New Artical

ဌာနေပြန် မြန်မာတွေ လေယာဉ်ပေါ် ကိုဗစ်မကူးစက်ရေး ဆောင်ရွက်ချက်

 

၂၀၂၀ အောက်တိုဘာ ၂၂ တုန်းက မြန်မာနိုင်ငံကို ပြန်လာကြတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများ (ဓါတ်ပုံ-myanmar national airlines)

ကိုဗစ်ကပ်ရောဂါကာလမှာ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရက ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ ပြန်ခေါ်ပေးနေတာတွေ ရှိပါတယ်။ နေရပ်ပြန်မယ့်သူတွေကို ဒီလိုလေကြောင်းကနေ ပြန်ခေါ်ရာမှာ ရောဂါကူးစက်မှုတွေမဖြစ်အောင်လည်း စီစဉ်ရတယ်လို့ ကယ်ဆယ်ရေး လေယာဉ်တွေမောင်းနှင်ပေးနေတဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်းက လေယာဉ်မှူးကြီး ဦးအောင်ပိုကပြောပါတယ်။ နေရပ်ပြန်မယ့် မြန်မာနိုင်ငံသားတွေအတွက် ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ ပြင်ဆင်ရတာတွေကို ကိုဇော်ထက်က ဆက်သွယ် မေးမြန်းထားပါတယ်။ အရင်ဆုံး ကယ်ဆယ်ရေးလေယာဉ်တွေ မထွက်ခင်စီစဉ်ရတဲ့အပိုင်းကို မေးမြန်းရာမှာတော့ သူက အခုလို စပြောပါတယ်။

လေယာဉ်မှူးကြီး ဦးအောင်ပို ။ ။ “ကျနော်တို့ လေယာဉ်က ခရီးသည်တွေမတင်ခင်ကတည်းက maintenance engineer တွေက လေယာဉ်ကို disinfection ရောဂါပိုးတွေ ကင်းစင်အောင်လို့ လုပ်ထားပြီးသားပေါ့နော်။ အဲဒီလေယာဉ်ကို ကျနော်တို့က လက်ခံယူတယ်၊ ယူပြီးတဲ့အခါမှာ လေယာဉ်ပေါ်ကို ခရီးသည် စတင်ပြီပေါ့။”

မေး။ ။ ဟိုဘက်အခြမ်းမှာ ခရီးသည်က လေယာဉ်ပေါ်မတက်ခင် ဘာတွေပြင်ဆင်ထားရမလဲဆရာ။

လေယာဉ်မှူးကြီး ဦးအောင်ပို ။ ။ “ လေယာဉ်ပေါ်တက်မယ့် ခရီးသည်တွေကိုသက်ဆိုင်ရာ ဒေသမှာရှိတဲ့ ဥပမာ စင်္ကာပူဆိုလည်း စင်္ကာပူပေါ့၊ မလေးရှားဆိုလည်း မလေးရှားပေါ့၊ အဲဒီက သက်ဆိုင်ရာ authority ရဲ့ ဆေးထောက်ခံချက်တွေ၊ အဲဒါတွေ ပါရမယ်ပေါ့၊ အဲဒါတွေရှိမယ်။ ကျနော် သတိထားမိသလောက်ကတော့ တချို့ နေရာပေါ် မူတည်ပြီးတော့ သူ့ရဲ့ regulation ( စည်းကမ်းချက်တွေ) ကွာတာကို သတိထားမိတယ်၊ ဥပမာအားဖြင့် စင်္ကာပူလိုမျိုး အဲလိုဆိုရင် သူတို့က သာမန်အဝတ်အစား တွေနဲ့ပဲ တက်လာတာ ရှိတယ်၊ ကိုရီးယားလိုမျိုး သွားသယ်တာမျိုးဆိုရင် အကုန်လုံးက PPE ဝတ်တဲ့ဟာမျိုးရှိတယ်၊ သူ့ရဲ့ ဒေသဆိုင်ရာ စည်းကမ်းတွေနဲ့လည်း ဆိုင်တယ်ပေါ့နော်၊ အားလုံး PPE ဝတ်နိုင်ရင်တော့ အကောင်းဆုံပေါ့။ ဒါကတော့ ခရီးသည် လက်ခံတဲ့အပိုင်းပေါ့။ လေဆိပ်မှာ အပူတိုင်း၊ လက်ဆေးတာကတော့ ထုံးစံ လုပ်ရမယ်ပေါ့နော်။”

