New Artical

" နံရံလိုနေပါ သမီးရေ ……"


 " နံရံလိုနေပါ သမီးရေ ……"


(👸 မိန်းခလေးများ ကျော်မသွားရန် 👩 )

🌺 သမီးရေ………
🌺 နံရံဆိုတာ မာကျောတယ် အေးစက်တယ် ……
🌺 ခံစားမှုမရှိဘူး တုန့်ပြန်မှုမရှိဘူး။

🌺 ဒါပေမယ့်………
🌺 အဲ့ဒီနေရာကိုဝင်ဆောင့်တဲ့ သူကတော့ ……
🌺 ထိမိ ခိုက်မိကြတယ်။

🌺 နည်းရင် နည်းနည်းပဲ ထိမယ် ……
🌺 များရင် များများထိမယ် ……။

🌺 နံရံက တန်ပြန်တော့ မဟုတ်ဘူးနော် ……
🌺 ပြုလုပ်သူရဲ့ အတိုင်းသာ တန်ပြန်သွားတာ။

🌺 ဒီလိုပဲ လူ့လောကမှာနေရင် ……
🌺 တစ်ဦးနှင့်တစ်ဦး အမြဲချစ်ခင်နေကြဖို့ ……
🌺 အမြဲတမ်း သင့်တင့်အဆင်ပြေနေကြဖို့ ……
🌺 လူတိုင်းလူတိုင်းမှာ ဆန္ဒရှိကြတယ်။

🌺 အဲ့ဒီဆန္ဒတချို့လည်း ………
🌺 အကောင်အထည် ဖော်နိုင်တယ်။

Why??

🌺 အောင်မြင်တဲ့ သူတွေမှာ ……
🌺 ဘယ်လိုလျို့ဝှက်ချက်တွေ ရှိပြီး ……
🌺 ကျရံူးတဲ့သူတွေမှာရော ……
🌺 ဘယ်လိုအားနည်းချက်တွေ ရှိလို့လဲ။

🌺 တကယ်တော့ သမီးရေ………

🌺 လူမှုအသိုင်းအဝိုင်းမှ ……
🌺 တစ်ဦးနှင့်တစ်ဦး အမျက်မရှိ ……
🌺 အမြဲတမ်း အဆင်ပြေဖို့ဆိုတာ ……
🌺 တကယ်တော့ ………
🌺 စိတ်ကူးယဉ်သက်သက်ပါပဲ။

🌺 ဘာဖြစ်လို့လဲဆိုတော့ ……
🌺 လောကီနယ်ပယ်မှာ ……
🌺 ပုထုဇဉ်တို့ ကိုင်စွဲရာသည် ……
🌺 လောဘ ဒေါသ မာန်မာနများက
🌺 အများဆုံး ဖြစ်နေလို့ပါပဲ။

🌺 ဒါကြောင့် ………
🌺 လူတွေအပေါ်မှာ နားလည်မှု ……
🌺 စာနာမှု ခွင့်လွတ်မှု မေ့ပျောက်မှုတွေကို
🌺 သမီးရဲ့ နှလုံးသွင်းမှုတိုင်းမှာ ………
🌺 အဓိက ထည့်ထားဖို့ လိုအပ်မယ်။

🌺 ဒီလိုပြောလို့ မတရားလိုက်တာ ……
🌺 သမီးက အမွဲတမျး အရူံးသမား ……
🌺 ဖြစ်နေရမှာလားလို့ မတွေးလိုက်ပါနဲ့။

🌺 ခံစားမှု မရှိလေ……
🌺 သမီးစိတ်တွေ အေးချမ်းလေပါပဲ။

🌺 ဒီလိုနေတက်သွားရင် သမီးဟာ ……
🌺 အင်မတန် တောင့်တင်းခိုင်မာတဲ့ ……
🌺 နံရံလို လူဖြစ်သွားလိမ့်မယ်……

🌺 ကိုယ်ကောင်းတာဟာ ကိုယ်စံဖို့ဖြစ်ပြီး
🌺 သူမကောင်းတာဟာ သူခံဖို့သာ ဖြစ်တယ်။
🌺 နည်းနည်းလေးမှ အထိမခံ ……
🌺 ဆတ်ဆတ်ကဲတဲ့ သူဟာ ……
🌺 အပေါ်ယံသာ ခတ်ထန်မာကြောသယောင်နဲ့
🌺 တကယ်တော့ ထိလွယ်ရှလွယ် ……
🌺 လုံခြုံမှု မရှိတဲ့သူပါ။

