New Artical

ငါးသံပုရာပေါင်း


 

ငါးသံပုရာပေါင်း


ပါ၀င်ပစ္စည်း - 

စပါးလင် ၊ ရှောက်ရွက် ၊ သုံပုရာသီး၊ 
ဂျင်း ၊ ပဒဲကော ၊ ငြုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊
သကြား ၊ ဆား ၊ ကတ်ကတစ်ငါး တစ်ကောင်

ပြုလုပ်နည်း

ငါးကိုေရစင်စင်ဆေးပီး သန့်စင်ထားပါ ပီးလျှင် စပါးလင် ကိုထုပီး ငါးဗိုက် ငါးခေါင်းထဲသို့ ထို့ ထည့်ပါ...
ဂျင်း၊  ကြက်သွန်ဖြူ ၊  ပဒဲကော ထောင်းအရည်ညှစ်ပီး ပန်းကန်လုံး ထဲသို့ ထည့် ဆားအနည်းငယ် အရသာ အနည်းငယ်ထည့်ပီး သမအောင်မွှေ ငါးပေါ်ကို လောင်းထည့်ပီး အရသာ၀င်အောင် အနည်းငယ် နယ်ပေးပါ.. ပေါင်းမည့် ပန်းကန်ထဲသို့ စပါးလင် တပြားရိုက်ခံ ရှောက်ရွက် ဂျင်း ထောင်းထားတာကို Soup ထဲထည့်တဲ့  အိပ်လေးနဲ့ ထည့်ပီး ပေါင်းပေးပါ မိနစ်၂၀ ခန့် ငါးအနေထားပေါ်မူတည်ပီးပေါင်းပါ...
ပီးလျှင် ငြုတ်သီး နှုတ်နှုတ်စင်း ကို စတီးဇွန်းလေးနဲ့ ထည့်ပီး ငါးပေါင်းထဲ ထည့်ပေါင်းတယ် အစိမ်းဆို ဗိုက်နာလို့ မပေါင်းလဲ ရတယ်နော် အစပ်ကြိုက်ရင်ပေါ့. ငရုပ်သီး စိမ်း ပန်းကန် လုံးထဲသို့ ထည့် နံနံပင် နှုတ်နှုတ်စင်း ထည့် သကြား ထည့် ငါးငံပြာရည် ထည့် ..သံပုရာရည် ညှစ်ထည့်သမအောင်မွှေ ငါးပေါင်းထွက်တဲ့ အရည် ထည့် ပီး ငါးပေါင်းပေါ်ကိုဆမ်းလိုက် အို ဂွတ်ရှယ် ငါးပေါင်း စားလို့ရပီ အနံ့ကလဲမွှေး မှမွှေး..လုပ်စားကြည့်ပါပြီ ကြက်သွန်ဖြူ ကို နှုတ်နှုတ်စင်း ပီးဆော့လုပ်တာ စားပီး အနံ့ ကို သိပ်မကြိုက်လို့ များများထောင်းပီး အရည် ညှစ်ထည့်တာ မိမိနစ်သက်သလို ပြု လုပ်ပါ..

#credit

No comments