မေး။ ။ လေယာဉ်ပေါ်ကို ခရီးသည်လာတဲ့အခါ ဘာတွေမဖြစ်မနေ လုပ်ရမလဲဆရာ ရောဂါကာကွယ်ဖို့။

လေယာဉ်မှူးကြီး ဦးအောင်ပို ။ ။ “ လေယာဉ်ပေါ်ရောက်သွားတဲ့ ခရီးသည်တွေ အကုန်လုံးကို ကျနော်တို့က hand sanitizer နဲ့ ဖြန်းပါတယ်၊ ပြီးရင် အပူတိုင်းတယ်ပေါ့။ ကိုယ့်ကိုယ်ကိုယ် prevention လုပ်တဲ့အပိုင်းကတော့ ခေါင်းမှာ cap တွေ ဝတ်မယ်ပေါ့၊ နောက် face-shield တွေ တပ်မယ်ပေါ့၊ နောက် N95 mask တွေရှိမယ်၊ ဒါမှမဟုတ်ရင် PPE တို့ surgical gown တွေရှိမယ်၊ နောက် shoe cover တွေကအစ တပ်ထားတယ်၊ ဖိနပ်ကာဗာတွေပေါ့နော်၊ နောက်လက်အိတ်တွေပေါ့နော် glove တွေ အဲဒါတွေအကုန်လုံး ကျနော်တို့ လေယာဉ်သားတွေ အကုန်လုံး ဝတ်ဆင်ကြတယ်။”

မေး။ ။ ကိုယ်တိုင် ရောဂါမရှိပေမဲ့ လေယာဉ်တစီးထဲမှာ အချိန်အကြာကြာ စီးရတော့ ကူးစက်နိုင်ခြေ ရှိတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိတယ်ပေါ့။ အဲဒီအခြေအနေကို ဘယ်လိုပြင်ဆင်ထားပါလဲ။

လေယာဉ်မှူးကြီး ဦးအောင်ပို ။ ။ “ လေယာဉ်ပေါ်မှာ ရှိတဲ့လေက လေကိုလှည့်ပေးတယ်ပေါ့နော်၊ အဲဒီအချိန်မှာ ခရီးသည်ခန်းထဲမှာရှိတဲ့လေကို ခရီးသည်ရဲ့ အောက်ပိုင်း ခြေထောက်တွေ ဘေးနားမှာရှိတဲ့ absorb ပေါက်တွေကနေ လေကိုပြန်စုပ်သွားတယ်၊ တချို့တဝက်သည် အပြင်ဘက်ကို out flow လေပေါက်တွေကနေ အပြင်ကို ထွက်သွားတယ်၊ တချို့တဝက်တွေကို ကျနော်တို့က filter တခုခံပြီး လေကိုစုပ်ထုတ်ပစ်လိုက်တယ်၊ သဘောကတော့ အဲဒီ filter ကို HEPA ( ဟီပါ) filter လို့လည်း ခေါ်တယ်။ သူက high efficiency particulate air ပေါ့၊ အဲဒီလေထဲမှာ အမှုန်အမွှားတွေ၊ ရောဂါပိုးတွေကို အဲဒီ filter ကနေ စုပ်ထုတ်ပစ်လိုက်တယ် စစ်ထုတ်ပစ်လိုက်တယ်။ စစ်ပြီးတော့ regulate လုပ်ပြီး လေက အပြင်ကရတဲ့ outside air နဲ့ ပြန်ပေါင်းပြီး ခရီးသည်တွေခေါင်းပေါ် လေပေါက်တွေကနေ လေပြန်ကျတယ်။ ကိုဗစ်ဆိုတာ ပေါ်မလာခင်ကတည်းက ခရီးအရှည်ကြီး သွားရတဲ့ ဟာတွေအတွက် ပိတ်ထားတဲ့လေထုထဲမှာ ရောဂါပိုးရှိတဲ့လူတွေကနေ နောက်လူတွေကို မကူးအောင် လုပ်ထားတဲ့ စနစ်တခုဖြစ်တယ်၊ ကိုဗစ်က N95 လိုမျက်နှာဖုံးက စစ်နိုင်တယ်၊ ခုနကပြောတဲ့ heaper ကနေ ကောင်းကောင်းလုပ်နိုင်တယ်ဆိုတော့ လေကတဆင့် ကူးနိုင်စရာအကြောင်းမရှိဘူး ၁ အချက်၊ နောက်တခုက လူက PPE ဝတ်ထားမယ် ဆိုလို့ရှိရင်တော့ တယောက်နဲ့တယောက် ကူးစရာအကြောင်း မရှိဘူးပေါ့ ကျနော်ပြောချင်တာ။”

