New Artical

လူတိုင်းရဲ့လှေကား


 လူ တွေ ဟာ လှေ ကား တစ် စင်း စီ ထမ်း ထား ကြ တယ် တဲ့ ...
ဒီ ဘ ဝ က နေ သေ လွန် သွား ပြီး တဲ့ အ ခါ မှာ ...
တ ချို့ က အဲ့ ဒီ လှေ ကား နဲ့ ပဲ နတ် ပြည် ကို တက် သွား ကြ ပြီး
တ ချို့ က အဲ့ ဒီ လှေ ကား နဲ့ ပဲ င ရဲ ပြည် ကို ဆင်း သွား ကြ တယ် တဲ့ ...
''ဆရာ တာရာမင်းဝေ''


ဘာကိုဆိုလိုသလဲ ဆိုတော့
ကျနော်တို့ လူ့လောကကြီးထဲမှာ ရှင်သန်ရပ်တည်နေကြတဲ့ လူသားတိုင်း ကိုယ်ဆီမှာရှိတဲ့ လှေကား( ကောင်းမှု ၊ မကောင်းမှု) အဲ့ဒီလှေကားနဲ့ လူတယောက် သေလွန်သွားသောအခါမှာ အဲ့သည်လူ၏ ကံ ကံ၏အကျိုးကြောင့် ကောင်းရာမွန်ရာ နတ်ပြည် နိဗ္ဗာန် သို့မဟုတ် ငရဲပြည် နိမ့်သော ဘုံဘဝ သို့လည်း ရောက်ရှိနိုင်တယ်ဆိုတာကို ဆိုလိုတာ ဖြစ်ပါတယ် ။
လူသားတို့၏ ကောင်းမှု မကောင်းမှု ဆိုတာ သေလွန်ပြီးမှသာ မဟုတ်သလို လက်ရှိ ရှင်သန် နေထိုင်ရာ ဘဝမှာလည်း အနိမ့် အမြင့် အတက် အကျ ဆိုတဲ့ ကံ ကံ၏ အကျိုးဆက်ကိုလည်း အဲ့ဒီလှေကားနဲ့ပဲ တက်လိုက် ဆင်းလိုက်နဲ့ လည်ပတ်နေကြတယ်ဆိုတာလည်း မေ့ထားလို့ မရပါဘူး ...
ဒါကြောင့် လူတိုင်း မိမိ တို့ရဲ့ လှေကားနဲ့ ကောင်းရာ မွန်ရာသို့ တက်လှမ်းမလား မကောင်းရာနေရာ သို့ နိမ့်ဆင်းသွားကြမလားဆိုတာ မိမိတို့ ပြုသည့် ကောင်းမှု မကောင်းမှု အပေါ်၌သာ မူတည်နေပါကြောင်် အသိ သတိလေးဖြင့် ဆင်ခြင်နိုင်ကြပါစေရန် အလို့ငှာ ဆရာ တာရာမင်းဝေ၏ စာသားလေးကို ကိုးကားရေးသား
ဖော်ပြလိုက်ရပါသည် ။
လူသားတိုင်း မိမိတို့ရဲ့ လှေကားဖြင့် ကောင်းရာမွန်ရာသို့ တက်လှမ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည် ။
ကိုဖြိုး(ဧရာမြေ)

No comments