New Artical

ဒီလိုလေး နေကြည့်ပါလား


ဒီလိုလေး နေကြည့်ပါလား

လူဖြစ်လာဖို့ဆိုတာ အရမ်းခက်ခဲတတ်သလို... ပျောက်ကွယ်သွားဖို့ကလည်း မျက်စိတစ်မှိတ်ပါပဲ။ လူ့ဘဝ ကို ခဏတာအလည်ရောက်လာတဲ့ လူ့ဘဝသက်တမ်းတိုတိုလေးမှာ လူဖြစ်ရတာ တန်ဖိုးရှိ​အောင်…
 
  • စိတ်ကောင်း မွေးပါ... စိတ်ကောင်းရှိဖို့က ပထမဖြစ်သလို စိတ်ကောင်းရှိတဲ့လူတိုင်းက ဘယ်နေရာ သွားသွား ဘယ်လိုဝတ်ဝတ် ထင်ပေါ်နေတတ်တာ အမှန်ပါ။ စိတ်သည် ဘဝ ဖြစ်သလို စိတ်သည် ရုပ်၏ ပြဒါးပါ။ စိတ်ကောင်းမွေးခြင်းအားဖြင့် မတရားမှုတွေကို ရှောင်ရှားလာပြီး အကြွေးယူတာ နည်းလာပါလိမ့်မယ်။ သူများမျက်ရည်ကို ခြေမဆေးသောကြောင့် ကိုယ့်ဘဝတစ်လျှောက်လုံး ပျော် စရာ တွေ ပြည့်နှက်လာပါလိမ့်မယ်။
  • ဂုဏ်ပကာသနတွေကို ခွာချပါ.. ဂုဏ်ပကာသနဆိုတာ…တကယ်တော့ အကာပါ။ အဖုံးမတတ်ရင် အဲဒီ အကာအရံတွေကပဲ ကိုယ့်ကို ပူလောင်စေတာပါ။ လူ့ဘဝဆိုတာ ရိုးရိုးရှင်းရှင်း နေတတ် သွားရင် လွတ်လပ် ခြင်းနှင့် အေးချမ်းတဲ့ဘဝမှာ ပျော်တတ်လာပါလိမ့်မယ်။
  • ဒေါသတွေကို လျှော့ချပါ... ဒေါသဆိုတာ…ကိုယ့်ကို လူဖြစ်ရှုံးစေမယ့် အဓိက ရန်သူပါ။ ကိုယ့် စေတနာတွေကို ပြက်ရယ်ပြုခံရလို့ ဒေါသဖြစ်ရတယ်။ ကိုယ့်ဆန္ဒတွေ ဖျက်စီးခံရလို့ ဒေါသ ဖြစ်ရတယ်။ ကိုယ်အကောင်းဆုံး ပေးဆပ်နေပါလျက်နဲ့ ကိုယ့်တန်ဖိုးကို တန်ဖိုးမသိလို့ ဒေါသ ဖြစ်ရတယ်။ ကိုယ်အကောင်းဆုံး ကြိုးစားနေပါလျက်နဲ့ အမြဲတမ်း ကျရှုံးနေလို့ ဒေါသဖြစ်ရတယ်။ ဒါတွေအားလုံးက ကိုယ့်ကိုယ်ကို နှိပ်စက်ပြီး အကြိမ်ကြိမ်ရှုံးနိမ့်အောင်
    ကိုယ်ကိုယ်တိုင်ပဲ လုပ်ဆောင်နေခြင်းပါ။ ပြဿနာဆိုတာ… ဒေါသနဲ့ဖြေရှင်းမိရင် အခက်အခဲတွေ ပြေလည်သည်ထားပါဦး။ နှစ်ဖက်စလုံးမှာ အနာတရဖြစ်စေတတ်တာက ဒေါသပါ။
  • လောဘတွေကို အနားသတ်ပါ လောဘဆိုတာ…ထားသင့်တာထက် ပိုထားမိရင် မတော်လောဘ ဖြစ်လာတတ်ပြီး ကိုယ့်ကိုသာမက ကိုယ်နဲ့ပတ်သက်နေတဲ့ တန်ဖိုးထားရသူတွေအပေါ် အပူကူး စကျစတောပါပဲ။ လောကကြီးမှာ… တချို့သောအရာတွေက ကိုယ်ကြိုးစား ရယူလို့ ရတတ်  ပေမယ့် တချို့သောအရာတွေကတော့ ကိုယ်နဲ့ထိုက်မှ ပိုင်လာပြီး တန်လာတာမျိုးပါ။ အကောင်း ဆုံး ကြိုးစားပြီး ရသလောက်နဲ့ တင်းတိမ်ပျော်ရွှင်အောင် နေတတ်လာခြင်းက လူဖြစ်ရတာ တန်လာစေပါတယ်။
  • သေပြီး နောက်ဘဝအတွက် ပြင်ဆင်ပါ.. လူဆိုတာ…မသေခင် လူဖြစ်ရတာတန်အောင် ကြိုးစား ရသလို သေပြီး နောက်ဘဝအတွက်လည်း ကြိုပြင်ဆင်ထားရပါတယ်။ ဘယ်ဘာသာ သာသနာ ဝင်ဖြစ်ဖြစ် သေပြီးတဲ့ အချိန်မှာ လူသားတိုင်း လောကပါလတရားစီရင်ခန်းမှာ စစ်ဆေးခံရမှာ အသေအချာပါပဲ။ ကောင်းတာတွေလုပ်ခဲ့ရင် ကောင်းကျိုးခံစားရမှာ ဖြစ်သလို မကောင်းတာ တွေအတွက်လည်း ပြစ်ဒဏ်ခံရမှာပါ။ ဘယ်ဘုရားကမှ ကိုယ့်အတွက် ရှေ့နေလုပ်ပေးမှာ မဟုတ် သလို ကိုယ်လုပ်ခဲ့တာတွေအတွက် ကိုယ်ကိုယ်တိုင်ပဲ ရင်ဆိုင်ခံစားရမှာ အမှန်တရားပါ။
ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ… ဘယ်လောက်ပဲ ပညာတွေတတ်နေပါစေ… လာဘ်ထိုးလို့မရတာ
လောကပါလ တရားစီရင်ခန်းပါ။ လူသားတိုင်း..... လူဖြစ်ရတာတန်ပြီး သေပြီး နောက်ဘဝအတွက် ရင် ဆိုင်ဖို့ အသင့်ဖြစ်နေကာ လူသားကောင်းကျိုးကို ထမ်းဆောင်နိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါရစေ။
#Credit

 

No comments