New Artical

ရန်ကုန်တိုင်းအတွင်းရှိပန်းခြံနှင့် ကစားကွင်းများအား အချိန်ပိုင်းပြန်ဖွင့်ခွင့်ပြု

ဒီဇင်ဘာ ၂၀ ရက်နေ့က ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံတွင် သတိပေး စာတန်းများ ကပ်ထားစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ရန်ကုန်တိုင်းအတွင်းရှိပန်းခြံနှင့် ကစားကွင်းများအား အချိန်ပိုင်းပြန်ဖွင့်ခွင့်ပြု

  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပန်းခြံနှင့်ကစားကွင်းများ အား ဇန်နဝါရီ ၂၁ရက်ကစ၍ အချိန်ပိုင်း ပြန်ဖွင့်ခွင့်ပြုလိုက်ကြောင်းမြို့နယ်စည်ပင်ဥက္ကဋ္ဌအချို့ကဆိုသည်။


ပန်းခြံနှင့်ကစားကွင်းများအား အများပြည်သူကျန်းမာရေး လေ့ ကျင့်ခန်းပြုလုပ်ရန် နံနက် ၅ နာရီမှ နံနက် ၉နာရီခွဲအထိသာဖွင့် ခွင့်ပြု မည်ဖြစ်သည်။ ပန်းခြံနှင့်ကစားကွင်းများတွင် အများပြည်သူဝင်ရောက် အပန်းဖြေခွင့်ကို ပြီးခဲ့သည့်ဒီဇင်ဘာ ၂၁ ရက်တွင်စတင် ပိတ်ထားခဲ့ပြီး ယင်း ကြေညာချက်မှာ ဇန်နဝါရီ ၂၀ရက်က ပြည့်သွားခဲ့၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်အတိုင်း ပြန်ဖွင့်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

‘‘ပြန်ဖွင့်ခွင့်ပြုတဲ့စာရောက်ပါပြီ။ အချိန်ပိုင်းပါပဲ။ အခုပန်းခြံတွေ ကို စာထပ်ပို့ထားတယ်’’ဟု မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်လှိုင်ကပြောသည်။

‘‘အတည်ပြုချက်ကို စည်ပင်ဝက်ဘ်ဆိုက်မှာလည်းတင်ပြီး အ သိပေးထားပါတယ်’’ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာန၊ဌာနမှူးဦးကိုကို လင်းကပြောသည်။

ရန်ကုန်တွင် ကိုဗစ်ကူးစက်မှုမြင့်မားနေစဉ် ခရစ္စမတ်နှင့်နှစ်သစ် ကူးရက်များ၌ ပန်းခြံနှင့်ကစားကွင်းများသို့ လာရောက်သူများကြောင့် ကူးစက်မူများထပ်မဖြစ်စေရန်ဟုဆိုကာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

Credit:7day

No comments