New Artical

စာချွန်တော် ၅ မျိုး


 

စာချွန်တော် ၅ မျိုးရှိပါတယ်
"" စာချွန်တော် ""
မြန်မာနိုင်ငံတွင် တရားစီရင်ရေးဆိုင်ရာရုံး (ခုံရုံး) သုံးမျိုးရှိသည်။
၁။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး
၂။ စစ်ဘက်ဆိုင်ရာ ခုံရုံး
၃။ ပြည်ထောင်စု တရားလွှတ်တော်ချူပ် ခုံရုံး
၄င်းအနက် တရားလွှတ်တော်ချူပ်သည်
ဖွဲ့စည်းပုံ ခုံရုံး နှင့် စစ်ဘက် ခုံရုံး များကို မထိခိုက်စေဘဲ
နိုင်ငံတွင်းတွင် တည်ရှိသောတရားရုံး၊ တရားစီရင်ရေးများ၏ အထွတ်အထိပ် အမြင့်ဆုံး တရားရုံးဖြစ်သည်။
စာချွန်တော်ဆိုသည်က
၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၉၆ အရ
ပြည်ထောင်စု တရားလွှတ်ချူပ်ကိုသာ
ထုတ်ဆင့်ခွင့် အာဏာပေးထားသည်။
နိုင်ငံအတွင်းရှိ မည်သည့်တရားရုံးတွင်မဆို
မတရားသဖြင့် ဖမ်းဆီးခြင်း  တရားစွဲဆိုခြင်း ခံရပါက
တရားလွှတ်တော်ချူပ်ထံသို့ စာချွန်တော် လျှောက်
ထားနိုင်ပါသည်။
(၁) အခွင့်အာဏာထက် ကျော်လွန်၍ ပြုလုပ်ခြင်း
(၂) အခွင့်အာဏာ        မရှိဘဲပြုလုပ်ခြင်း
(၃) အခွင့်အာဏာဖြင့် လုပ်ပေးရမှာကို မလုပ်ခြင်း
(၄) အမိန့်တစ်ရပ်ကို အပေါ်ယံ ကြည့်ရုံဖြင့် ဥပဒေအရမှားခြင်း
(၅) သဘာဝ တရားမျှတမှုနည်းဥပဒေများနှင့် လွဲချော်ခြင်း
အုပ်ချူပ်ရေးအာဏာပိုင်များ၏ တရားစီရင်ရေးသဘော
ဆန်သော လုပ်ဆောင်ချက်ကြောင့် ပြည်သူများ
ဥပဒေပါ အခွင့်အရေး(၂၀၀၈ ခြေဥ အခန်း ၈ မှ ပုဒ်မများ)  ထိခိုက် နစ်နာဆုံးရှုံး တယ်ဆိုလျှင် လျှောက်နိုင်ပါသည်။
စာချွန်တော် 5 မျိုးမှာ -

၁။ရှေ့တော်သွင်း ....  စာချွန်တော်အမိန့်
၂။အာဏာပေး   ....   စာချွန်တော်အမိန့်
၃။တားမြစ်စေ ....      စာချွန်တော်အမိန့်
၄။အာဏာပိုင်မေး .... စာချွန်တော်အမိန့်
၅။အမှုခေါ် ...        စာချွန်တော်အမိန့်

၂၀၁၄ ခုနှစ် စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်
ရာဥပဒေ အမှတ် ၂၄
၁။ ရှေ့တော်သွင်း စာချွန်တော်အမိန့် ဆိုတာ
လူတစ်ဦးအား ဘာကြောင့်ဖမ်းထားတယ်၊
ဘာအပြစ်ကြောင့်၊ဘယ်ဥပဒေအရ ဖမ်းထားတယ်
ဆိုတာကို ဖမ်းဆီးထားသည့်အဖွဲ့အစည်းအား
ရှင်းလင်းစေပြီး လုံလောက်သော
အကြောင်းပြချက်မရှိဘဲ ဖမ်းထားတယ်ဆိုပါက
ချက်ချင်းလွတ်စေရန် ချမှတ်သည့် အမိန့်ဖြစ်ပါတယ်။
၂။ အာဏာပေးစာချွန်တော်အမိန့်
ဥပဒေအရ အပ်နှင်းထားသော အာဏာဖြင့်
လုပ်ပေးရမှာကို မလုပ်ပေးဘဲနေသည့်ကိစ္စများကို
ဥပဒေနှင့်အညီ လုပ်ပေးဖို့ ထုတ်ဆင့်သော
အမိန့် ဖြစ်ပါတယ်။
တရားရုံးများ လက်အောက်ရုံးများကိုသာ မဟုတ်ဘဲ
အုပ်ချူပ်ရေးဆိုင်ရာ အဖွဲ့အစည်းများကိုပါ ဆိုလိုပါတယ်။
၃။ အာဏာပိုင်မေးစာချွန်တော်
လုပ်ပေးရမှာက်ို မလုပ်ပေးသဖြင့် လုပ်ပေးလိုက်ပါ
ပြောတာက အာဏာပေး စာချွန်တော် ဖြစ်ပြီး
ဘာကြောင့် လုပ်ပေးရမှာက်ို မလုပ်ပေးတာလဲ
ဆိုကာ တာဝန်ရှိသူတွေကို မေးတာက
အာဏာပိုင်မေး စာချွန်တော်အမိန့်ပါ။
ရာထူးတစ်ခု၊ အခွင့်အရေး တစ်ခု ကို မတရားရယူထား
သည်ဟု ထင်မြင်သူအပေါ်ကိုလည်း အာဏာပိုင်မေး
စာချွန်တော်အမိန့် ထုတ်ဆင့်ခွင့် ရှိပါတယ်။
၄။ တားမြစ်စေ စာချွန်တော်အမိန့်
တရားရုံး၊ တရားစီရင်ရေးဆောင်ရွက်သည့် ခုံရုံးက
စီရင်ပိုင်ခွင့်ကို ကျော်လွန်ခြင်းသော်၎င်း၊
တရားမျှတမှုကို ဆန့်ကျင်၍သော်၎င်း မပြုလုပ်ရန်
တားမြစ့်သည့် အမိန့်ပါ။
၅။ အမှုခေါ်စာချွန်တော်
လက်အောက်ခံ တရားရုံး၊ တရားစီရင်သော ခုံရုံးက
ချမှတ်သည့်အမိန့်ကို ပြန်လည်စီစစ်စေပြီး ဥပဒေနှင့်
အညီ ချမှတ်သည့် အမိန့်ပါ။
Edgar Zh
Credit. Zay Yar Lin
crd #######

No comments