New Artical

နေတတ်ပါစေ



ငယ်တုန်းအရွယ်မှာ မငယ်တတ်ရင် လူအမြင်ကတ်ခံရတယ် ။  


အိုလာတဲ့အချိန်မှာ မအိုတတ်ရင်လည်းလူအငြိုငြင်ခံရတယ် ။


 အဓိက က
အနေထိုင် မတတ်တဲ့ ပြဿနာဆိုတာ  ငယ်ငယ်ကြီးကြီး လူချစ်လူခင်​များစေ၊ နည်းစေတယ် ။


ကလေးပီပီ ကလေးလို  ချစ်စရာကောင်းအောင် မနေဘဲ  အိုဗါဖြစ်လွန်းရင် ကလေးကို  လူကြီးတွေက အမြင်ကတ်ခံရသလိုပဲ ။


အသက်ကြီးလို့ အိုလာတဲ့ အခါမှာလည်း လူငယ်တွေကို မသိတတ်ဘဲ ကလေးစိတ်နဲ့ လူကြီး မဆန် လာရင်လည်း ငြိုငြင်ခံရတယ် ။ 


အသက်ငယ်တုန်းမှာ  ကလေးတွေကို လူကြီးတွေက  အလွယ်တကူ ခွင့်လွှတ်လို့ရပေမယ့် ...
အသက်ကြီးတဲ့ သူတွေကလည်း  လူငယ်တွေကို အကုသိုလ် မဖြစ်အောင်  မကူညီရင်နေ မနှောင့်ယှက်ဘဲ
နေတတ် ထိုင်တတ် ညှိနှိုင်း ​နေတတ်ရမယ် ။
ကိုယ်လုပ်တာတွေရဲ့ အသီးအပွင့်  ကိုယ်ပဲ ပြန်ခံစားရ တတ်တယ် ။

 Credit: Original Writer

No comments