New Artical

❝ အကယ်၍ သင်ရှုံးနိမ့်သွားတဲ့အခါ ❞


အရှုံးဆိုတာ လူတိုင်းထိတွေ့ဖူးတဲ့အရာပါ။  အောင်မြင်ချင်တဲ့သူမှာတော့ ပိုပြီးတော့ ရင်းရင်းနှီးနှီး တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဘဝဆိုတဲ့ ကစားပွဲတစ်ခုမှာတော့ အရှုံးတွေဟာ သင့်ကို အဆုံးသတ်အောင်  လုပ်လို့မရပါဘူး။ စီးပွားရေးကြောင့် ရှုံးနိုင်တယ်။  လူမှုရေးကြောင့် ရှုံးနိုင်တယ်။
နှလုံးသားရေးကြောင့် ရှုံးနိုင်တယ်။  အရှုံးနဲ့ကြုံရပြီဆိုရင် မေးရမှာတစ်ခုက  ဒီအရှုံးကနေ ရုန်းထွက် မလား။  ဒီအရှုံးကြားမှာပဲ နစ်ဝင်နေမလားဆိုတဲ့မေးခွန်းပါပဲ။


ဒီကစားပွဲမှာ သင်ကိုယ်တိုင် လက်နက်မချမချင်း  ဘယ်သူကမှ သင့်ကို အနိုင်တိုက်ယူလို့မရပါဘူး။
 

(၁) ငိုကြွေးလို့ရပါတယ်။
ငိုကြွေးခြင်းဟာ ပျော့ညံ့ခြင်းလို့ တစ်သတ်မှတ်တည်း  ပြောလို့မရပါဘူး။ ငိုကြွေးခြင်းဟာ သင့်ရဲ့ ခံစားချက် တွေကို ဖွင့်ထုတ်ရာရောက်တယ်ဆိုရင်  ငိုကြွေးနိုင်ပါတယ်။ ဒါပေမယ့် တစ်ချိန်မှာတော့ အငို တိတ်ရမယ်ဆိုတာ သင်သိထားဖို့ လိုပါမယ်။


(၂) ဘေးမှာ ချစ်တဲ့သူတွေရှိတယ်။
အရှုံးဟာ အထီးကျန်ဝမ်းနည်းမှုကို အားပေးပါတယ်။ သင့်ကိုယ်သင် အသုံးမကျတဲ့သူတစ်ယောက်၊ အရေးမပါတဲ့သူတစ်ယောက်လို ခံစားချင်လည်း  ခံစားရပါမယ်။ဒါပေမယ့် သင့်ရဲ့ဘေးမှာ  သင့်ကို ချစ်တဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ ရှိနေသေးတယ်ဆိုတာ အမြဲသတိရသင့်ပါတယ်။
 

(၃) အနားယူပါ။
စိတ်ပင်ပန်းမှု၊ နှလုံးသား နွမ်းနယ်မှုတွေဟာ သင့်ကို  နောက်ထပ် ခြေလှမ်းတွေ မလှမ်းချင်တော့ ရလောက် အောင် ပင်ပန်းစေပါတယ်။ ဒီအချိန်မှာ လိုအပ်နေတာ အနားယူမှုပါ။ ချက်ချင်းကြီး ရုန်းကန်ထဖို့ အားထုတ်တာထက်စာရင် ပင်ပန်းမှုတွေကို ခဏလောက်အပန်းဖြေသင့်ပါတယ်။
 

(၄) သုံးသပ်ပါ။
ခံစားမှုတွေ လျော့စပြုလာတဲ့ အခါမှာတော့  ရှုံးနိမ့်ခဲ့ရတဲ့ အဖြစ်အပျက်၊ နာကျင်ခဲ့ရတဲ့ အဖြစ် အပျက်တွေကို ပြန်ပြီး သုံးသပ်ပါ။  ကိုယ် ဘာတွေလုပ်ခဲ့လဲ ဘာတွေလိုအပ်ခဲ့လဲ ဘာတွေ ပြုပြင်ဖို့ကောလိုမလဲ။  အရှုံးတွေဟာ သင့်ကို ပျော့ညံ့စေတဲ့အရာမဟုတ်ဘဲ သန်မာစေတဲ့ အရာတွေ ဖြစ်ကြောင်း သက်သေပြဖို့  ကြိုးစားရပါမယ်။
 

(၅) ပိုကောင်းတဲ့အရာတွေ ရှိတယ်။
ဒီနေ့မှာ ဘာကိုမှရင်မဆိုင်ချင်ရလောက်အောင်  ရှုံးနေပေမယ့် ပိုကောင်းတဲ့ အနာဂတ်တွေရှိတယ် ဆိုတဲ့အကြောင်း သင်လက်ခံထားရပါမယ်။ အမှောင်နေ့ရက်တွေထဲမှာပဲ ဘဝကို  နစ်မွန်း မခံလိုက်ပါနဲ့။ အရှုံးဆိုတာ သင်ခံစားဖူးသလိုပဲ ထိတွေ့ဖို့ကောင်းတဲ့အရာတွေထဲမှာ မပါပါဘူး။
 

(၆) ဒါတွေဟာ ခဏပါ။
ဝမ်းနည်းမှုတွေ အားငယ်မှုတွေ နာကျင်မှုတွေ ဒီခံစားချက်တွေအောက်မှာ ထပ်ပြီး  ဒူးမထောက် လိုက်ပါနဲ့။ ဒီအရှုံးတွေဟာ ခဏတာပါ။  သင့်ရဲ့ဘဝအဆုံးသတ်မဟုတ်ပါဘူး။

ရွှေညာမောင်

No comments