိုပါမယ်။ ပြီးတာနဲ့
အဖက်တွေစစ်ထုတ်ပြီး ငံပြာရည်၊ ငရုတ်သီးစိမ်းပါးပါးလှီးပြီးမွှေပါမယ်။
နောက်ဆုံးမှ နံနံပင် ထည့်မွှေရင် အရသာရှိတဲ့ မန်ကျည်းချဉ်ရပါပြီ။
Crd






No comments