New Artical

လိင်ဆက်ဆံခြင်းဖြင့် ကယ်လိုရီ ဘယ်လောက်လောင်ကျွမ်းသလဲ

 

လိင်ဆက်ဆံခြင်းဖြင့် ကယ်လိုရီ ဘယ်လောက်လောင်ကျွမ်းသလဲ

ခုတလော လိင်ကျန်းမာရေး ဆိုင်ရာ ဆောင်းပါးအတို အစလေးတွေ ဖတ်ရတဲ့ အခါလိင်ဆက်ဆံခြင်း အပြုအမူသည် လူ တစ်ယောက် အ တွက် ကယ်လိုရီ တွေ မြောက်မြား စွာ လောင်ကျွမ်း သွားစေ တဲ့အတွက် ကိုယ်အလေး ချိန်ချချင်သူတွေအနေနဲ့ လိင် ဆက်ဆံခြင်းအမှုကို ပိုမိုပြုလုပ်ကြ ရမလို ဖြစ်နေတယ်။ တချို့က လည်း တစ်ကြိမ် လိင်ဆက်ဆံ လျှင် ကယ်လိုရီ ၁၀ဝ မှ ၃၀ဝ အထိ လောင်ကျွမ်းနိုင်တယ် လို့လည်း ပြောကြရဲ့။ ကိုယ်လိုရာ ကိုယ်ဆွဲပြီး ပြောနေကြတာတွေ များပါတယ်။
ဒါပေမဲ့ သုတေသနပြုလုပ် ချက်များအရ အဲဒီကိစ္စက ကွဲပြား ခြားနားသော အကြောင်းအချက် တွေပေါ်မှာ အများကြီးအခြေခံ နေကြောင်း တွေ့ရသဗျ။ နမူနာ အားဖြင့် ကိုယ့်လူရဲ့ ကိုယ်အလေးချိန် က အခု ဘယ်လောက်ရှိနေပြီလဲ၊ ပြီးတော့ ခပ်ရိုင်းရိုင်းပြောရရင် ကိုယ့်လူရဲ့ လိင်ဆက်ဆံမှုအပြု အမူတွေက ဘယ်လောက်များ ပွဲကြမ်းသလဲ၊ ဘယ်လောက်ကြာ ကြာဆွဲသလဲ စတဲ့အချက်တွေပေါ် မှာ မူတည်နေကြောင်း သိရပါ တယ်။
၂၀၁၃ ခုနှစ်တုန်းက မွန်ထရီ ရယ် တက္ကသိုလ်က သုတေသီများ က ဒီကိစ္စကို အဖြေရှာဖို့အတွက် လေ့လာမှုတစ်ခု ပြုလုပ်ခဲ့တယ်။ ယောကျာ်းနဲ့ မိန်းမ စုံတွဲ ၂၁ စုံတွဲ ကို အထူးပြုလုပ်ထားသော အာရုံခံ ပစ္စည်း (Sense Wear fitness trackers) များ တပ်ဆင်ပေးပြီး လိင်ဆက်ဆံစေခဲ့တယ်။ အဲဒီ အာရုံခံပစ္စည်းက လိင်ဆက်ဆံချိန် တွင် လောင်ကျွမ်းသွားသော ကယ်လိုရီများကို တိုင်းတာပေးတဲ့ ကိရိယာဖြစ်ပါတယ်။ ပြီးတော့ အဲဒီစုံတွဲတွေကိုပဲ ပြေးစက် (Treadmill) ပေါ်မှာ မိနစ် ၃၀ ကြာ ပြေးစေပြီး ကုန်သွားတဲ့ ကယ်လိုရီ ကို တိုင်းတာခဲ့ကြတယ်။ သူတို့ရဲ့ လိင်ဆက်ဆံနေစဉ်လောင်ကျွမ်းတဲ့ ကယ်လိုရီနဲ့ ပြေးစက်ပေါ်မှာ ပြေး ရင်း လောင်ကျွမ်းတဲ့ ကယ်လိုရီတို့ ကို တိုင်းတာ နှိုင်းယှဉ်ကြည့်ခဲ့ကြပါ တယ်။
အဖြေကတော့ အမျိုးသားများက ပျမ်းမျှခြင်းအားဖြင့် လိင် ဆက်ဆံခြင်း တစ်ဆက်ရှင် (Section) လျှင် ကယ်လိုရီ ၁၀ဝ ပဲ ကုန်ဆုံး လောင်ကျွမ်းသွားတာ ကောက်ချက် ချနိုင်ခဲ့တယ်။
အမျိုးသမီးများကတော့ ၆၉ ကယ်လိုရီမျှသာ လောင်ကျွမ်းခဲ့ပါ တယ်။ (သူတို့က အဓိကလှုပ်ရှားရ သူတွေမှ မဟုတ်တာကိုး)
