New Artical

အွန်လိုင်းမှမဟုတ်ဘဲ အမြန်ဆုံးရုံးထုတ် စစ်ဆေးပေးရန် ဘူးလက်လှဆွေ ရှေ့နေ တောင်းဆို


အွန်လိုင်းမှမဟုတ်ဘဲ အမြန်ဆုံးရုံးထုတ် စစ်ဆေးပေးရန် ဘူးလက်လှဆွေ ရှေ့နေ တောင်းဆို


နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တရားစွဲဆို၍ အင်းစိန်းဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်း ခံထား ရသော ဦးလှဆွေ(ခ) ဘူးလက်လှဆွေက ၎င်း၏အမှုနှင့် ပတ်သက်၍ အွန်လိုင်းမှမဟုတ်ဘဲ အမြန်ဆုံးရုံး ထုတ်စစ် ဆေးပေးရန်တောင်းဆိုကြောင်း ၎င်း၏အမှုကို လိုက်ပါဆောင်ရွက်ပေးသူ တ ရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်က ယနေ့(ဇန်နဝါရီလ ၂၅ )ရက်တွင် ပြည်မြန်မာကို ပြောသည်။

“ဒီနေ့က အခြားထူးခြားချက်မရှိပါဘူး။ အမှုကို အမြန်စစ်ဆေးပေးဖို့ဘဲတောင်းဆိုထားတယ်။ အမှုကြာ နေမှာစိုးလို့ပေါ့။ တရားသူကြီးဘက်ကတော့ ကိုဗစ် ရှိနေသေးတဲ့ အတွက် ရုံးထုတ်မစစ်ဆေးသေး တာ လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်တော်သွားတွေ့တော့ သူ့အမှုကို အမြန်ဆုံးစစ်ဆေးပေးဖို့နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုရုံးတော်အမြန်တင်ပြပေးဖို့ဘဲတောင်းဆိုတယ်။ကျန်းမာရေးကတော့ ကောင်းပါတယ်” ဟုဦးအေးပိုင်က ဆိုသည်။

ဒုတိယအကြိမ်ရုံးချိန်းဖြစ်သော ယနေ့(ဇန်နဝါရီလ ၂၅)ရက်၌ အနောက်ပိုင်းခရိုင္တရားသူကြီးနှင့် ဗီဒီ ယို အွန်လိုင်းကနေတစ်ဆင့် အမှုကိုစစ်ဆေးခဲ့ပြီး တတိယအကြိမ်ရုံးချိန်းကို ဖေဖော်ဝါရီလ ၈ ရက်သို့ ပြန်လည်ချိန်းဆိုထားရှိ ကြောင်း သိရသည်။ဦးလှဆွေ(ခ) ဘူးလက်လှဆွေအနေဖြင့်တစ်နှစ်ကျော်ကြာ ထွက် ပြေးတိမ်းရှောင်နေရာမှ ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ် ဖွဲ့မှူးရုံးသို့ လာရောက်အဖမ်းခံ ခဲ့ခြင်း ဖြစ်ပြီး ၎င်းဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်အပါအဝင် ဦးဝင်းမြင့်နှင့် ဦးတင်အောင် ကြည် တို့က အမှုလိုက်ပါဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လက ပြုလုပ်ခဲ့သည့် အမေရိကန်နိုင်ငံမှမြန်မာ့တပ်မတော် ထိပ်တန်း အရာရှိများအပေါ်အရေးယူပိတ်ဆို့မှုကို ဆန့်ကျင်ကန့်ကွက် ဆန္ဒထုတ်ဖော်သည့်ပွဲအတွင်း ဟော ပြော ချက်များမှာနိုင်ငံတော်အကြီးအကဲများအပေါ်ဂုဏ်သိက္ခာညှိုးနွမ်းစေသည်ဆိုကာ ကျောက်တံ တားမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးဦးမျိုးမြင့်က နိုင်ငံတော်အကြည် ညိုပျက်ဆီးစေမှု ပုဒ်မ ၁၂၄ (က)ဖြင့် ကျောက်တံတားမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

pyi myanmarဓာတ်ပုံ – မျိုးကျော်စိုး-credit


No comments