New Artical

မြန်မာပြည်ကို အအေးလှိုင်းဖြတ်မယ့် ၂၀၂၁ ခုနှစ်နဲ့ ကြိုတင်ပြင်ဆင်ရမယ့် အနေအထား


 မြန်မာပြည်ကို အအေးလှိုင်းဖြတ်မယ့် ၂၀၂၁ ခုနှစ်နဲ့ ကြိုတင်ပြင်ဆင်ရမယ့် အနေအထား

အအေးလှိုင်း ဖြတ်သလား – နှစ်စဉ် ဆောင်းရာသီရောက်လို့ ချမ်းအေးလာပြီဆိုလျှင် အအေးလှိုင်းဖြတ်တယ် ဆိုတဲ့ သတင်းတွေက တက်လာစမြဲပါ။ အအေးလှိုင်းလို့ပြောလိုက်လျှင် တော်တော်များများက ရုပ်ရှင်တွေထဲကလို အအေးလှိုင်းဖြတ်တဲ့ လမ်းကြောင်းတလျှောက် ရေခဲသွားကြမယ် လို့ ထင်ကြပါတယ်။ 

ရာသီဥတုဆိုတာ အဲ့ဒီ့လောက် မရိုးရှင်းပါ။ ဒီနှစ် (၂၀၂၀-၂၀၂၁) မှာတော့ အအေးလှိုင်းတကယ်ဖြတ်ပါတယ်။ အဲ့ဒါကိုတော့ လာနီညာ (La Niña) ရာသီဥတုလို့ သတ်မှတ်ပါတယ်။ ကမ္ဘာကြီးဟာ ၂၃.၅ ဒီဂရီ တိမ်းစောင်းပြီး လည်ပတ်နေပါတယ်။ အဲ့ဒါကြောင့် ကမ္ဘာ

ပေါ်က အရာဝထ္ထုတွေဟာ ရွေ့လျားကြပါတယ်။ အစိုင်အခဲ၊ အရည်၊ အငွေ့ တို့မှာ ပေါ့ပါးတဲ့ အရာတွေဖြစ်တဲ့ ရေ နဲ့ လေ ဟာ သိသာပြောင်းလဲတဲ့ ရွေ့လျားမှုတွေ ဖြစ်ကြပါတယ်။ တဖန် ရေ နဲ့ လေဟာ အပူချိန်ပေါ်မူတည်ပြီး စီးဆင်းကြပါသေးတယ်။ အထူးသဖြင့် ရေမျက်နှာပြင်ဟာ

ကမ္ဘာကြီးရဲ့ ၃ ပုံ ၂ ပုံခန့်ရှိပြီး အပူချိန်ကွာခြားမှုကြောင့် ရေအေးစီးကြောင်း၊ ရေနွေးစီးကြောင်း စသည်ဖြင့် ပြောင်းလဲ စီးဆင်းကြပါတယ်။ အီကွေတာလမ်းကြောင်းတလျှောက်မှာရှိတဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းက ရေပူတွေ အင်ဒိုနီးရှားဘက်မှ တောင်အမေရိကဘက်ကို စီးဆင်းတဲ့အခါ

အယ်လ်နီညို ဆိုတဲ့ ရာသီဥတု ဖြစ်ပေါ်ပြီး..၊ တောင်အမေရိကမှ အင်ဒိုနီးရှားဘက်ကို ပြန်စီးဆင်းလျှင်တော့ လာနီညာ ရာသီဥတု ဖြစ်ပေါ်ပါတယ်။ အကြမ်းဖျဉ်းပြောရလျှင်တော့.. လာနီညာဖြစ်လျှင် ပစိဖိတ်ဘက်က အေးပြီး ကျနော်တို့နဲ့ နီးစပ်တဲ့ ပင်လယ်တွေဘက်ကို ရေပူတွေ ဝင်လာ

ပါတယ်။ ရေတွေဟာ အပူကြောင့် ရေငွေ့ပြန်မှုများပြီး မိုးရေကို ဖြစ်ပေါ်စေပါတယ်။ လာနီညာရဲ့သဘာဝဟာ အေးပြီး စိုစွတ်တဲ့သဘော ရှိပါတယ်။ လာနီညာအစပြုခဲ့တဲ့ ၂၀၂၀ အောက်တိုဘာလောက်ကစပြီး မိုးဆက်လက်ရွာသွန်းနေခဲ့တာ နိုဝင်ဘာလလောက် ရောက်တဲ့အထိပါပဲ။

ဆောင်းတွင်းကာလမှာတော့ မြောက်လေအေးတွေ တိုက်ခတ်ပါတယ်။ ဒီအတိုင်း လာနီညာ ဆက်ဖြစ်မယ်ဆိုလျှင်တော့ လေပွေလှိုင်းတွေ နဲ့ နွေဦးကာလ (မတ်၊ ဧပြီ၊ မေ) လောက်မှာ အားကောင်းတဲ့ မုန်တိုင်းတွေ ဖြစ်လာနိုင်ပါတယ်။ (ခန့်မှန်းချက်မျှသာ) လာနီညာ အအေးလှိုင်းဟာ

၂၀၂၀ ခုနှစ်ကို ကမ္ဘာ့အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်သွားခြင်းကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။ ၂၀၁၆ – ၂၀၂၀ ဟာ ကမ္ဘာပေါ်မှာ အပူဆုံး ငါးနှစ် ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ဟာလည်း ဆက်လက်ပူပြင်းနေဦးမှာပါ။ အပူ၊ အအေးတွေ ပြင်းထန်နေတာဟာ ရာသီဥတုဖောက်ပြန်ခြင်းဖြစ်ပါတယ်။

(ဖန်လုံအိမ်ဓါတ်ငွေ့များကြောင့် ပူနွေးရခြင်း ဖြစ်ပါတယ်။) ၂၀၂၁ အတွက် မြစ်ဝကျွန်းပေါ် နဲ့ ကမ်းရိုးတန်း ဒေသများမှာအပူပိုင်းမုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ခြင်း၊ အလယ်ပိုင်းဒေသများမှာ မိုးခေါင်ရေရှားမှုကြောင့် ရေခန်းခြောက်မှု မရှိအောင် ကြိုတင်ပြင်ဆင်ထားခြင်းနဲ့

ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု မဖြစ်အောင်ကာကွယ်ခြင်း လုပ်ငန်းများကို အသိပညာပေးပြီး ကြိုတင်ပြင်ဆင် ကာကွယ်ထားသင့်ပါတယ်။ အနာဂတ်ပညာရေးအတွက်

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)။

No comments