New Artical

ဘုရားကျောင်းဆောင်ရှိ ဘုရားပုံတော်အားစွဲကပ်နေသော ပျားအုံကို မီးမြှိုက်ရာမှ ကျောင်းမီးလောင်မှုဖြစ်ပွါးခဲ့

ဘုရားကျောင်းဆောင်ရှိ ဘုရားပုံတော်အားစွဲကပ်နေသော ပျားအုံကို မီးမြှိုက်ရာမှ ကျောင်းမီးလောင်မှုဖြစ်ပွါးခဲ့

မြိတ်မြို့၊ ပဇာကျေးရွာအုပ်စု၊ သကန်တောင်ပုကျေးရွာတွင် ဘုန်းကြီးကျောင်း ဘုရားကျောင်းဆောင် အတွင်းရှိ ဘုရားပုံတော်တွင် စွဲကပ်နေသော ပျားအုံအား အုန်းဆံခွံဖြင့် မီးမြှိုက် နှိမ်နှင်းရာမှ ကျောင်းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မြိတ်မြို့၊ ပဇာကျေးရွာအုပ်စု၊ သကန်တောင်ပုကျေးရွာ၊ ဆရာတော် ဦးဇာဂန၊ သက်တော်(၈၄)နှစ် ဝါတော်(၆၂)၏ သကန်တောင်ပု ဘုန်းကြီးကျောင်း၌ အလျားပေ ၃၀၊ အနံပေ ၄၀၊ သွပ်မိုး ပျဉ်ကာ၊ ကွန်ကရစ်ခင်း ၁ ထပ်၊ ဘုရားကျောင်းဆောင်အတွင်းရှိ ဘုရားပုံတော်အား စွဲကပ်နေသော ပျားအုံအား အုန်းဆံခွံဖြင့် မီးမြှိုက်နှိမ်နှင်းရာမှ ကျောင်းမီးလောင်ခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း(၅၉)ဦးနှင့် ဗဟိုမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊အုပ်ချုပ်မှုယာဉ်(၁)စီး ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၁)စီး၊ ကျွဲကူးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်း(၉)စီးတို့ဖြင့် သွားရောက်၍ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းငြှိမ်းခဲ့ကြသည်။

ငှိမ်းသတ်ရာ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့သော်လည်း မီးလောင်မှုကြောင့် ဘုရားကျောင်းဆောင် (၁)ဆောင် မီးလောင်ကျွမ်းခဲ့ကြောင်း မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရသိရသည်။

Photo credit

သူ့အသိုက်အမြုံဖျက်တော့ကိုယ့်အသိုက်ပါမီးသင့်ရတယ် #ဝဋ်ကြွေးပေါ့ဘုရား

SiThuMaung ဂူစည် မြိတ်

No comments