မေး။ ။ လေယာဉ်ပေါ်ကဝန်ထမ်းတွေ ရောဂါကာကွယ်ဖို့အတွက်ရော ဘာတွေပြင်ဆင်ရပါလဲ။

လေယာဉ်မှူးကြီး ဦးအောင်ပို ။ ။ “ ကျနော်တို့ ပိုင်းလော့တွေနဲ့ လေယာဉ်မောင်မယ်တွေနဲ့မှာ ပိုပြီး risk များတာက လေယာဉ်မောင်မယ်တွေက risk များတယ်ပေါ့။ လေယာဉ်ပေါ်မှာ အစားအသောက်တွေ ကျွေးတဲ့အချိန်ကျရင် ခရီးသည်တွေစားပြီးသားကနေ သူတို့ခန္ဓာကိုယ်ကထွက်တဲ့ တံတွေးတို့ အဲလိုဟာတွေကနေ ပေနေနိုင်တယ်၊ အဲဒါကို မတော်တဆထိမိတဲ့ အခါမျိုးတွေဆိုရင်လည်း သူတို့အနေနဲ့ ကူးနိုင်တယ်ပေါ့နော်။ အဲဒီအတွက် ကျနော်တို့က အကာအကွယ် အပြည့်အစုံနဲ့ သေချာဝတ်ထားတယ်ပေါ့။ ပြီးတော့ ခုနကပြောတဲ့ HEPA filter တွေဆိုတာလည်း သူ့အချိန်နဲ့တပြေးညီ ကျနော်တို့ လဲပေးနေတယ်၊ လေယာဉ်ပေါ်မှာ positive ရှိတယ်ဆိုရင် အဲဒီ filter တွေအကုန်ဖြုတ်လဲတယ်။ နောက် ခရီးသည် ပြန်ချတဲ့ အပိုင်းဆိုရင်လည်း MOHS ကနေ သူတို့ရဲ personal individual health declaration form တွေ သူတို့လက်ခံထားတယ်၊ ဟိုတယ် quarantine ဆိုရင်လည်း ဟိုတယ် quarantine စင်တာတွေ တခါတည်းပို့တယ်ပေါ့။ နောက် facility ဆိုရင်လည်း facility ( quarantine စင်တာတွေ) ကို တန်းပြီးပို့တယ်ပေါ့။”

မေး။ ။ ဟုတ်ကဲ့ ခရီးစဉ်ဆုံးသွားပြီဆိုရင် နောက်ပိုင်း လုပ်ဆောင်တဲ့အပိုင်း ပြောပြပေးပါဦးခင်ဗျ။

လေယာဉ်မှူးကြီး ဦးအောင်ပို ။ ။ “ သူတို့ဆင်းသွားပြီ ဆိုတဲ့အချိန်မှာ လေယာဉ်ကြီးကို disinfection ဆိုပြီး ပြန်လုပ်တယ်၊ အဲဒါကလည်း ဥပမာ ရန်ကုန်ကနေ မလေးရှားကိုသွားတယ်၊ မလေးရှားရောက်တယ် ဒီကနေခရီးသည် ပါသွားရင် အဲဒီလူတွေအကုန်ဆင်းပြီး လေယာဉ်ကိုပိတ်ပြီးတော့ disinfection လုပ်ပစ်လိုက်တယ်ပေါ့ သက်ဆိုင်ရာ ဟိုဘက်က။ ထိုနည်းတူစွာပဲ မြန်မာနိုင်ငံ ပြန်ရောက်လာရင် အကုန်လုံး ဆင်းသွားပြီးတဲ့အချိန်မှာ disinfection ပြန်လုပ်တယ်။ အဲဒီလို စနစ်တကျ လုပ်ထားတဲ့အတွက် လေယာဉ်ပေါ်မှာ ကူးစရာတော့ အကြောင်း တအားနည်းတယ်ပေါ့။ ဒီအတိုင်း ထိတွေ့မှု မရှိခဲ့ဘူးဆိုရင်တော့။”

ပြည်ပရောက် မြန်မာတွေအတွက် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်တွေ ပျံသန်းပေးနေတဲ့ လေယာဉ်မှူးကြီး ဦးအောင်ပိုကို ဗွီအိုအေက ကိုဇော်ထက် မေးမြန်းခဲ့တာဖြစ်ပါတယ်။

 

Ref : VOA  


No comments