သုတေသီများက ခန့်မှန်း တွက်ချက်ခဲ့တာ အမျိုးသားများက လိင်ဆက်ဆံချိန်မှာ ပျမ်းမျှခြင်း အားဖြင့် တစ်မိနစ်လျှင် ၄.၂ ကယ်လိုရီနှုန်း လောင်ကျွမ်းပြီး၊ အမျိုးသမီးများက တစ်မိနစ်လျှင် ၃.၂ ကယ်လိုရီနှုန်း လောင်ကျွမ်း စေခဲ့တယ်တဲ့။
အားလုံး စုစုပေါင်းဆိုရင်တော့ အမျိုးသားများ ပြေးစက်ပေါ်မှာ ပြေးသောအခါ လောင်ကျွမ်းတဲ့ ကယ်လိုရီစုစုပေါင်း ၂၇၆ ထက် အများကြီး နည်းပြီး လောင်ကျွမ်း စေခဲ့တယ်လို့ ကောက်ချက်ချနိုင်ခဲ့ ပါတယ်။
နောက်ထပ် ထည့်သွင်းစဉ်း စားရမဲ့ အချက်တွေလည်း ရှိပါ သေးတယ်။ အဲဒါကတော့ ဒီ လေ့လာမှုဟာ ယောကျာ်းနဲ့ မိန်းမ စုံတွဲရဲ့ ပျမ်းမျှခြင်းအားဖြင့် လိင် ဆက်ဆံတဲ့အခါမှာ ကြာမြင့်ချိန် တစ်ခုအပေါ်မှာ အခြေခံပြီး တွက်ချက်ခဲ့ခြင်းဖြစ်တယ်။ အခြေ ခံထားတဲ့ ကြာမြင့်ချိန်ကတော့ လိင်ဆက်ဆံမှု တစ်ဆက်ရှင်လျှင် ၂၅ မိနစ်လို့ သတ်မှတ်တွက်ချက် ခဲ့တာဖြစ်တယ်။ ဒါဆိုရင် အချိန် ကြာကြာဆက်ဆံရင်ရော ]]ကယ်လို ရီတွေ ပိုပြီးမလောင်ကျွမ်းနိုင်ဘူး လား၊ }} ဆိုတဲ့ မေးခွန်းက ပေါ်လာ တယ်။ အဲဒီအတွက်ကတော့ ကိုယ့် လူကိုယ်တိုင် လက်တွေ့စမ်းသပ် ကြည့်ပြီး သုတေသီတွေသတ်မှတ် ထားတဲ့ တစ်မိနစ်ကြာတိုင်း ၄.၂ ကယ်လိုရီနှုန်းနဲ့ တွက်ကြည့်ပေ တော့။ မိနစ်တွေ ပိုကြာလေ၊ ကယ်လိုရီတွေ ပိုများလာ လေ ဖြစ်လိမ့်မယ်။
ဒါပေမဲ့ နေဦးဗျ။ လိင် ဆက်ဆံခြင်းဟာ ကယ် လိုရီလောင်ကျွမ်းစေ သော နည်းလမ်းအဖြစ် သုံးစွဲသင့်တယ်လို့ အကြံÓဏ် မပြု ခင် ၂၀၁၃ ခုနှစ်မှာပဲ ပေါ်ထွက် လာတဲ့ သုတေသနတစ်ခုရဲ့ ကောက်ချက်ချမှုကတော့ ဆန့်ကျင် ဘက်ဖြစ်နေပါတယ်။ အဲဒါက တော့ လိင်ဆက်ဆံခြင်းသည် ကာယလေ့ကျင့်ခန်း အများကြီးပြု လုပ်ခြင်း လုံးဝမဟုတ်ပါဆိုတဲ့ ကောက်ချက်ပါပဲ။
နယူးအင်္ဂလန်ဆေးပညာ ဂျာနယ်မှာ ဖော်ပြချက်အရ ကိုယ် အလေးချိန်ကျဆင်းစေခြင်းနဲ့ နှီးနွှယ်နေသော အယူအဆအမှား တွေကို ဖော်ပြခဲ့ရာမှာ လိင်ဆက်ဆံ ခြင်းသည် ဘယ်နေရာမှာပဲဖြစ်ဖြစ် ၁၀ဝ ကယ်လိုရီမှ ၃၀ဝ ကယ်လိုရီ ကြား ကုန်ဆုံးစေနိုင်သည်ဆိုတာ ဟာ မမှန်ကန်ကြောင်း ဖော်ပြထား ပါတယ်။ ဒီတစ်ခါမှာတော့ ၁၉၈၄ ခုနှစ်မှာ သုတေသနစာစောင် တစ်ခုတွင် ဖော်ပြထားချက်ကို ကိုးကားထားတယ်။ အဲဒီ သုတေသန မှာတော့ လင်မယားစုံတွဲတွေပဲ ဖြစ် ဖြစ်၊ အပျော်တွဲတဲ့သူတွေပဲ ဖြစ် ဖြစ် လိင်ဆက်ဆံချိန် ပျမ်းမျှ ကာလက ၆ နှစ်ပဲရှိတယ်ဆိုတဲ့ ကောက်ချက်ပါပဲ။ (သင်ကရော ဘယ်လောက်ကြာသလဲ၊ ၂၅ မိနစ် ကြာအောင် ဆွဲနိုင်သလား၊ ၆ နှစ် တည်းနဲ့ နိဂုံးချုပ်သွားသလား၊ ကိုယ့်ဘာသာကိုယ် အသိဆုံးဖြစ် မှာပေါ့နော်)။
