New Artical

❝ သူငယ်ချင်းကောင်း ❞



အသက်ကြီးလာတာနဲ့ အမျှ စိတ်တူကိုယ်တူပေါင်းနိုင်သင်းနိုင်တဲ့ သူငယ်ချင်း မိတ်ဆွေဆိုတာ တဖြေး ဖြေး ချင်းနည်းပါးသွားတယ်ဆိုတာပါပဲ။ လူလတ်ပိုင်းရောက်လာတဲ့အခါ တချို့ကို ကိုယ်ကမကြိုက်လို့
ဆက်မပေါင်းဖြစ်တော့ဘူး။ တချို့က ကိုယ့်ကိုသဘောမကျလို့ ထပ်ပြီး လာမပေါင်းကြတော့ဘူး။
တချို့ ကြတော့လည်း သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်စလုံးက အမြင်မတူလို့ ခပ်တန်းတန်း ဖြစ်သွားကြ တယ်။
 
တချို့တွေကြတော့လည်း ကိုယ့်ရှေ့ကြချိုပြ ကွယ်ရာကြအပုပ်ချကြတယ်။ တချို့တွေလည်း မေးထူး ခေါ်ပြော တချို့တွေက အလုပ်သဘော တချို့တွေလည်း ဘာသတင်းမှမကြားရတော့ဘဲ အစအ နတွေ ပျောက်သွားကြတယ်။ 
 
လူတွေနည်းနည်းသွားကြ တာတော့ သတိထားမိတယ်။ ဘဝရဲ့သင်ခန်းစာတွေကြောင့် ဘယ်သူကတော့ အပေါ်ယံပဲပေါင်းလို့ရမယ်။ ဘယ်သူကတော့ အတွင်းကျကျ ပေါင်းလို့ရတယ် ဆိုတာ သိလာလို့လည်း ဖြစ်မယ်ထင်တယ်။ ဘာကိုမှ ဖုံးကွယ်ထားစရာမလိုဘဲ သူ့အကြောင်းကို ကိုယ်ကအကုန်သိ ကိုယ့် အကြောင်း လည်း သူအကုန်သိ တွေ့လိုက်ရင် ပျော်သွားတဲ့သူ ဖုန်းပြောလိုက်ရင် ရင်ထဲပေါ့သွားတဲ့ သူဆိုတာတော့ တော်တော်ရှားသွားတယ်။ ဆယ်ယောက် မပြည့်ချင်တော့ဘူး။
 သာရေးနာရေး မသွားမဖြစ်သွားရမယ့်သူ အရေးအကြောင်းဆို ပထမဆုံး ဖုန်းဆက်တိုင်ပင်ရမယ့်သူ တစ်ခုခုအတွက် အမြဲ Readyဖြစ်နေရမယ့်သူဆိုတာ ပိုပြီးရှားသွားပါပြီ။ အရေးအကြောင်းဆိုအကြောင်း အမျိုးမျိုးပြပြီး ရှောင်တတ်သူတွေ လိုမှလာပြီး မလိုရင် ပျောက်နေတတ်သူတွေ ရယူခြင်းတွေသာ အမြဲရှိပြီး ဘာတစ်ခုမှ ပေးဖူးတာမရှိတဲ့သူတွေ နောက်ကျောကို ဓားနဲ့ထိုးဖို့စောင့်နေတဲ့သူတွေ ကိုယ်လဲ ကျမှာကို စောင့်နေတဲ့သူတွေ ကိုယ်အဆင်ပြေမှာ ကိုယ်ပျော်ရွှင်နေတာကို မလိုချင်မမြင်ချင် တဲ့သူတွေရှိ နေမှန်း တဖြေးဖြေးချင်း သိလာတော့ သူတို့နားက အသာလေးထွက်လာလိုက်တယ်။ အပြုံးလေးနဲ့ လမ်းခွဲခဲ့တယ်။
 
တချို့လည်း သူတို့လိပ်ပြာသူတို့မလုံလို့ ကိုယ့်ဘေးက ခွာသွားတယ်။ အသက်ကြီးလာတော့ လူများပြီး ပွဲမစည်တဲ့ဘဝကို စိတ်ကုန်လာတာလည်းပါတယ်။ အရည်အသွေး ရှိတဲ့သူအနည်းငယ် ကိုယ့်ကိုချစ်တဲ့ သူ ကိုယ်ကလည်းချစ်တဲ့သူတွေနဲ့ ဘဝကိုသပ်သပ်ရပ်ရပ် အေးအေးဆေးဆေးနဲ့ တိတ်တိတ်ဆိတ်ဆိတ်
နေရတာကို ပိုသဘောကျလာတယ်။
 
စီးပွားရေးအရ လူမှုရေးအရ လူအသစ်တွေနဲ့ ထပ်ထပ်ပြီးဆက်ဆံနေရပေမယ့် ကိုယ့်စိတ်ထဲယုံ ကြည်ရ တဲ့လူအသစ်ဆိုတာ တစ်နှစ်နေလို့ တစ်ယောက်ထပ်မတိုးတော့ဘူး။ ကောက်ကျစ်လွန်းတဲ့ မြေခွေးတွေ ကြားမှာ ကိုယ့်နားရှိတဲ့သိုးတွေကို ပိုပြီး တန်ဖိုးထားလာမိတယ်။ လူအများကြီးနဲ့ လူမှုရေး ကောင်းတယ် ထင်ရပေမယ့် တကယ့်အရေးဆို ကိုယ့်နားကျန်ခဲ့တဲ့လူဆိုတာ ၅ယောက်အပြင်မပိုဘူးဆိုတာ ဘဝက သင်ကြားပေးတော့ "မိတ်ဆွေစစ်"ဟာဘာလဲဆိုတာသိလာတယ်။
 
ဟုတ်ကဲ့
သူတို့မှာမိတ်ဆွေတွေအများကြီးနဲ့ လူမှုရေး အောင်မြင်ကြပါတယ်။ လူများပြီး ပွဲစည်ကြပါတယ်။
ကျွန်တော့် ဆီမှာတော့ လူနည်းပါတယ်။ ဒါပေမယ့် ပွဲလေးတော့လှပါတယ်။ ကိုယ့်ဘေးနားကလူတွေဟာ
နည်းသည်များသည် Quantity နဲ့မဟုတ်ဘဲ ကောင်းသည်ဆိုးသည် Qualityနဲ့သာ ဆုံးဖြတ်ရွေးချယ်ပြီး ပေါင်းသင်းထားတာမို့ မိတ်ဆွေစစ်အနည်းငယ်နဲ့ရှင်သန်နေထိုင်ရတာ အဆင်ပြေပါတယ်။

မိတ်ဆွေတို့လည်း မိတ်ဆွေတို့ဘဝမှာ Qualityရှိတဲ့ မိတ်ဆွေကောင်းတွေနဲ့သာဆုံတွေ့ပြီး အဆင်ပြေ နိုင်ကြပါစေ။
 
 

No comments