New Artical

မြန်မာပြည်ရောက်လာတော့မည့် Oxford ကိုဗစ်ကာကွယ်ဆေးထိုးမယ်ဆိုရင် သိထားသင့်တဲ့အချက်များ


မြန်မာပြည်ရောက်လာတော့မည့် Oxford ကိုဗစ်ကာကွယ်ဆေးထိုးမယ်ဆိုရင်သိထားသင့်တဲ့အချက်များ


မြန်မာပြည်ရောက်လာတော့မည့် Oxford ကိုဗစ်ကာကွယ်ဆေးထိုးမယ်ဆိုရင် သိထားသင့်တဲ့အချက်များOxford ကိုဗစ်ကာကွယ်ဆေးထိုးမယ်ဆိုရင် အပိုင်း (၁)Oxford University ကတီထွင်ပြီး AstraZeneca ကိုလိုင်စင်ပေးထားပါတယ်။ ကမ္ဘာ့အကြီးဆုံးကာကွယ်ဆေးစက်ရုံကိုပိုင်တဲ့ Serum Institute of India က COVISHIELD ဆိုပြီး အိန္ဒိယမှာ လိုင်စင်ခံထုတ်လုပ်ပါတယ်။

ဆေးပုလင်းပုံစံနဲ့ထုပ်ပိုးမှုကာကွယ်ဆေးကိုသတင်းမှာတင်တုန်းက ပုလင်းပတ်အပြာနဲ့ဖြစ်ပြီး အခုအိန္ဒိယဆေးရုံတွေမှာထိုးနေတာ အစိမ်းနဲ့ SII ChAdOx1 nCoV-19COVISHIELD လို့ရေးထားတာ တွေ့ရပါတယ်။ 5 ml ဆေးပုလင်း (လူ ၁၀ ယောက်စာ) လည်းလာသလို 4 ml ဆေးပုလင်း (လူ ၈ ယောက်စာ) လည်းလာပါတယ်။

ဖန်အကြည်ပုလင်းကို halobutyl ရာဘာအဖုံးစွပ်ပြီးအလူမီနီယံအဖုံးအပတ်နဲ့ ပလတ်စတစ်ထိပ်ဖုံး (flip-off cap) နဲ့ လာပါတယ်။5 ml ပုလင်းဖြစ်ဖြစ်၊4 ml ပုလင်းဖြစ်ဖြစ် (၁၀ ပုလင်းတစ်ဘူး) ထုပ်ပိုးထားပါတယ်။5 ml ပမာဏပါတဲ့ ဆေး ၁ ပုလင်း (one vial) အကြောင်းပြောရရင် 10 doses ပါပါတယ်။(dose = လူတစ်ယောက်ကိုတစ်ခါထိုးစာပမာဏပါ။)

လူတစ်ယောက်ကို 0.5 ml ပမာဏထိုးရပါတယ်။ပထမအကြိမ် 0.5 ml ပမာဏထိုးပြီးရင် ဒုတိယအကြိမ်အဖြစ် ရက်သတ္တပတ် ၄ ပတ်ကနေ ၁၂ ပတ်အကြားမှာ ဒုတိယ 0.5 ml ကိုထပ်ပြီး booster dose အဖြစ်ထိုးရပါတယ်။ဒါကြောင့် 5 ml ဆေးတစ်ပုလင်းမှာ လူတစ်ယောက် 0.5 ml တစ်ခါထိုးစာနဲ့ လူ (၁၀) ယောက်ထိုးစာပါပါတယ်။

တစ်ခါထိုးစာ one dose 0.5 ml မှာ Covid-19 Vaccine (ChAdOx1-S* recombinant) 5 x 10^10 viral particles (vp) ပါပါတယ်။အဲ့ဒီကာကွယ်ဆေးဟာ မပွားနိုင်တဲ့ ချင်ပန်ဇီ adenovirus တွေပါပြီး HEK 293 ဆဲလ်တွေပေါ်မှာပွားထားတာပါ။HEK 293 အကြောင်းကအရင်ကရေးဖူးလို့ဒီလောက်ပဲရေးပြီး ကာကွယ်ဆေးအကြောင်းပဲအဓိကပြောပါမယ်။ဒါကြောင့် GMO မကင်းတဲ့ဆေးဖြစ်ပါတယ်။