ယခုဖော်ပြခဲ့တဲ့ ကိန်းဂဏန်း များအရဆိုရင် အသက် ၃၀ တန်း အရွယ်ရှိတဲ့ ကိုယ်အလေးချိန်က လည်း ၁၅၄ ပေါင်လောက်ရှိတဲ့ အမျိုးသားတစ်ဦးက ပုံမှန် ဆောင် ရွက်နေကျ လိင်ဆက်ဆံမှု တစ်ဆက်ရှင်မှာ ကယ်လိုရီ ၂၁ မျှသာ လောင်ကျွမ်းစေခဲ့တယ်လို့ အဓိပ္ပာယ်ထွက်နေပါတယ်။
တကယ်လို့ ကိုယ့်လူက ကိုယ် အလေးချိန်ချဖို့ကြိုးစားနေပြီး အားကစားခန်းမ မသွားဘဲ၊ လိင် ဆက်ဆံတဲ့ ကိစ္စကို ပို၍ပြုလုပ်ခြင်း ဖြင့် ကိုယ်အလေးချိန်ချချင်တယ် ဆိုရင်တော့ ကိုယ့်လူအနေနဲ့ သမား ရိုးကျ ပုံမှန်ပြုလုပ်လေ့ရှိတဲ့ ကာယ လေ့ကျင့်ခန်းမျိုးကိုသာ စဉ်းစားရ ပါမယ်။ ဒါပေမဲ့ ဒီလိုဆိုလိုခြင်း အားဖြင့် လိင်ဆက်ဆံခြင်းသည် တကယ့်ကျန်းမာရေးအကျိုးကျေးဇူး တွေမရှိဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါ။
သင့်ရဲ့ စိတ်ခံစားမှုတွေ ပိုမို တိုးတက်ကောင်းမွန်လာစေတဲ့အပြင် သင့်ရဲ့ ခုခံအားစနစ်ကိုလည်း အားပေးမြှင့်တင်ပေးနိုင်ပါတယ်။ တစ်ပတ်လျှင် အနည်းဆုံး လိင် ဆက်ဆံမှုတစ်ကြိမ်ပြုလုပ်သူတိုင်းမှာ Immunoglobulin A လို့ခေါ်တဲ့ ခုခံပစ္စည်းတွေ တက်လာကြောင်း တွေ့ရှိထားပြီးဖြစ်ပါတယ်။ ကိုယ့် လူမှာ အဲဒီလောက် ခုခံ ပစ္စည်း မရှိသူတွေထက်ပိုပြီး ရောဂါဘယ တွေကို ခုခံကာကွယ်နိုင်စွမ်းရှိ တယ်လို့လည်း တွေ့ထားရပါတယ်။
ကျန်းမာရေးနှင့် ညီညွတ် သော လိင်ဆက်ဆံမှုရှိသည့် ဘဝ တွင် အမျိုးသားများ၌ ကင်ဆာဖြစ် စေနိုင်သည့် အခွင့်အလမ်း လျော့ ကျစေနိုင်ပါတယ်။ ဗြိတိန်နိုင်ငံတွင် လေ့လာချက်တစ်ခုအရ တစ်လ လျှင် သုက်ရည် ၂၁ ကြိမ် ထွက် အောင် ပြုလုပ်ခဲ့သူတိုင်း (လိင် ဆက်ဆံခြင်းဖြစ်စေ၊ ကိုယ့်ဘာသာ ကိုယ် လက်ဖြင့် ဖြေဖျောက်ရင်း ဖြစ်စေ) ၌ ထိုကဲ့သို့ မရှိခဲ့သော အမျိုးသားများနှင့် နှိုင်းယှဉ်လျှင် ဆီးကျိတ်ကင်ဆာဖြစ်ပွားနှုန်း ပို၍ နည်းကြောင်း တွေ့ရှိခဲ့ရပါတယ်။ စာရင်းဇယားများအရ တစ်လလျှင် သုက်ရည်ထွက်သည့် အချိန် ၄ ကြိမ်မှ ၇ ကြိမ်ထိ ရှိခဲ့သူတွေ ထက်ပိုပြီး ဆီးကျိတ်ကင်ဆာဖြစ် နိုင်ခြေ နည်းပါတယ်။
ဒီဆောင်းပါးရဲ့ ဆိုလိုရင်း အချုပ်က ကိုယ့်လူဟာ ကိုယ်အ လေးချိန်ကျဖို့ကြိုးစားနေတာဆိုရင် တော့ လိင်ဆက်ဆံတဲ့အကြိမ် ဆက်ရှင်တွေများတိုင်း အကျိုးမရှိ ဘူးဆိုတာနဲ့ ဒါပေမဲ့ အခြားအကျိုး ကျေးဇူးတွေရှိလို့ လိင်ဆက်ဆံမှုကို ရပ်မပစ်လိုက်ဖို့ ဖြစ်ပါတယ်။

ဒေါက်တာဇီဝတင်

 

No comments