New Artical

အောင်မြင်ဖို့ အရေးကြီးတဲ့ အတွေးအခေါ်တစ်ခု


 အောင်မြင်ဖို့ အရေးကြီးတဲ့ အတွေးအခေါ်တစ်ခု 

ကျွန်တော်တို့ မြန်မာနိင်ငံမှာ တိုးတက်မှုကို အင်မတန် နှောင့်နှေးစေတဲ့ ယဥ်ကျေးမှုတစ်ခုရှိတယ်ဗျ ။ ပြောရရင် culture ပေါ့ဗျာ။ ဘာသာပြန်တော့ အကြမ်းဖျင်း ယဥ်ကျေးမှုဖြစ်သွားရော ။ အဲ့ဒါဘာလဲဆို​​တော့ အမှားလုပ်မှာကို အရမ်းကြောက်တာ ။ ဘိုလိုဆို fear of failure ပေါ့ ။

.ဘာလို့ကြောက်လဲဆိုတာတော့ reason တွေက အများကြီးရှိကြမှာပါ ။ တချို့ကျတော့ ပတ်ဝန်းကျင်က ဝေဖန်ခံရမှာ စိုးလို့ ၊ တချို့ကျတော့လဲ အချိန်ကုန်လူပင်ပန်းဖြစ်မှာ စိုးလို့ ၊ တချို့ကလဲ မိဘ​ကြောင့် ၊ သူငယ်ချင်းတွေကြောင့် မျိုးစုံပေါ့ဗျာ ။ တချို့ကျတော့လဲ အမှားလုပ်မိရင် ငွေကြေးဆုံးရှုံးမှု risk တွေ ရှိနိင်တာကြောင့် ကြောက်ကျတာလဲရှိတာပေါ့ ။ ဒါကတော့ ကျွန်တော် သိပ်ထည့်မရေးတော့ပါဘူး ။ ကျွန်တော်က personal development ဘက်ကိုပဲ ဇောင်းပေးပြီး ရေးသွားမှာပါ ။

.အဓိကကြောက်ရတဲ့ အကြောင်းအရင်းကို ပြပါဆိုရင်တော့ လူအများစုက အမှားလုပ်မိတာကို ကိုယ့်ရဲ့ character (သို့) လူရည်လူသွေး ချို့ယွင်းနေမှုကြီးတစ်ခုလို့ မြင်လိုက်တာလို့ ကျွန်တော်ထင်ပါတယ် ။.ပြောရရင် ကိုယ်လုပ်လိုက်တဲ့ action တစ်ခုက မှားသွားတာ ၊ ကိုယ်လိုချင်တဲ့ ရလဒ် နဲ့ ဒီရလဒ်အတွက် ကိုယ်ရဲ့ လုပ်ရပ်နဲ့ လွဲရုံလွဲသွားတာ ၊ ကိုယ်ရဲ့ ဖြစ်တည်မှုကြီးတစ်ခုလုံးက မှားသွားတာမဟုတ်ဘူး ။

.ဒါပေမယ့် ကိုယ့်ရဲ့ အမှားအတွက်တော့ ကိုယ်တာဝန်ယူရမယ် ၊ တချိန်လုံး မမှားအောင် ပြုပြင်ရမယ် ။ အဲ့လိုမှ မဟုတ်ရင်တော့ ကိုယ်က တာဝန်မယူတတ်တဲ့လူ ဖြစ်သွားပြီ ။ အဲ့တာမှ လူရည်လူသွေးကို တကယ်ထိခိုက်တာ ။

.ပညာရေးမှာ ဖြစ်ဖြစ် ၊ career မှာ ဖြစ်ဖြစ် ၊ business မှာ ဖြစ်ဖြစ် အမှားလုပ်မိမှာကို ကြောက်နေရင် ၊ ကိုယ်အမှားလုပ်မိလို့ သူများ ဝေဖန်ခံရတာကို ကြောက်နေရင် ဘယ်ကိုမှ ခရီးမရောက်နိင်ပါဘူး ။ မှားသွားလို့ ငွေကြေးဆုံးရှုံးမှု ရှိနိင်တယ်ဆိုရင်တောင် အဲ့ဒီ့ risk ကို နည်းနိင်သမျှနည်းအောင်လုပ်ပြီး risk ယူသင့်တယ်လို့ ကျွန်တော်တော့ထင်တယ် ။