အတော်များများလည်းဒီနည်းနဲ့ထုတ်တာမို့ GMO ကင်းနိုင်ဖို့ခက်ပါမယ်။ကာကွယ်ဆေးရဲ့အရောင်က အရောင်မဲ့ကနေ အနည်းငယ်အညိုဘက်သန်းနိုင်ပါတယ်။အရည်ကြည်ပြီး အနည်းငယ်လည်းနောက်နိုင်ပါတယ်။အမှုန်အမွှားကင်းပြီးတော့ pH 6.6 ရှိပါတယ်။ကာကွယ်ဆေးထိုးနိုင်တဲ့အသက်အရွယ်Oxford ကာကွယ်ဆေးထိုးနိုင်တဲ့အသက်အရွယ်ကတော့ ၁၈ နှစ်နဲ့အထက်ဖြစ်ပါတယ်။

ဒီနေရာမှာကြုံလို့ထည့်ပြောချင်တာက Moderna ရဲ့ကာကွယ်ဆေးကလည်း အသက် ၁၈ နှစ်နဲ့အထက်ထိုးလို့ရပြီး Pfizer ကာကွယ်ဆေးကတော့ အသက် ၁၆ နှစ်နဲ့အထက်မှာ ထိုးလို့ရပါတယ်။အသက် ၁၈ နှစ်အောက်နဲ့ကလေးတွေမှာ oxford ကာကွယ်ဆေးစမ်းသပ်ထားတဲ့ ဒေတာမရသေးပါဘူး။အသက် ၆၅ နှစ်နဲ့အထက်အတွက် စမ်းသပ်ထားမှုဒေတာက အသက် ၁၈ နဲ့ ၆၄ အထိအသက်အရွယ်ဒေတာလောက်မပြည့်စုံပါဘူး။

စမ်းသပ်တုန်းက စမ်းသပ်တဲ့လူတွေရဲ့ 90.3 % က အသက် ၁၈ ကနေ ၆၄ နှစ်အထိပါ။အဲ့ဒီလိုစမ်းသပ်ခဲ့တုန်းက အသက် ၆၅ နဲ့အထက်မှာ မလိုလားအပ်တဲ့ဆိုးကျိုးတွေ့ရမှုကပိုပြီးနည်းပါးတာ၊သက်သာတာကို တွေ့ခဲ့ရပါတယ်။သိုလှောင်သိမ်းဆည်းဖြန့်ဖြူးရေးရေခဲသေတ္တာအပူချိန် ၂ ကနေ ၈ ဒီဂရီစင်တီဂရိတ် မှာသိမ်းဆည်းရပါမယ်။အေးခဲလို့မရပါ။ Freezer ထဲသိမ်းလို့မရပါ။ နေရောင်အလင်းရောင်တိုက်ရိုက်ကျတဲ့နေရာမှာမထားရပါ။

Pfizer ကာကွယ်ဆေးလို dilute မလုပ်ရပါ။ပထမဆုံးအကြိမ်ပုလင်းကိုဖွင့်ပြီးရင် (၆ နာရီအတွင်း) တတ်နိုင်သမျှမြန်မြန်သုံးပစ်ပါ။အသုံးပြုစဉ်ကာလမှာအပူချိန် ၂ ကနေ ၂၅ ဒီဂရီစင်တီဂရိတ် အတွင်းထားလို့ရပါတယ်။Oxford ကာကွယ်ဆေးကိုထိုးမယ်ဆိုရင် …Method of administration (IM) intramuscular injection အဖြစ်ပဲထိုးရမှာပါ။ တတ်နိုင်သလောက် deltoid muscle မှာထိုးပါ။

မထိုးခင်အမှုန်ပါသလာအရောင်ပြောင်းသလာစစ်ဆေးပါ။ ပုလင်းကိုမခါရပါ။လူတစ်ယောက်ကို ပိုးသတ်ထားတဲ့ဆေးထိုးအပ်နဲ့ 0.5 ml စုပ်ယူပြီးထိုးပါ။လူတိုင်းကို ဆေးထိုးပြွန်နဲ့အပ် သပ်သပ်ခွဲသုံးပါ။အကယ်လို့ Low dead volume syringe သုံးခဲ့ရင် 5 ml ပုလင်းမှာ လူတစ်ယောက်စာဆေးပမာဏအပိုကျန်နိုင်ပါတယ်အကယ်လို့ပုလင်းထဲမှာကျန်တဲ့ပမာဏဟာ 0.5 ml မကျန်ရင် ကျန်တဲ့ပမာဏကိုမသုံးပဲလွှင့်ပစ်ပါ။

တစ်ခုခုဆိုရင် traceability အဖြေရှာလို့ရအောင် ဆေးထိုးတဲ့လူစာရင်းမှာ ဆေးပုလင်း batch number နဲ့တကွသေချာမှတ်သားပါ။တခြားဆေးတွေနဲ့ ဓာတ်မတည့်ခြင်းရှိမရှိ မစမ်းသပ်ရသေးပါ။ဆေးထိုးရင်နားလည်တတ်ကျွမ်းသူနဲ့ပဲထိုးနှံပါ။နားလည်တတ်ကျွမ်းသူများဖတ်ရန် ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးများ Adverse drug reactions ကို အောက်မှာထည့်ပေးလိုက်ပါတယ်။

