New Artical

ဆီးချိုသွေးတိုးနဲ့ သွေးတွင်းအဆီဓါတ်တွေကို ခြေဖျက်နိုင်စွမ်း အာနိသင်ရှိသော ဓနိဖူးခြောက်


ဆီးချိုသွေးတိုးနဲ့ သွေးတွင်းအဆီဓါတ်တွေကို ခြေဖျက်နိုင်စွမ်း အာနိသင်ရှိသော ဓနိဖူးခြောက်

ဓနိဖူးခြောက် ရခိုင်မှာဆိုတော့ဓ နိပေါတယ်။‌ရေခြောက်ခပ်သလိုမျိုး ဓနိဖူးခြောက်ကို ရေနွေးထဲထည့်သောက်လို့ရတယ်။ အဖြူရောင်မဖြစ်မချင်း အာနိ သင်မပြေဘူး။အာနိသင်တို့ကတော့ သွေးတိုး ဆီးချို သွေးတွင်းအဆီဓါတ်တွေကို ခြေဖျက်နိုင်တယ်ပြီးတော့ အစာအိမ်သမားများအ တွက်လည်းသက်သာစေတယ်။

အစွမ်းထက်လှပါတယ်ဆိုတဲ့ ကိုရီးယားဂျင်စင်းထက် ၄၄ ဆပိုပြီး အစွမ်းသတ္တိရှိတဲ့ မြန်မာပြည်က ဓနိဖူးခြောက်အကြောင်း – ဓနိပင်သည် ပင် လယ်ရေငန်ရောက်သော ဒီရေတော များတွင် ဖြစ်ထွန်း သည်။ အုန်းပင်ပေါက်နှင့် ဆင်တူပါသည်။ အခြား သီးနှံများ ကဲ့သို့ ဓာတ်မြေသြဇာ ကျွေးရခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်း လုံးဝ လုပ်စရာ မလိုသောအပင်ဖြစ်ကာ

ဒီရေ များနှင့် ပါလာသော နုန်းမြေ များသည် ဓနိခြံ အတွင်းတွင် တင်ကျန်နေ ခဲ့ပြီး သဘာဝမြေသြဇာ အဖြစ်နှင့်ဓနိပင် များ ကို ကြီးထွားစေသောကြောင့် ဓနိထွက် အစားအ စာမှန်သမျှ သဘာဝစစ်စစ် အော်ဂင်းနစ်များသာ ဖြစ်ပေသည်။ဓနိပင်သည် လူသားတို့အတွက် အသုံးအဆောင်များအစားအစာများ ပေးစွမ်းသည်သာမက ဓနိဖူးသည် ဂျင်စင်းထက်သာသော ဆေးဘက်ဝင် အဖိုးတန်ရတနာ တပါးဖြစ်နေသည်ကို သိရှိသူ ရှားပါးလှပေသည်။

ဓနိဖူးခြောက်သည် ကိုးရီးယားလူမျိုးအများစုရဲ့တန်ဖိုးထားရသော ဂျင်ဆင်းထက် ဓနိဖူးတွင် A n t io x i d a n t အဆပေါင်း ၄၄ဆပိုသည်ဟု ကိုရီးယား အစားအစာနှင့်အဟာရပညာရှင်များ ဆိုပါသည်။ထို့ကြောင့် ယခုအခါ ဓနိဖူးခြောက်သည် ကိုးရီးယားနိုင်ငံ၏ VIP အစားအစာအဖြစ်နေရာယူလျက်ရှိနေပါသည်။ဓနိဖူးကို ကိုရီးယားလို 해죽순 ဟဲဂျု့ဆွန်းလို့ ခေါ်တယ်။

ဟဲဂျု့ဆွန်းကို Y o u t u b e မှာ ရှာကြည့်လိုက်တော့အားပါးပါး ဓနိဖူးကို သုတေသနပြုထားတာတွေ ဓနိဖူးရဲ့ အ ကျိုးအာနိသင်တွေ ပြောပြထားတာ အံ့သြစရာပါပဲ ။ဓနိဖူးခြောက် သာက်သုံးခြင်းဖြင့် ရရှိနိုင်သော အကျိုး ကျေးဇူးများ – ဆီးချို သွေးချို သွေးတိုး အရေပြားယားနာအမျိုးမျိုး သွေးတွင်းအဆီများခြင်းနှင့် အစာအိမ်ရောဂါများ ပျောက်ကင်းနိုင်ပါသည်။သောက်သုံးနည်းကတော့ ရေ နွေးနဲ့စိမ် အရောင်မပြောင်းမချင်း ရေနွေးထည့်သောက ်အာနိသင်မပြယ်ပါ။

အဖြူရောင်ဖြစ်မှ ဓနိဖူးအားသွန်ပစ်ပါ။မြန်မာပြည်မှာတော့ဓနိဖူးခြောက်ရေနွေးကြမ်းကို တွင်တွင်ကျယ်ကျယ် မသောက်တတ်ကျသေးပေမယ့် ဂျပန်နှင့် ကိုရီးယားနိုင်ငံများမှာတော့ ဈေးကြီးတဲ့ပစ္စည်းပါ။ယခုမြန်မာပြည်မှာ စတင်ထုတ်လုပ်နေပြီဆိုတော့ မိမိ၏ ကျန်းမာရေးကို အထူးအထောက်အ ကူပြုသောမြန်မာပြည်ဖွား ဓနိဖူးခြောက် ရေနွေးကြမ်းကို နေ့စဉ်သောက်သုံးသင့်ပါကြောင်း စေတနာများစွာဖြင့် ရေးသားတိုက်တွန်းလိုက်ရလေတော့သတည်း ။

 

No comments