New Artical

ဗိုင်းရပ်စ်ကာကွယ်ဆေးက Gay ဖြစ်စေနိုင်တယ်လို့ ဂျူးတရားဟောဆရာ ပြောဆို


 
 ဗိုင်းရပ်စ်ကာကွယ်ဆေးက Gay ဖြစ်စေနိုင်တယ်လို့ ဂျူးတရားဟောဆရာ ပြောဆို


အစ္စရေးနိုင်ငံက ရှေးရိုးစွဲတရားဟောဆရာတစ်ဦးဖြစ်တဲ့ Daniel Asor က ကိုဗစ်ကာကွယ်ဆေးတွေဟာ အမျိုးသားတွေကို ဂေး အဖြစ် ပြောင်းလဲသွားစေနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေကို Asor က ပြောဆိုခဲ့တာဖြစ်ပြီး ကာကွယ်ဆေးတွေကြောင့် ဂေး အဖြစ်ပြောင်းလဲသွားတဲ့ သက်သေတွေလည်း ရှိတယ်လို့ ဆိုပါတယ်။Asor ဟာ YouTube မှာ Subscribers ပေါင်း ၇၅၀၀ အထိ ပိုင်ဆိုင်ထားပြီး သူ့ရဲ့ Channel မှာ သူ့ရဲ့များပြားလှတဲ့ ဗီဒီယိုတွေထဲမှာ အခုလိုပြောဆိုခဲ့မှုက တစ်ခုအပါအဝင်ဖြစ်လာခဲ့ပါတယ်။ ကာကွယ်ဆေးတွေထဲမှာ သန္ဓေသားလောင်းအလွှာကို ထည့်သွင်းအသုံးပြုမှုတွေရှိနေပြီး ဒီလိုအသုံးပြုတာတွေက ဂေး အဖြစ် ပြောင်းလဲစေနိုင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီဗိုင်းရပ်စ်ကာကွယ်ဆေးတွေဟာ မိုက်ခရိုဆော့ဖ်ကို ပူးတွဲတည်ထောင်ခဲ့တဲ့ ဘီလ်ဂိတ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ Global Evil အစိုးရရဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့လည်း စွပ်စွဲမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီလိုပြောဆိုမှုတွေဟာ အရမ်းရှေးရိုးဆွဲဆန်တဲ့ အယူဝါဒအသိုင်းအဝိုင်းက ခေါင်းဆောင်တွေနဲ့ ဆန့်ကျင်နေတာဖြစ်သလို အစ္စရေး LGBTQ အသိုင်းအဝိုင်းအနေနဲ့ အဖွဲ့ဝင်သစ်တွေကို ကြိုဆိုဖို့အသင့်ရှိနေတယ်လို့ အချက်ပေးတာလည်း ဖြစ်လာခဲ့ပါတယ်။

ဘယ်ကာကွယ်ဆေးမဆို သန္ဓေသားလောင်းအလွှာကို အသုံးပြုပြီး ပြုလုပ်ထားတယ်ဆိုတာ ငါတို့မှာ သက်သေအထောက်အထားရှိတယ်၊ ဒါက မင်းတို့ကို ဂေး ဖြစ်သွားစေနိုင်တယ်” လို့ Asor က ပြောဆိုခဲ့တာဖြစ်ပါတယ်။ သန္ဓေသားလောင်းအလွှာဟာ လူနာတွေရဲ့ ကိုယ်ခံအားတုံ့ပြန်မှုကို ရရှိဖို့ အသုံးပြုတဲ့ ဒြပ်စင်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။အစ္စရေးကတော့ Pfizer ကာကွယ်ဆေးကို ဝယ်ယူအသုံးပြုနေသလို အခြားသော ဖြစ်နိုင်ချေရှိတဲ့ ကာကွယ်ဆေးတွေကိုလည်း လေ့လာမှုတွေပြုလုပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။

credit

No comments