New Artical

ဝက်သားပြုတ်ကြော်


 

 ဝက်သားပြုတ်ကြော်

°°°°°°°°°°°°°°°°°°

သိပ်ကိုလွယ်ကူရိုးရှင်းလှတဲ့နည်းဖြစ်ပါတယ်။
တာရှည်ထားခံနိူင်တာကြောင့်တစ်ပတ်စာချက်ပြုတ်ရမယ့်သူတွေအတွက်အဆင်ပြေလှပါတယ်။
တွဲဖက်အတွက်ခရမ်းချဉ်သီးငါးပိချက်လေးချက်၊ဟင်းရည်လေးတစ်ခုလောက်ဖန်တီးလိုက်ရင်တစ်နှပ်စာအတွက်အဆင်ပြေစေအုံးမှာပါ။

အဆီဖုံးပေါင်သား.............၅၀ကျပ်သား
ချင်းကြီးကြီး...............၁တက်
သကြား....................၁ဇွန်း
ပဲငံပြာရည်အကြည်......၂ဇွန်း
ဟင်းချက်ဝိုင်...............အနည်းငယ်
ဆား+ဟင်းခတ်မှုန့်......သင့်ရုံ

ဝက်သားတွေကိုရေဆေးသန့်စင်ပါ။မိမိနှစ်သက်သောအရွယ်အတုံးလေးများတုံးပြီးပါကပါဝင်ပစ္စည်းအားလုံးနှင့်ရောနယ်ပါ။

ချင်းတက်၏တစ်ဝက်ခန့်ကိုထောင်းပြီးအရည်ညှစ်ထည့်ပါ။မိနစ်(၃၀)ခန့်နှပ်ထားပေးပါ။

နှပ်ချိန်ပြည့်ပြီဆိုရင်သင့်တော်တဲ့အိုးထဲထည့်ပြီးရေကိုမြုပ်ရုံလေးထည့်ပါ။လက်ကျန်ချင်းတစ်ဝက်ကိုဓားပြားရိုက်ထည့်ပါ။

မီးရှိန်အေးအေးနဲ့နူးပြီးရေခမ်းသည်အထိပြုတ်ပါ။ခေတ္တအအေးခံထားပါ။

ဒယ်အိုးတစ်လုံးမှာဆီသန့်သန့်ကိုပူနေအောင်အပူပေးပြီးဝက်သားတွေထည့်ကြော်ပါ။

‌ရွှေညိုရောင်လေးရပြီဆိုဆယ်ယူပြီးဆီစစ်ပါ။

Credit:

No comments