New Artical

ရန်ကုန်မြို့တွင် စည်းမဲ့ကမ်းမဲ့ စီးနေတဲ့ စက်ဘီးတွေကို ဥပဒေနှင့်အညီအရေးယူဆောင်ရွက်တော့မည်

 

ရန်ကုန်မြို့တွင် စည်းမဲ့ကမ်းမဲ့ စီးနေတဲ့ စက်ဘီးတွေကို ဥပဒေနှင့်အညီအရေးယူဆောင်ရွက်တော့မည်



ရန်ကုန်မြို့တွင်း အများပြည်သူသုံး လမ်းမကြီးများတွင် စည်းကမ်းမဲ့စက်ဘီးစီးနင်းပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ် ၃၉ ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရဲထွန်းအောင်က သတိပေးပြောကြားလိုက်ပါတယ်။

 

“စက်ဘီးစီး ပြည်သူတွေအနေနဲ့ ချမှတ်ထားတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ စီးနင်းဖို့နဲ့ အနှေး ယာဉ်မဝင်ရ လမ်းတွေမှာ စီးတာတွေ၊ လမ်းပြောင်းပြန် စီးတာတွေ၊ မီးနီဖြတ် စီးတာတွေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်တာတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ၎င်းကဆိုပါတယ်။

ကမာရွတ်မြို့နယ်အတွင်းရှိ ယာဉ်ကြောကျပ်တည်း သော နေရာဖြစ်သည့် လှည်းတန်းဈေးနှင့် လှည်းတန်း လမ်းဆုံမီးပွိုင့်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အညီ စက်ဘီးစီးနင်းရန်နှင့် စည်းကမ်းချိုးဖောက်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခြင်းများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ပြီးခဲ့သည့် ၂၀၂ဝပြည့်နှစ် အောက်တိုဘာလဆန်းပိုင်းက ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်များ၊ လျှပ်စစ်ဆိုင်ကယ်များနှင့် ဘက်ထရီစက်ဘီးများ စီးနင်းခြင်းမပြုကြရန် အသိပညာပေးခဲ့ပြီးနောက် အောက်တိုဘာ တတိယပအပတ်မှစတင်ပြီး ချလန်ဖြတ် အရေးယူမှုများဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ စည်းကမ်းပျက်မော်တော်ယာဉ် ၂၆၂၆ စီး၊ ဆိုင်ကယ်နှင့် လျှပ်စစ်ဆိုင်ကယ် အစီး ၈၀ အပါအဝင် စုစုပေါင်း ၂၇၀၆ စီးနှင့် ကရိန်းဆွဲအရေးယူမှု ၁၁၃ စီးတို့ကို အရေးယူဆောင် ရွက်နိုင်ခဲ့ကြောင်း သိရပါတယ်။

Credit

No comments