🌺 အဲ့ဒီလိုလူတွေထဲ သမီးမပါပါစေနဲ့……။

🌺 နံရံလိုသာ ဖြစ်သွားရင် ……
🌺 ဘယ်နေရာမှာပဲ ရှိရှိ ……
🌺 သမီးလေးအဆင်ပြေဖို့ ……
🌺 အမြဲ ယုံကြည်တယ်။

🌺 သမီး လွတ်လွတ်လပ်လပ်တွေးခေါ်ပါ။
🌺 မိန်းမဆိုတာ ……
🌺 မေတ္တာအရေးရော ငွေရေး ကြေးရေး
🌺 အရပါ သူတပါးကို နည်းနည်းပါးပါး ……
🌺 အားကိုးလို့ ရရင် ရမယ်။
🌺 ဒါပေမယ့် ……
🌺 အကောင်းဆုံးကတော့ ……
🌺 ကိုယ့်ကိုယ်ကို အားကိုးခြင်းပါပဲ။

🌺 သမီးစာ များများဖတ်ပါ ။
🌺 များများလေ့လာပါ။
🌺 ပန်းအိုးဆိုတာ ……
🌺 ကျကွဲလွယ်လွန်းတက်သလို ……
🌺 လှပခြင်းဆိုတာလည်း ……
🌺 ရင့်ရော်လွယ်လွန်း လှပါတယ်။

🌺 သမီးရဲ့ ရင်တွင်းအလှနဲ့ ……
🌺 ပင်ကိုယ်အရည်အသွေး များကသာ ……
🌺 သမီးကို အမြဲအဖော်ပြုသွားမှာပါ။

🌺 သမီးလေး……………
🌺 အထီးကျန်ခြင်းနှင့် ရင်းနှီးကျွမ်းဝင် နေပါစေ။

🌺 တခါတလေ သူငယ်ချင်းတွေနဲ့ ……
🌺 ဟေးလားဝါးလား အဖွဲ့ကျနိုင်ပေမယ့် ……
🌺 မိမိကိုမိမိ မိမိအတွင်းစိတ်နှင့် ……
🌺 အဆင်ပြေအောင် နေထိုင်တက်ခြင်းသာ ……
🌺 ဘဝတစ်ခုလုံးအတွက် အားအကိုးရဆုံး ……
🌺 ဖြစ်တက်ပေသည်။

🌺 သမီးသူများကို သိပ်ပြီး ……
🌺 အားကျစရာ မလိုပါဘူး …။

🌺 ကိုယ်လျှောက်မယ့် လမ်းကိုသာ ……
🌺 အကောင်းဆုံးဖြစ်အော် လျှောက်လှမ်းပါ။

🌺 လူဆိုတာ ပြောမရဘူး ……
🌺 သူများလည်း ကိုယ့်ကို ……
🌺 အားကျရင် အားကျနေမှာ ……
🌺 သမီး……… လူဆိုတာ ……
🌺 ကိုယ့်စိတ်ကို နိုင်နင်းရတယ်။

🌺 လူဆိုတာ ………
🌺 ကိုယ့်စိတ်ရဲ့ အရှင်သခင် မဖြစ်ခဲ့ဘူးဆိုရင် ……
🌺 ကိုယ့်စိတ်ရဲ့ ကျေးကျွန်ဖြစ်သွားတက်တယ်။

🌺 သမီးလေးရေ ……
🌺 သနား ကြင်နာတက်တဲ့ စိတ် ……
🌺 သူများကို ကူညီတက်တဲ့ စေသနာ ……
🌺 နားလည်ခွင့်လွတ်တက်တဲ့ သဘောထား ……
🌺 ဒါတွေအာလုံးက ……
🌺 သမီးကို ပိုမို လှပသွားစေမှာပါ။

🌺 သမီးရေ……………
🌺 အခြေအနေအရ ဘာကိုပဲ ……
🌺 စွန့်လွှတ် ……စွန့်လွှတ် ……
🌺 အကျင့်စာရိတ္တရယ် အပြုံးရယ် ……
🌺 ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရယ် ……
🌺 ဘယ်တော့မှ မစွန့်လွှတ်ရဘူး။

🌺 ဒါတွေအားလုံးဟာ သမီးဘဝ ……
🌺 လှပစေဖို့ ပံ့ပိုးပေးမယ့် ……
🌺 ကိုယ်ရည်ကိုယ်သွေး ချည်းပါပဲ။

🌺 အားလုံးကို လေးစားလျှက်…။]
ဥိးသီ

 


 

No comments