.အမှားလုပ်မိတယ်ဆိုတာ success process ထဲက အဆင့် တစ်ခုပါပဲ ။ ကိုယ်သွားချင်တဲ့ အမြင့်တနေရာကိုရောက်ဖို့ လှေကားထစ်တွေထဲက အထစ်တစ်ထစ်ပေါ့ ။ အဲ့ဒီ့ လှေကားထစ်က ကိုယ်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ရှိနေမှာပဲ ။ တစ်ထစ်ထဲလဲ ဖြစ်ချင်ဖြစ်မယ် ဆယ်ထစ်ဖြစ်ချင်ဖြစ်မယ် ရှောင်လို့ရရင်လဲ ရမယ် ရချင်မှလဲ ရမယ် ။ ကိုယ့်ရှေ့ကလူတွေရဲ့ အတွေ့အကြုံတွေ သင်ခန်းစာတွေဆီက သင်ယူလို့ရမယ်ဆိုရင်တောင် ဘယ်လောက်များ အမှားရှောင်နိင်မလဲ ။

.အမှားလုပ်ခြင်းရဲ့ နောက်ထပ်တစ်ခုတန်ဖိုးရှိတာက ကိုယ်က အမှားလုပ်မိတာက တစ်နေရာ ဒါမယ့် တခါတလေ တစ်ခြားနေရာတစ်ခုမှာပါ အသုံးချလို့ရမယ့် lesson တစ်ခုရသွားတတ်တယ် ။ အမှားကို ရှောင်ဖို့ပဲ စိတ်ထဲက စဥ်းစားနေရင် အရေးကြီးတဲ့ lesson တွေ မရနိင်ဘူး ။.ကျွန်တော် အကြံပေးချင်တာကတော့ မြန်မြန်မှား များများသာမှား ။ ​ပြီးရင် မှားတာကနေ သင်ခန်းစာယူ ပြီးရင် ပြန်မစဥ်းစားနဲ့တော့ ။

.ဥပမာပေးရရင် ကိုယ်က အဆိပ်သောက်မိတယ် ဆိုပါစို့ ။ ကိုယ့်မျက်စိရှေ့မှာ ပုံစံတူ တံခါးအချပ်တစ်ရာ ရှိတယ် ။ အချိန် limit တစ်ခု ရှိတယ် ။ အဲ့ထဲက တံခါးတစ်ချပ်နောက်မှာ ဖြေဆေးရှိတယ်ဆိုရင် မှားဖွင့်မိမှာ ကြောက်ပါဦးမလား ။ ဘယ်တစ်ချပ်က ဖြစ်နိင်ချေများမယ် ဘာညာ overthinking တွေ delay တွေ လုပ်နေပါဦးမလား ။ တစ်ပေါက်ပြီး တစ်ပေါက် ဖွင့်သွားမှာပေါ့ ။ ၉၉ ပေါက် မှားဖွင့်မိလို့ဆိုပြီး နောင်တရနေမှာလဲ မဟုတ်ပါဘူး ။ ဘဝက တိုပါတယ် ။ အဆိပ်မသောက်ထားရင်တောင် နေ့မြင်ညပျောက်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး ။

.လက်တွေ့မှာ အမှားလုပ်မိရင် အကျိုးဆက်တွေရှိလာနိင်လားဆိုတော့ ရှိနိင်တာပေါ့ ။ စာဖတ်သူလဲ ဘဝမှာ မှားခဲ့ဖူးတာတွေရှိမှာပါ ။ ဒါပေမယ့် အခုချိန်အထိ အဲ့ကအကျိုးဆက်တွေကို ပြန်စဥ်းကြည့်ရင် လုံးဝ ပြုပြင်လို့မရပဲ အမှားကြီးမှားသွားပါတယ်ဆိုတာ ဘယ်နှစ်ခုရှိလဲ ။ အမှားစုစုပေါင်းနဲ့ ယှဥ်ကြည့်ရင်ရာခိုင်နှုန်း အနည်းငယ်သာ ဖြစ်မှာပါ ။

.နောင်တဆိုတာ လုပ်လိုက်လို့ရတဲ့ နောင်တရှိသလို မလုပ်လိုက်လို့ရတဲ့ နောင်တလဲ ရှိပါတယ် ။ သေချာတာကတော့ ကမ္ဘာမှာ အအောင်မြင်ဆုံး ကုမ္ပဏီတွေ လူပုဂ္ဂိုလ်တွေကို ကြည့်လိုက်ရင်တော့ risk-taker တွေချည်းပါပဲ ။.တနေ့တနေ့ တွေဝေပြီး အချိန်တွေ ကုန်နေတတ်တဲ့ လူငယ်တွေအတွက် အင်မတန်အရေးကြီးတဲ့ အတွေးအခေါ် တစ်စဖြစ်လို့ မန်းရှင်းခေါ်ပေး ၊ share ပေး ကြပါ ။.မြန်မြန်မှား များများမှားခြင်းဖြင့် မြန်မြန်အောင်မြင်နိင်ပါစေ။

.Credit-လင်းတင်ထွန်းနီ

No comments