 

 

MedDRA SOC: Blood and lymphatic system disorders

Frequency: Uncommon
Adverse reactions: Lymphadenopathy (a)

MedDRA SOC: Metabolism and nutrition disorders

Frequency: Uncommon
Adverse reactions: Decreased appetite (a)

MedDRA SOC: Nervous system disorders

Frequency: Very common
Adverse reactions: Headache

MedDRA SOC: Nervous system disorders

Frequency: Uncommon
Adverse reactions: Dizziness (a)

MedDRA SOC: Gastrointestinal disorders

Frequency: Very common
Adverse reactions: Nausea

MedDRA SOC: Gastrointestinal disorders

Frequency: Common
Adverse reactions: Vomiting

MedDRA SOC: Gastrointestinal disorders

Frequency: Uncommon
Adverse reactions: Abdominal pain (a)

MedDRA SOC: Skin and subcutaneous tissue disorders

Frequency: Uncommon
Adverse reactions: Hyperhidrosis (a), pruritus (a), rash (a)

MedDRA SOC: Musculoskeletal and connective tissue disorders

Frequency: Very common
Adverse reactions: Myalgia, arthralgia

MedDRA SOC: General disorders and administration site conditions

Frequency: Very common
Adverse reactions: Injection site tenderness, injection site pain, injection site warmth, injection site erythema, injection site pruritus, injection site swelling, injection site bruising (b), fatigue, malaise, pyrexia (c), chills

MedDRA SOC: General disorders and administration site conditions

Frequency: Common
Adverse reactions: Injection site induration, influenza like illness (a)

(a) Unsolicited adverse reaction

(b) Injection site bruising includes injection site haematoma (uncommon, unsolicited adverse reaction)

(c) Pyrexia includes feverishness (very common) and fever ≥38°C (common)

Very rare events of neuroinflammatory disorders have been reported following vaccination with COVID-19 Vaccine AstraZeneca. A causal relationship has not been established.

Hypersensitivity

As with all injectable vaccines, appropriate medical treatment and supervision should always be readily available in case of an anaphylactic event following the administration of the vaccine.

Concurrent illness

As with other vaccines, administration of COVID-19 Vaccine AstraZeneca should be postponed in individuals suffering from an acute severe febrile illness. However, the presence of a minor infection, such as cold, and/or low-grade fever should not delay vaccination.

Thrombocytopenia and coagulation disorders

As with other intramuscular injections, COVID-19 Vaccine AstraZeneca should be given with caution to individuals with thrombocytopenia, any coagulation disorder or to persons on anticoagulation therapy, because bleeding or bruising may occur following an intramuscular administration in these individuals.

Immunocompromised individuals

It is not known whether individuals with impaired immune responsiveness, including individuals receiving immunosuppressant therapy, will elicit the same response as immunocompetent individuals to the vaccine regimen.

ဆေးထိုးစဉ်ကာလမှာ ကလေးနို့တိုက်လို့ရမရ နားလည်တတ်ကျွမ်းသူနဲ့တိုင်ပင်ပါ။ကာကွယ်ဆေးထိုးထားစဉ် ခေတ္တမိခင်နို့တိုက်တာရပ်ဖို့လိုရင်ရပ်ပါ။အခုထိ ကာကွယ်ဆေးထိုးထားရင်မိခင်နို့ရည်နဲ့ပါမပါ ဘယ်ကိုဗစ်ကွယ်ဆေးမှ အတိအကျမပြောနိုင်သေးပါ။

တိရိစ္ဆာန်တွေမှာစမ်းသပ်ရာမှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း သန္ဓေအောင်ခြင်းထိခိုက်မှုရှိကြောင်း မတွေ့ရပါ။ကိုယ်ဝန်ဆောင်ချိန်ကာကွယ်ဆေးထိုးခြင်းနဲ့ပတ်သက်ပြီး ရတဲ့ဒေတာကနည်းပါတယ်။

အခုထိ တိရိစ္ဆာန်တွေမှာ ကနဦးစမ်းသပ်ရာမှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထိခိုက်မှုရှိကြောင်း မတွေ့ရပါ။Phase 3 စမ်းသပ်မှုဒေတာအကြောင်း နောက်ထပ်အပိုင်း (၂) မှာဆက်ခွင့်ပြုပါ။

Source Richard Myo Thant

Credit:

 

No comments