New Artical

လုံခြုံဘေးကင်းတဲ့ လိင်ကိစ္စဆိုင်ရာ လမ်းညွှန်

 


လုံခြုံဘေးကင်းတဲ့ လိင်ကိစ္စဆိုင်ရာ လမ်းညွှန်

ကွန်ဒုံးတစ်ခု သယ်ဆောင်ထားပါ

အရေးပေါ်အခြေအနေမျိုးကျမှ ကွန်ဒုံးရှာမရတဲ့ အဖြစ်မျိုးမကြုံရလေအောင် ကွန်ဒုံးတစ်ခုကို ကိုယ်နဲ့မကွာ အမြဲသယ်ဆောင်ထားပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျားရော၊ မရော လိုအပ်ပါတယ်။

ကွန်ဒုံးစွပ်နည်းလည်း လေ့လာထားဦး

ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလိုပဲ ကွန်ဒုံး တပ်တာချွတ်တာမှာလည်း
နည်းစနစ်တကျ ရှိဖို့လိုတယ်။ လေ့ကျင့်ခန်း လုပ်ကြည့်ရင် အကောင်းဆုံးပဲ။

ကွန်ဒုံးတပ်ပြီးမှ လိင်မှုကိစ္စ ဆောင်ရွက်ပါ


လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ လုံးဝ မကူးစက်နိုင်ဘူးဟု သေချာသော လိင်ဆက်ဆံဖော်မှလွဲ၍ ကွန်ဒုံးတပ်ပြီးမှ လိင်မှုကိစ္စ ဆောင်ရွက်ရပါမယ်။

ကွန်ဒုံးတစ်ခုလျှင် တစ်ကြိမ်သာသုံးပါ

ကွန်ဒုံးတွေဟာ တစ်ခါသုံးအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်းဖြစ်တယ်။ ဒုတိယအကြိမ်ပြန်သုံးရန် ဘယ်တော့မှမကြိုးစားပါနှင့်။

ပွင့်လင်းပါ

လိင်ဆက်ဆံမှု ဆောင်ရွက်ဖို့အခွင့်ကြုံတိုင်း ဆက်ဆံတဲ့အဖော်ကို အတွေ့အကြုံများ ရှင်းရှင်းလင်းလင်း မေးမြန်းပြောဆိုပါ။ ဥပမာ-လိင်အင်္ဂါ ရေယုန်တည်ခြင်းလိုရောဂါမျိုးကအစ သူ့မှာရော၊ ကိုယ့်မှာပါ ရှိ၊ မရှိ ပွင့်ပွင့်လင်းလင်းမေးပါ။ ပြောပြပါ။

မထင်မှတ်ဘဲ ကြုံလိုက် ရတဲ့အဖြစ်

ပါတီပွဲတက်ရင်း၊ ကလပ်တက်ရင်း၊ အားလပ်ရက်ခရီး စသည်တို့မှာ ကိုယ်နဲ့ သေချာစွာ သိကျွမ်းသူ မဟုတ်ဘဲ၊ နောက်လည်းဘယ်တော့မှ ပြန်တွေ့ရမှာမဟုတ်ဘူးဆိုတဲ့သူမျိုးနဲ့ လိင်ကိစ္စ ဆောင်ရွက်ခြင်းမပြုသင့်။ အထူးသဖြင့် အရက်အလွန်အကျွံ သောက်မိတဲ့ပွဲမျိုး၊ မူးယစ်ဆေးဝါးသုံးစွဲမိတဲ့ ပွဲမျိုး တွေမှာ ဂရုစိုက်ပါ။

 

Credit

No comments